News

ပေါက်ကြားမှုဖြစ်ပေါ်လာတဲ့ Call of Duty Mobile game ပုံရိပ်နဲ့ gameplay ဗီဒီယိုဖိုင်

Activision နဲ့ Tencent တို့ဖန်တီးထားတဲ့ “Call of Duty” Mobile ဂိမ်းရဲ့ Screenshoot ပုံရိပ်တွေနဲ့ Gameplay ဗီဒီယိုဖိုင်ကတော့ Twitter ပေါ်မှာပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကပဲ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ မကြာခင်ထွက်ရှိလာမယ့် Call of Duty Mobile ဂိမ်းဟာ Honor Kings (Arena of Valor), PUBG mobile တို့လိုအမိုက်စားဂိမ်းတွေဖန်တီးမှုမှာ ပါဝင်ခဲ့ဖူးတဲ့ TIMI studio နဲ့လက်တွဲပြီးဖန်တီးထားတာဖြစ်တယ်လို့လဲ ပေါက်ကြားလာတဲ့ပို့စ်အရသိရပါတယ်။

“မှတ်ချက် – ပေါက်ကြားလာတဲ့ source page တွေဖြစ်တဲ့ TencentGames_FanPage နဲ့ Call of Duty Mobile တို့ဟာ Activision, Tencent, TIMI studio တို့နဲ့တစ်ခုမှဆက်စပ်မှုမရှိတဲ့ Community page သက်သက်သာဖြစ်ပါတယ်။”

ထွက်ရှိလာတဲ့ Screenshot တွေအရ graphics အပိုင်းကိုလေ့လာကြည့်ရင် Call of Duty Mobile ဟာတခြား PC, Console platform တွေမှာထွက်ရှိထားတဲ့ သူ့ရဲ့ Franchise ဂိမ်းတွေနဲ့ အရမ်းကြီးယှဉ်လို့အဆင်မပြေနိုင်ပေမယ့် Mobile အတွက် Stanalone အမြင်နဲ့ကြည့်ရင်တော့ တော်တော်လေးသေသပ်တဲ့ First-person shooter ဂိမ်းတစ်ခုလို့ဆိုနိုင်ပါတယ်။

Activision နဲ့ Tencent တို့ဟာ Call of Duty mobile ဂိမ်းအတွက် စတင်ကြေညာတဲ့ သြဂုတ်လတုန်းက Call of Duty mobile version မှာ ကစားသူတွေကြိုက်နှစ်သက်တဲ့ Characters တွေ၊ Maps တွေ နဲ့ Modes တွေအားလုံးကို ပြန်လည်ထည့်သွင်းပေးထားမယ်လို့ ကတိပေးထားခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ဟာတွေတော့မပြောတတ်သေးဘူး၊ Screenshoot ပုံရိပ်တွေအရ Maps မှာဆိုရင် သူ့ရဲ့ Franchise ဂိမ်းတွေမှာပါဝင်ခဲ့တဲ့ Hijacked နဲ့ Nuketown တို့ကိုတွေ့မြင်နေရတာမို့ ပေးထားတဲ့ ကတိကတော့ တည်နေပြီလို့ ဆိုရမှာပါ။

Call Of Duty mobile ဂိမ်းထွက်ရှိမယ့်ရက်၊ Free to play ဟုတ်မဟုတ် အစရှိတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ သတင်းထွက်ရှိမှုတွေမရှိသေးပါဘူး။ ဒါပေမယ့် ဂိမ်းကိုတော့ တရုတ် reigion မှာစတင်ဖြန့်ချီမယ်ဆိုတဲ့အချက်ကိုတော့သိရပါတယ်။ ဒီကြားထဲ Call Of Duty mobile နဲ့ပတ်သက်တဲ့သတင်းထူးတွေရှိနေရင်လည်း ဖော်ပြပေးသွားဉီးမှာဖြစ်တာကြောင့် ဆက်လက်စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။ Mobile version မလာခင် လက်ရှိ Call of Duty fan တွေဉီးဆုံးရင်ခုန်ရမှာကတော့ အောက်တိုဘာလ ၁၂ ရက်နေ့မှာထွက်ရှိမယ့် Call of Duty: Black Ops 4 ပဲဖြစ်ပါတယ်နော်။

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: