News

၅နှစ်ပြည့်မွေးနေ့ကို Booster အသစ်နဲ့ကြိုဆိုလိုက်တဲ့ Candy Crush

Mobile ဂိမ်းလောကရဲ့ အအောင်မြင်ဆုံးဂိမ်းတစ်ခုလို့ဆိုရမယ့် Candy Crush ဟာ သူ့ရဲ့ ၅ နှစ်ပြည့်မွေးနေ့ကိုတောင် ရောက်ရှိလာပြီဖြစ်ပါတယ်။ ကလေးလူကြီး အရွယ်မရွေး နှစ်နှစ်ခြိုက်ခြိုက်ဆော့ကစားကြတဲ့ Candy Crush ဟာ Appstore ရဲ့ အမြတ်အရဆုံးဂိမ်းစာရင်းမှာ အစဉ်အမြဲလိုလိုပါဝင်နေပြီး လက်ရှိအချိန်မှာဆိုရင် Download အရေအတွက် 3 Billion ခန့်ရှိနေပြီဖြစ်ပါတယ်။ Candy Crush ရဲ့ Developer တွေက ဂိမ်းနဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကို ထပ်မံပြောပြသွားခဲ့ပါတယ်။ လက်ရှိအချိန်အထိဆိုရင် ဂိမ်းပွဲပေါင်း 1 Trillion ကျော်ဆော့ကစားခဲ့ကြပြီးဖြစ်ပြီး နေ့စဉ် ဖုန်းပေါ်မှာ Swipe လုပ်ကြတာဟာဆိုရင် ကမ္ဘာကြီးလုံးပတ်ရဲ့ ၃ ဆခန့်ရှိပြီး မိုင်ပေါင်း ၇၂,၀၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်အထိ အမြင့်ဆုံး High Score ကတော့ ၁,၉၉၉,၂၅၉,၇၂၉ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဂဏန်းတွေမြင်ရတာ ရုတ်တရက်ဆိုယုံရခက်ခက်ပါပဲ။ ဒါပေမယ့်လည်း Candy Crush ရဲ့အောင်မြင်မှုကိုပြန်ကြည့်လိုက်ရင် ဒါတွေကဖြစ်နိုင်ပါလားလို့ တွေးမိစေပါတယ်။

သူ့ရဲ့ ၅ နှစ်ပြည့်မွေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ အရမ်းအစွမ်းထက်တဲ့ Booster အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ Party Booster လို့အမည်ရတဲ့ ဒီပစ္စည်းဟာ အသုံးပြုလိုက်တာနဲ့ Board ပေါ်က Candy အားလုံးကိုဖျောက်ပစ်ပြီး Blocker တွေကို တစ်ကြိမ်ချပေးမှာဖြစ်ပါတယ်။ ပြီးတော့ Striped Candy၊ Wrapped Candy၊ Colorbomb နဲ့ Fish တို့တွေပေါ်လာမှာဖြစ်ပါတယ်။ Party Booster ကို Level ၂၉ နဲ့အထက် ကစားသူတွေက ၂ ခုစီအခမဲ့ရရှိကြမှာဖြစ်ပါတယ်။ ကဲ.. Candy Crush ရဲ့ မွေးနေ့ကို Party Booster လေးသုံးပြီးကြိုဆိုလိုက်ရအောင်ပါ။

Ref: Toucharcade

Tags:

1 Comment
  1. fairy November 20, 2017 at 6:32 am

    အရမ်းကြိုက်ပြီးအဲဗားဆော့ဖြစ်တဲ့ ဂိမ်းလေးပါ. လယ်ဗယ် ၂၅၀၀ ကျော်နေပါပြီ ဟိဟိ

Leave a reply

Register New Account
Reset Password