News

Pre-register လုပ်ထားနိုင်ပြီ ဖြစ်တဲ့ Street Fighter IV: Champion Edition

IOS အနေနဲ့ မနှစ်က ထွက်ရှိထားတဲ့ Street Fighter IV: Champion Edition ဂိမ်းကတော့ အခုတစ်ခါမှာ Android ပေါ်နေရာယူဖို့အတွက် ရှိနေပါပြီ။ Capcom ဂိမ်းထုတ်လုပ်ရေး ရဲ့ Fighting ဂိမ်းအမျိုးအစားတစ်ခုအနေနဲ့ ရောက်ရှိလာမယ့် ဂိမ်းကိုတော့ Pre-register ပြုလုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

Console စနစ်ကို အခြေခံ ပြုလုပ်ထားပြီး mobile platform ပေါ်ရောက်ရှိလာတဲ့ ဒီဂိမ်းမှာတော့ graphics ကလည်း ပိုမိုကောင်းမွန်လာမှာကို တွေ့ရမှာ ဖြစ်ပါတယ်။ Single player mode နဲ့ multiple player mode များလည်း ပါဝင်မှာ ဖြစ်ပြီးတော့ characters များအနေနဲ့လည်း console တုန်းက street fighters များပါဝင်လာမှာ ဖြစ်လို့ အားလုံး အကြိုက်တွေ့မယ့် ဂိမ်းလေးပါ။

မနှစ်က ထွက်ရှိခဲ့တဲ့ App Store မှာ ဂိမ်းကိုတော့ USD $1.99 နှုန်းနဲ့ ရယူနိုင်ပြီး အခုရောက်ရှိလာမယ့် Android အနေနဲ့ကတော့ ဂိမ်း official website မှာ Pre-register လုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ တိုက်ရခိုက်ရမယ့် ဂိမ်းတွေကို နှစ်သက်တဲ့ Playon မိတ်ဆွေများအနေနဲ့လည်း ရယူနိုင်ပြီ ဖြစ်ပါတယ်။ Android မှာကတော့ Free to Play အနေနဲ့ ရယူနိုင်မှာလား ဆိုတာကတော့ ရင်ခုန်စွာနဲ့ စောင့်မျှော်ရင်း မကြာမှီ အချိန်အတွင်းမှာ ရောက်ရှိလာမယ်လို့ သိရှိရပါတယ်။

Pre-register site

App Store

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: