ArticleNews

Android ဘက်ကို Soft launch အနေနဲ့ခြေလှမ်းစတင်လာပြီဖြစ်တဲ့ Call of Duty Mobile

Call of Duty Mobile ဟာတော့ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ပုံရိပ်ပေါက်ကြားမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ Region တစ်ခုမှာစတင်ထုတ်လုပ်ပြီး Android ဘက်ကို ခြေလှမ်းစတင်လာခဲ့ပြီဖြစ်ပါတယ်။ ဂိမ်းနာမည်ကတော့ Call of Duty: Legends of War ပါ။ သူ့ကို Activision နဲ့ တရုတ်ကြီး Tencent တို့ကပူးပေါင်းဖန်တီးထားတာဖြစ်ပြီး လက်ရှိတော့ သြစတေးလျ region တစ်ခုတည်းမှာပဲကစားနိုင်သေးတာဖြစ်ပါတယ်။

In-game system နဲ့ဒီဇိုင်းအနေအထားက ပုံရိပ်ပေါက်ကြားမှုအတိုင်းပဲထွက်ရှိလာပါတယ်။ Epic ဖြစ်တဲ့ PUBG ရဲ့ဖန်တီးရှင် Tencent လည်းဖန်တီးမှုမှာပါဝင်နေတာကြောင့် ဒီဇိုင်းအနေအထားက တော်တော်လေးကိုခံစားလို့အဆင်ပြေပါတယ်။

Zombie Mode gameplay!

Graphics ပိုင်းကလည်းမဆိုးလှတဲ့အနေအထားဖြစ်တဲ့အတွက် First-person shooter ဂိမ်းမျိုးကြိုက်နှစ်သက်ပြီး Call of Duty ကိုတခြား Platform တွေမှာဆော့ကစားလေ့ရှိတဲ့ Player တွေဆိုရင်တော့ ဒီ mobile version အတွက် hype နေမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။ ?).. ဖော်ပြသူကတော့ First-person view ဂိမ်းမျိုးတွေကို ဆော့လေ့မရှိတာကြောင့် သိပ်တော့ခံစားလို့မရပါဘူး။ ?)

5 Vs 5 Multiplayer mode ကို ကစားနိုင်သလို၊ ဖုတ်ကောင်တွေကြားက လူကယ်ရတဲ့ Mission လုပ်ဆောင်ဆော့ကစားရမယ့် Zombie mode ကိုလည်းကစားနိုင်မှာဖြစ်ပါတယ်။ ဂိမ်းအတွက် Device ကဘယ်လောက် Specs ရှိနေမှအဆင်ပြေမလဲဆိုတာမသိရသေးပေမယ့် In-game အပိုင်းကိုကြည့်ရသလောက် Resolution အဆုံးထိနဲ့ဆော့မယ်ဆိုရင် Upper mid-range လောက်ရှိတဲ့ ဖုန်းလောက်မှအဆင်ပြေမယ်နဲ့တူပါတယ်။ လက်ရှိမှာတော့ Android version အတွက် သြစတေးလျ region မှာပဲထွက်ရှိသေးတဲ့အတွက် Playstore က Download ဆွဲမယ်ဆိုရင်တော့ VPN app အသုံးပြုဖို့လိုအပ်ပါလိမ့်မယ်။

Note: Australia region ကို VPN ကျော်ပြီးရင် App setting ကနေ Playstore app ကို Clear data, Clear catche ပြုလုပ်ပေးပြီး App background ကို clear လုပ်ထားပေးပါ။

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password