News

Gamer တွေရဲ့စိတ်ဝင်စားမှုကိုအဆုံးထိဆွဲတင်နေတဲ့ Call of Duty: Black Ops 4

Legend ကြီးဖြစ်တဲ့ Call of Duty ကတော့ ဂိမ်းလောကမှာမသိသူမရှိလောက်အောင်ပါပဲ။ Ps2 လောက်ကနေပြီးတော့ CoD ဂိမ်းပေါင်းများစွာနဲ့ကျွန်တော်တို့ငယ်ဘဝကနေအခုလက်ရှိအသက်အရွယ်ထိကြီးပြင်းလာကြပါပြီ။ ဝမ်းသာစရာကောင်းတာက CoD စီးရီးတွေဟာအခုချိန်အထိအရှိန်ကောင်းနေသေးတဲ့အပြင်ကစားသူထက်ထုတ်လုပ်သူကတောင်ပိုပြီးတက်ကြွနေပုံပါပဲ။ မကြာသေးခင်ကပြိုင်ဘက်ကြီး BattleField နဲ့အပြိုင်အဆိုင်ထွက်ရှိလာခဲ့ Call of Duty: WWII ကိုတောင် player တွေရိုးမသွားခင်မှာပဲနောက်ထပ်ဂိမ်းအသစ်ဖြစ်တဲ့ Call of Duty: Black Ops 4 ဟာထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ အတိအကျထွက်ရှိမယ့် date ကတော့ October 12, 2018 ဖြစ်ပါတယ်၊ ဝမ်းသာစရာပါပဲနော်။ အခုအချိန်မှာတော့ CoD: Black Ops 4 ဟာ ပရိတ်သတ် player တွေအကြားမှာ beta တွေချပေးထားပြီးစိတ်ဝင်စားမှုအရှိန်ကိုအစွန်ဆုံးထိဆွဲတင်နေပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ mode အသစ်တွေကြောင့်ပရိတ်သတ်တွေအကြားမှာလည်းအုတ်အော်သောင်းနင်းဖြစ်နေကြပါတယ်။ ဘာတွေကြောင့်မို့လို့ဒီလောက်ရေပန်းစားနေတာလဲဆိုတာကိုပြောပြပေးသွားပါမယ်။

1. Battle Royale

“Everything is Battle Royale today” ဆိုတဲ့အတိုင်းပဲ ဂိမ်းတိုင်းလိုလိုလေယာဉ်ပေါ်ကခုန်ချခိုင်းနေကြတော့ ကျွန်တော်တို့ရဲ့ Legend ကြီး CoD အနေနဲ့လည်းမနေနိုင်တော့ပါဘူး။ သူက Fps-Shooting game တွေမှာရှေ့ကပြေးနေတဲ့သူဆိုတော့နောက်ကျလို့မဖြစ်ဘူးလေ။ အခုဆိုရင် CoD: Black Ops 4 မှာ player တွေကိုလေယာဉ်ပေါ်ကနေကန်ချ (အဲလေ) ခုန်ချခိုင်းတော့မှာပါ😁။

သူရဲ့ Battle Royale mode ကို black out လို့နာမည်ပေးထားပြီးအတော်လေးလန်းပါတယ်။ ထူးခြားချက်အနေနဲ့ CoD ရဲ့စီးရီးတွေထဲမှာပထမဦးဆုံး ကား၊ လေယာဉ်စတာတွေကိုလွတ်လွတ်လပ်လပ်ထိန်းချုပ်မောင်းနှင်ခွင့်ရမယ့် game mode ပဲဖြစ်ပါတယ်။ ဒါဟာ CoD ရဲ့ပရိတ်သတ်တော်တော်များများတောင်းတနေတဲ့အချက်လည်းဖြစ်ပါတယ်။ Battle Royale ဆိုပေမယ့် CoD ရဲ့ mode တစ်ခုဆိုတာကိုမေ့ထားလို့မရပါဘူး၊ player တွေ တွေးတောင်မထားနိုင်တဲ့လက်နက်မျိုးစုံကိရိယာမျိုးစုံနဲ့ထုံးစံအတိုင်းပွဲထွက်လာဦးမှာပဲဖြစ်ပါတယ်။ ကားတွေလေယာဉ်တွေမှာလည်းလက်နက်တွေတပ်ထားပြီးစိုက်ကြိုက်ဝုန်းဒိုင်းကျဲနိုင်မယ့် battle royale ဖြစ်လာမယ်လို့ထင်ရပါတယ်။ Map အနေ Nuke Town တို့ Shipwreck တို့လို map အဟောင်းတွေကိုပြန်လည်ပုံဖော်ထားတာမျိုးမြင်ရပြီး CoD သမိုင်းမှာအကျယ်ဆုံး map တွေဖြစ်တယ်လို့ဆိုထားပါတယ်။ ဒီလိုအလန်းစားပွဲထွက်လာမယ့် blackout က pubg တို့ fortnite တို့ကိုကျော်တက်သွားမှာလား….ဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ အောက်က trailer မှာခဏတာမင်သက်သွားစေမယ့် blackout mode ကိုကြိုတင်ခံစားနိုင်ပါတယ် (သွားရည်သုတ်ဖို့တစ်ခုခုတော့ယူထားပါ😁)။

Trailer!

2. Next Evolution Multiplayer

ဒါကတော့ပိုပြီးဆန်းသစ်ထားတဲ့ PvP ကစားပုံတွေကိုဆိုလိုချင်တာပါ။ သာမန် C4 လိုထောင်မိုင်းတွေတင်မဟုတ်တော့ပဲလေးခွနဲ့ပစ်ရပြီးလေဆာထွက်တဲ့မိုင်းအဆန်းကြီးတွေ😂၊ အရှေ့ကဒိုင်းနဲ့ကာပြီး sniper နဲ့တည်ပြစ်တဲ့အကွက်တွေမြင်လာရမှာပါ။ Team နဲ့ဆော့တဲ့အခါမှာတစ်ယောက်ကဒိုင်းနဲ့ကာပြီးနောက်တစ်ယောက်က luncher နဲ့ပြစ်တဲ့ combo လိုမျိုး team work ကျကျဆော့ကစားလို့ရအောင်လုပ်ပေးထားတာပါ။ Multiplayer ကစားပုံတွေဟာပိုပြီးဆန်းသစ်လာမှာဖြစ်ပြီးသေနတ်နဲ့လျောက်ပြစ်နေရုံနဲ့ကစားလို့မရတော့ပါဘူး။ ဘယ်လိုကစားပုံတွေထွက်လာမလဲဆိုတာကိုလည်းကျွန်တော်တို့စောင့်ကြည့်ရဦးမှာပါပဲ။ အောက်က video ကတော့ lunch trailer ဖြစ်ပါတယ်။

Lunch trailer!

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဆွဲဆောင်မှုရှိလှတဲ့ CoD ဂိမ်းတွေကိုမှလက်ထဲကမချနိုင်လောက်အောင်ဖြစ်စေတဲ့ Zombie mode ပဲဖြစ်ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ကြောက်စရာကောင်းတဲ့ဖုတ်ကောင်တွေပေါင်းစပ်ထားတဲ့ဒီ Zombie mode တွေဟာ CoD ဂိမ်းတွေရဲ့အမှတ်အသားလိုဖြစ်နေပါပြီ။ အခုလည်းမပါမဖြစ်ဆိုသလို Black Ops 4 မှာ Zombie mode ပါဝင်လာမှာဖြစ်ပါတယ်။ CoD ထုပ်လုပ်သူ Treyarch အနေနဲ့လုံးဝမထပ်အောင်ထပ်ပြီးအသစ်တစ်ခုကိုလုပ်ပြလိုက်ပြန်ပါပြီ။ Zombie mode မှာအီဂျစ်နိုင်ငံက သားသတ်သမား (Gladiators) တွေအဖြစ်နဲ့ဇာတ်အိမ်တည်ပေးလိုက်ပါတယ်(တော်တော်ကောင်းတဲ့ဦးနှောက်တွေပါ😍)။ ပရိတ်သတ်အချို့က Treyarch ဟာ Zombie mode အတွက် idea တွေကုန်နေပါပြီလို့လှောင်ပြောင်နေကြချိန်မှာအခုလိုလုပ်ပြသွားခဲ့တာပဲဖြစ်ပါတယ်။ အီဂျစ်ခေတ်တင်မဟုတ်သေးပဲမတူညီတဲ့ Zombie အတွေ့အကြုံသုံးမျိုး(နေရာသုံးခု)ကိုရရှိနိုင်မယ်လို့ဆိုထားပါတယ်။ အောက်က Zombie mode trailer ကိုကြည့်ရင်ပိုပြီးရှင်းသွားပါလိမ့်မယ်။

Zombie mode trailer! 

ကဲ…. ပရိတ်သတ်ကြီးရေ Call of Duty ရဲ့ game mode တွေကတော့လူကိုတော်တော်စိတ်လှုပ်ရှားအောင်လုပ်နေတာပဲနော်။ Video တွေကြည့်ရင်းအတော်လေးဆော့ချင်သွားမယ်လို့လည်းထင်မိပါတယ်။ ဒါနဲ့ pre-order မှာမယ့်သူတွေရှိရင်လည်းသွားမှာလို့ရနေပါပြီ။ Pre-order မှာတဲ့အတွက် CoD: Black Ops 3 မှာမြေပုံလေးခုကိုလက်ဆောင်အနေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။စာလည်းရှည်သွားပြီမို့ဒီနေရာမှာပဲရပ်နားခွင့်ပြုပါဦးနော်။ Playon ပရိတ်သတ်ကြီးလည်းအခု post လေးကိုကျေနပ်အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ သာယာတဲ့ gaming နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: