အောက်တိုဘာ ၁၉ ရက်နေ့ထွက်ရှိလာမယ့် Puzzle ဂိမ်း Campfire Cooking

ပြီးခဲ့တဲ့လ က Campfire Cooking ဆိုတဲ့ စိတ်ဝင်စားစရာ Puzzle ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနေ့တော့ Developer Layton Hawkes က သူ့ရဲ့ဂိမ်းထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


Cooking Simulator နဲ့ Puzzle ဂိမ်း ၂ မျိုးပေါင်းစပ်ထားတဲ့ Campfire Cooking မှာ ကစားသူတွေဟာ မီးပုံပေါ်မှာ စားစရာတွေပြင်ဆင်ရင်း Puzzle အမျိုးပေါင်း ၁၀၀ ကျော်ကို ဖြေရှင်းဆော့ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်နဲ့အတူ Camp Site မှာရှိနေတဲ့သူတွေနဲ့ စကားစမြည်းပြောပြီး သူတို့ရဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွေကို နားထောင်လို့ရဦးမှာပါ။

ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ Puzzle ဂိမ်းလေးကို iOS မှာ $3.99 ၊ PC မှာ $5.99 တို့နဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး ဝယ်ယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password