လက်တွေ့ဘဝမှာတကယ်ကားမောင်နေသလိုခံစားမှုမျိုးပေးမယ့် Car Driving Academy 2017 3D!

Car Driving Academy ဆိုတဲ့အတိုင်း ကားမောင်းတဲ့ အနေအထား၊ ပုံစံအမျိုးမျိုးကို သင်ကြားပေးမဲ့ဂိမ်းလေးဖြစ်ပါတယ်။ အကယ်၍မိတ်ဆွေက ကား မမောင်းတတ်ရင်တောင် မောင်းရတဲ့ ပုံစံတွေ၊ အနေအထားတွေသိသွားမှာတော့ အမှန်ပါပဲ။ ဒါ့အပြင် Parking ထိုးရတာတွေလည်းပါဝင်တာကြောင့် ဒီဂိမ်းဆော့ပြီးရင် မိတ်ဆွေရဲ့ Parking ထိုးတဲ့ Skill တွေတက်လာမှာလည်းဖြစ်ပါတယ်။

ခါးပတ် ပတ်ရတာတွေ၊ ဟွန်းတီးရတာ စတာတွေပါပြုလုပ်နိုင်တာကြောင့် လက်တွေ့ဆန်ဆန် မောင်းနိုင်မှာလည်းဖြစ်ပါတယ်။ ဂိမ်းထဲမှာမောင်းတာဆိုပေမဲ့ ကားတိုက်အောင်မောင်းလို့မရပါဘူး။ တစ်ချက် နှစ်ချက်မှားပြီးတိုက်တာက အရမ်းကြီးကိစ္စမရှိပေမဲ့ အချက်ရေများလာရင်တော့ Game Over သွားမှာဖြစ်ပါတယ်။

In-game System အကြောင်းလေးဖော်ပြပါရစေ။ Academy Mode, Night Driving, Challenges နဲ့ Free Drive စတဲ့ Option တွေကိုဦးစွာတွေ့ရမှာပါ။

 

 

– Academy Mode မှာ မိတ်ဆွေမောင်းရမဲ့ Level ကတော့ ၄၅ခုကျော်ရှိပါတယ်။ အဲ့ဒီ Level ၄၅ ခုမှာမတူညီတဲ့ Road Sign များစွာကိုတွေ့ရမှာဖြစ်ပါတယ်။

– Night Driving Mode မှာတော့ Level ၂၅ ခုပါဝင်မှာဖြစ်ပါတယ်။ Night Driving ဆိုတဲ့အတိုင်းညဘက်မှာမောင်းနှင်ရမှာဖြစ်ပါတယ်။ အဲ့တော့ မိတ်ဆွေက ည ဘက်မှာကားမောင်းရတဲ့ ခံစားမှုမျိုးကိုခံစားနိုင်မှာဖြစ်ပါတယ်။

– Challenge Mode ကလည်း Night Driving လိုမျိုး Level ၂၅ ခုပါဝင်မှာဖြစ်ပါတယ်။ Academy Mode မှာမိတ်ဆွေမောင်းခဲ့ တဲ့ပုံစံတွေကိုပြန်လည်စစ်ဆေးမဲ့နေရာလည်းဖြစ်ပါတယ်။

– Free Drive မှာတော့ မိတ်ဆွေစိတ်ကြိုက်လွတ်လွတ်လပ်လပ်မောင်းနိုင်မှာဖြစ်ပါတယ်။ Coin ရှာလို့အကောင်းဆုံးနေရာလည်းဖြစ်ပါတယ်။

ကျွန်တော်ပြောခဲ့တဲ့ Option တွေကစစချင်းမှာ အကုန်တော့ Unlock ဖြစ်နေမှာမဟုတ်ပါဘူး။ ဂိမ်းစစချင်းမှာ မိတ်ဆွေဆော့နိုင်တာက Academy Mode တစ်ခုပဲဖြစ်ပါတယ်။ ကျန်တဲ့ Option တွေကို Unlock လုပ်မှသာဆော့နိုင်မှာဖြစ်ပါတယ်။ In-game Coin နဲ့ပဲ Unlock လုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်မတူညီတဲ့ ကားအမျိုးအစား ၃၅ မျိုးပါဝင်တာကိုလည်းတွေ့ရမှာပါ။ ကားအရောင်တွေကိုလည်း မိတ်ဆွေစိတ်ကြိုက် ပြောင်းနိုင်မှာဖြစ်ပါတယ်။

ကားမောင်းတဲ့ အခါမှာ မိတ်ဆွေအနေနဲ့ စည်းကမ်းရှိဖို့ လိုအပ်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စည်းကမ်းမရှိပဲမောင်းရင် မိတ်ဆွေရဲ့ Coin တွေနုတ်သွားမှာဖြစ်ပြီး စည်းကမ်းနဲ့မောင်းရင်လည်း မိတ်ဆွေကို Coin တွေတိုးပေးမှာဖြစ်လို့ပါ။ ဥပမာ ပြောရရင် ကားစစထွက်ချင်းမှာ မိတ်ဆွေ ကားခါးပတ်မပတ်မိရင် Coin ၁၀ နုတ်သွားမှာဖြစ်ပြီး ခါးပတ် ပတ်ရင်တော့ Coin ၁၀ ပေါင်းသွားပေးမှာဖြစ်ပါတယ်။ အဲ့လို စည်းကမ်းလေးတွေကိုတွေ့ Academy Mode မှာသေချာ သင်သွားပေးမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး လက်တွေ့ဆန်ဆန် ဆော့နိုင်မဲ့ ကားမောင်း ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.games2win.drivingacademy

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password