Puzzle ဂိမ်းချစ်သူတွေအတွက် မကြာမီလာတော့မယ့် Campfire Cooking

App Store ပေါ်က ပုံမှန် Puzzle ဂိမ်းတွေကနေ အပြောင်းအလဲလေး ဖြစ်ချင်သူတွေအတွက် Campfire Cooking ဆိုတဲ့ Puzzle ဂိမ်းလေးက လာမယ့် အောက်တိုဘာလထဲမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့နာမည်အတိုင်းပဲ ဒီဂိမ်းက မီးပုံပေါ်မှာဟင်းချက်ပြီး ကစားရမယ့်ဂိမ်းမျိုး ဖြစ်ပါတယ်။

Campfire Cooking ဟာ နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Fruit Ninja နဲ့ Jetpack Joyride project တွေမှာ ပါဝင်ရေးဆွဲခဲ့တဲ့ Developer တစ်ဦးဖြစ်တဲ့ Layton Hawkes ရဲ့ နောက်ဆုံးထွက်မယ့်ဂိမ်း ဖြစ်ပါတယ်။ သူ့ရဲ့ Solo Developer အနေနဲ့ ရေးဆွဲခဲ့တဲ့ Puzzlepops! ဟာဆိုရင်လည်း Puzzle ဂိမ်း ပရိသတ်တွေကြားမှာ တော်တော်အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် Layton Hawkes အကြောင်းသိတဲ့သူတွေကတော့ ယခုဂိမ်းကို တော်တော်မျှော်လင့်ထားကြပါတယ်။

Campfire Cooking ဟာ Cooking Simulator နဲ့ Puzzle ဂိမ်း ၂ မျိုးကို ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကစားသူက တောတောင်ထဲ Camping ထွက်တဲ့ မိသားစုနေရာကနေ ကစားရမှာပါ။ မီးပုံပေါ်မှာ အသားတွေကင်၊ Marshmallow တွေကင်၊ Stew တွေချက်ပြုတ်ရင်း Campsite မှာရှိတဲ့လူတွေရဲ့ ဇာတ်လမ်းတွေကို နားထောင်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ချက်ပြုတ်လို့ရမယ့်ဟင်းလျာပေါင်း ၁၀၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။

Campfire Cooking ကို iOS နဲ့ Windows PC တို့မှာ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ အသွင်အသစ်အဆန်းနဲ့ ဂိမ်းတစ်ခု ဖြစ်တာမို့ Puzzle ဂိမ်းချစ်သူတွေ မိမိတို့ရဲ့ စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းထားသင့်ပါတယ်။ ဂိမ်းထွက်ရှိတဲ့အချိန်ကျရင်လည်း ဒီကနေတစ်ဆင့် ထပ်မံအသိပေးသွားဦးမှာ ဖြစ်ပါတယ်။

 .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password