News

Pre register လုပ်ထားနိုင်ပြီ ဖြစ်တဲ့ One Piece: Bounty Rush

Bandoi Namco ဂိမ်းထုတ်လုပ်ရေး အနေနဲ့ သူတို့ရဲ့ One Piece: Bounty Rush အမည်ရတယ့် ဂိမ်းတစ်ခုကို mobile platform ပေါ်ကို ယူဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီထွက်ရှိလာတဲ့ ဂိမ်းဟာ action RPG ဂိမ်းအမျိုးအစားပုံစံတွေထဲက တစ်ခုအပါအဝင်လို့ဆိုရမှာဘဲဖြစ်ပါတယ်။

      ဒီတစ်ခါမှာတော့ မိတ်ဆွေများအနေနဲ့ multiplayer ဆော့ကစားရမှာ ဖြစ်ပြီး team-based ကို အခြေခံထားတဲ့ တိုက်ပွဲများမှာ ပါဝင်ရမှာဖြစ်ပါတယ်။ အခြား မိမိသူငယ်ချင်းများနဲ့ ချိတ်ဆက်ပြီး 4v4 battles များကို ဆင်နွဲဖို့တော့ ရှိလို့နေပါတယ်။ ပါဝင်တဲ့ character များဟာလည်း တစ်ယောက်နဲ့ တစ်ယောက် ပိုင်ဆိုင်တဲ့ abilities များဟာလည်း တူညီမှုရှိမှာ မဟုတ်ပါဘူး။ Team-based နည်းဗျူဟာများနဲ့ battle များကို တွေ့ရမယ့် ဂိမ်းကောင်းတစ်ခုလို့ ဆိုရမှာဘဲ ဖြစ်ပါတယ်။

Fighter အနေနဲ့ကတော့ demage dealer လို့ဆိုရမှာဖြစ်ပါတယ်။ မိမိတို့အသင်းရဲ့ fighter ကိုကူညီပေးဖို့ကတော့ supporter အနေနဲ့ တာဝန်ရှိနေတာ ဖြစ်ပြီး အခြား character နှစ်ခုအနေနဲ့ကတော့ battles များမှာ တိုက်ခိုက်ဖို့အတွက် Ranged နဲ့ Swordsman အနေနဲ့ပါဝင်ရင်း ရင်ဆိုင်ရမှာဘဲ ဖြစ်ပါတယ်။ Action RPG ဂိမ်းအမျိုးအစားကို team-based ပုံစံနဲ့ မြင်တွေ့ရမယ့် One Piece: Bounty Rush အမည်ရတဲ့ ဂိမ်းကတော့ စိတ်ဝင်စားမှုကို ပေးလို့နေပါတယ်။

RPG ဂိမ်းနဲ့အတူ anime ပုံစံမျိုးကို သဘာကျသူအဖို့တော့ သဘာကျနှစ်သက်ဖွယ် ဖြစ်စေမှာပါ။ အခုဖော်ပြတဲ့ ဂိမ်းကတော့ လောလောဆယ်အနေနဲ့ Google Play ပေါ်မှာ pre register လုပ်ထားနိုင်ပြီ ဖြစ်သလို ထို့ထက်သာမက ဂိမ်း official page မှာလည်း pre register လုပ်ထားရင်း ထွက်ရှိလာတဲ့ အချိန်ကို စောင့်မျှော်ရင်း Playon နဲ့အတူ အတူတကွ ရှိနေဖို့ တိုက်တွန်းရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတစ်ခုကို မိတ်ဆွေများ အတွက် အသိပေး လိုက်ရပါတယ် ခင်ဗျာ. . . . . . . . . . . . . ။

Resources :facebook page
official page

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: