News

Capcom က Puzzle Fighter ဂိမ်းကို ပိတ်ပစ်တော့မှာတဲ့နော်

Puzzle Fighter စီးရီးကို mobile ဂိမ်းအဖြစ် ပြန်လည်အသက်သွင်းထားတဲ့ Capcom ရဲ့ အားထုတ်မှုကတော့ မအောင်မြင်တော့ဘူးလို့ ဆိုရတော့မှာပါ။ လာမယ့် ဇွန်လိုင်လ ၃၁ ရက်နေ့မှာ Puzzle Fighter ဂိမ်းကို Android ရော iOS ရော အတွက် ထာဝရ ပိတ်ပစ်တော့မှာဖြစ်တယ်လို့ ကုမ္ပဏီဘက်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်ကမှ ထွက်ရှိခဲ့တာကြောင့် ဂိမ်းရဲ့ သက်တမ်းက အကြမ်းဖျင်း အားဖြင့် ဆိုရရင် ၅လကျော်ကျော် လောက်ပဲရှိပါသေးတယ်။ Capcom ရဲ့ ပြောကြားချက်အရ ဂိမ်းကို ဇွန်လိုင် ၁ ရက်နေ့မှာ App Stores ကနေ ဖယ်ရှားပစ်မှာဖြစ်ပြီး servers တွေကိုတော့ ဇွန်လိုင် လကုန်မှာ ရာသက်ပန် ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။ ဧပြီ ၂၃ ရက် ဒီနေ့မှာ app purchases တွေကို အဆုံးသတ်မှာဖြစ်ပါတယ်။

လက်ကျန် Players တွေအတွက် gem ၁၀,၀၀၀ နဲ့ နာမည်ကြီး ဇာတ်ကောင်တွေ ဖြစ်ကြတဲ့ Dino Crisis က Regina, Mega Man က Wily နဲ့ Resident Evil က Ada Wong တို့ကို free ရရှိမှာဖြစ်ပါတယ်။ Soundcloud က Puzzle Fighter ရဲ့ soundtrack ကိုလည်း ကုမ္ပဏီမှ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

Puzzle Fighter ရဲ့ developer Capcom Vancouver ရဲ့ ပြောကြားချက်အရ နောက်လာမယ့် Dead Rising franchise အတွက် ပိုပြီး အာရုံစိုက်ချင်တာကြောင့် Puzzle Fighter ကို ရုပ်သိမ်းရတာလို့ သိရပါတယ်။ Players တွေကို Puzzle Fighter ရဲ့ ကျန်ရှိတဲ့ အချိန်ကာလမှာ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေ ဖန်တီးဖို့နဲ့ သူတို့ ဂိမ်းကို ကစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါကြောင်းကိုလည်း Blog မှာ ရေးသားထားပါတယ်။

Dead Rising ဂိမ်းအသစ် ကို Capcom ကတရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် PS4 အတွက် Dead Rising4 ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အခုသတင်းက Puzzle Figher ရဲ့ fans တွေအတွက်တော့ ဝမ်းနည်းစရာကောင်းတဲ့ အကြောင်းအရာတစ်ခုပါ။ Capcom ရဲ့ ပျက်သားတဲ့ ဆုံးဖြတ်ချက်တွေကလည်း တကယ့်ကို အံ့သြစရာပါပဲ။ Playon ပရိတ်တွေ ထဲမှာရော Puzzle Fighter ရဲ့ ဖန်တွေရှိကြလား…ရှိရင် သူ့ရဲ့ လက်ကျန်အချိန်လေးမှာကောင်းကောင်း အချိန်ကုန်ပေးကြပါနော်..

 

Source 1, 2 Via

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password