Reviews

ကိုယ်ပိုင် စိတ်ကူးနဲ့ လှပတဲ့ မြို့လေးတစ်မြို့ကို တည်ဆောက်နိုင်မယ့် Build Away! – Idle City Game

Playon က gamer လေးတို့ရေ အဆောက်အဉီးတွေ ဆောက်လုပ်ရတာ ဝါသနာပါကြလား။ ဒါမှမဟုတ် ကိုယ်ပိုင်စိတ်ကူးနဲ့ လှပတဲ့ မြို့လေးကိုရော ဖန်တီး ကြည့်ချင်ကြလား။ အခုမေးလိုက်တဲ့ မေးခွန်လေးနှစ်ခုရဲ့ အဖြေက “Yes” ဆိုရင်တော့ … အခု ရွေးချယ်ဖော်ပြပေးထားတဲ့ Build Away ဆိုတဲ့ ဂိမ်းလေးကို သေချာပေါက် စိတ်ဝင်စားသွားမှာပါ။

 

Build Away က ကစားသူအရေအတွက် ၅သန်းကျော်အထိ ရရှိနေတဲ့ဂိမ်းဖြစ်ပါတယ်။ ကစားရမယ့် ပုံစံကတော့ အရမ်းကို လှပတဲ့ မြို့တစ်မြို့ တည်ဆောက်ပေးရမှာပါ။ မြို့တည်ဆောက်ပေးရမှာဖြစ်တဲ့အတွက် အိမ်တွေ ၊ ကော်ဖီဆိုင်တွေ ၊ ဈေးဆိုင်တွေ ၊ ဘဏ်တွေ ၊ ယာဉ်ရပ်နားကွင်းတွေ စတဲ့ အဆောက်အဦတွေကတော့ မပါမဖြစ်ပေါ့နော်။ သူတို့တွေကို နေရာမှန်မှန်ကန်ကန်နဲ့ စနစ်တကျဆောက်လုပ်ပေးပြီး သင့်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို အသက်သွင်းပေးရမှာပါ။ ကစားတာ အချိန်ကြာလာတာနဲ့အမျှ မြို့လေးထဲကို လေယာဉ်ကွင်းတွေ ၊ ပန်းခြံတွေ ၊ တိရစ္ဆာန်ရုံတွေ ၊ စတာ တွေကိုပါ ထည့်သွင်းပေးလို့ရလာမှာပါ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေကို လည်း စုဆောင်းပေးလို့ရတဲ့အတွက် သင့်မြို့လေးက လူမရှိပဲ အထီးကျန်နေမှာတော့ မဟုတ်ပါဘူး။

ရိုးရှင်းပြီး စိတ်အပန်းဖြေလို့ ကောင်းတဲ့ ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အေးအေးဆေးဆေး ဂိမ်းတွေကို စိတ်ဝင်စားရင် try ကြည့်သင့်ပါတယ်။ Online ရော offline ရော နှစ်မျိုးစလုံးနဲ့ ဆော့ကစားလို့ရတဲ့အတွက် အချိန်တိုင်းနေရာတိုင်း သင့်ကို အဖော်ပြုပေးနေမှာပါ။ အထဲမှာ တွေ့ရှိရမယ့် graphic designs တွေကလည်း အရမ်းအရမ်းကို ဆွဲဆောင်မှုရှိနေတာ ဖြစ်လို့ အကယ်၍ သင်က အလှအပတွေကို မက်မောတဲ့ သူဆိုရင်တော့ စကစားချင်းမှာပဲ လုံးဝကို သဘောကျသွားမှာပါ။

Android, iOS နှစ်မျိုးစလုံးနဲ့ free to play ပါ။ ဒါပေမယ့် သတိထားရမယ့်တစ်ချက်က မတူညီတဲ့ နာမည် တွေပါ။ Android နဲ့ iOS နာမည်မတူပါဘူး။ ဒါပေမယ့် game ကတော့ အတူတူပါပဲ။ Google play မှာ နာမည်ကို Idle Building Empire လို့ တွေ့ရှိရပြီး App Store မှာတော့ Build Away! – Idle City လို့ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ နမူနာ video ကို အောက်မှာကြည့်နိုင်ပါတယ်။

 

Android/IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: