
Fortnite ရဲ့ Mobile Platform ပေါ်မှာအောင်မြင်မှုက ကျန်တဲ့ Developer တွေကို လှုပ်နှိုးလိုက်သလိုပါပဲ။ သွားရေကျမယ်ဆိုလည်း ကျချင်စရာပါ၊ Fortntie ဟာ မတ်လ ၁ လတည်းမှာ Platform အကုန်လုံးကနေ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂၂၃ သန်းရရှိခဲ့ပါတယ်။ Free-to-Play ဂိမ်းတစ်ခုက တစ်လပိုက်ဆံဒီလောက်ရှာပေးနိုင်တယ်ဆိုတာ Game Dev အားလုံးရဲ့ Wet Dream ပါပဲ။
အခု ဒီ Mobile Hype Train ပေါ်ကို ရောက်လာတဲ့ နောက်တိုးခရီးသည်ကတော့ ‘Call of Duty’ Series ပဲဖြစ်ပါတယ်။ ဒီ Project ကို မနှစ်က ဒီအချိန်လောက်ကတည်း ကြေညာထားခဲ့တာဖြစ်ပေမယ့် အခုမှ သတင်းအစအနပြန်ထွက်လာတာဖြစ်ပါတယ်။ ဒီ CoD Mobile ကို ဖန်တီးနေသူကတော့ Candy Crush ဂိမ်းတွေနဲ့ နာမည်ကြီးတဲ့ King Digital ပါ။ King ဟာ သူ့ရဲ့မိခင်ကုမ္ပဏီလည်းဖြစ်၊ CoD series ရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ Activision Blizzard နဲ့လက်တွဲပြီး ယခုဂိမ်းကို ဖန်တီးနေတယ်လို့ ဆိုထားပါတယ်။
ဒီ Project အကြောင်းကို King Digital ရဲ့ Level Designer နေရာအတွက် အလုပ်ခေါ်စာတစ်ခုကနေပြီး သိရှိခဲ့ရတာဖြစ်ပြီးတော့ အဲဒီ အလုပ်ခေါ်စာထဲမှာ သူတို့အနေနဲ့ Call of Duty ရဲ့ အနှစ်အရသာကို Mobile ပေါ်ကို သယ်ဆောင်လာပေးဖို့ ကြိုးစားနေပြီး Mobile ပေါ်က Shooter Genre ရဲ့ စံတစ်ခုဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ဆိုထားပါတယ်။
The aim is to create a Call of Duty experience on mobile, while also breaking new ground for mobile and redefining the genre. The approach and ambition is to be fresh, social, and highly accessible, while providing a very authentic game experience. King
Fortnite နဲ့ PUBG Mobile တို့ကို သာဓကယူမယ်ဆိုရင် PC/Console Game Title တွေကို Mobile Platform မှာ အလုပ်ဖြစ်အောင် လုပ်လို့ရတယ်ဆိုတာ မြင်နိုင်ပါတယ်။ အဲဒီတော့ CoD Mobile က Next Big Thing ဖြစ်လာမဖြစ်လာကတော့ King နဲ့ Activision Blizzard တို့အပေါ်မှာပဲ လုံးလုံးမူတည်နေတယ်လို့ ဆိုနိုင်ပါတယ်။
Ref: Gamespot