Reviews

Mobile phone နဲ့ ပီကေပူဖောင်းမှုတ်တမ်း ကစားနိုင်မယ့် Bubblegum Hero

မိတ်ဆွေက ပီကေဝါးရတာ ကြိုက်ပါသလား ? မကြိုက်လည်း ကိစ္စမရှိပါဘူး။ အပြင်မှာတကယ့် ပီကေဝါးစရာမလိုပဲ game ထဲမှာ ပီကေ ဝါးလို့ရနေပြီနော်။ ဒီ game မှာ မိတ်ဆွေအဓိက လုပ်ဆောင်ရမယ့်တာဝန်က ပီကေပူဖောင်းကို မှန်ကန်တဲ့ အရွယ်အစားအတိုင်း ရအောင် ပြုလုပ်ပေးရမှာဖြစ်တယ်။ သတ်မှတ်အရွယ်အစားထက် အရမ်းမသေးရသလို အရမ်းကြီးလို့လည်းမရပါဘူး။ သူပြောထားတဲ့ size အတိုင်း ကွက်တိရအောင် လုပ်ပေးရမှာဖြစ်တယ်ပြီး score မြင့်လာတာနဲ့ အမျှ ပိုပိုပြီး ခက်ခဲလာမှာဖြစ်တယ်။

Bubblegum Heroes ပေါင်း ၁၈ယောက် ပါဝင်မှာဖြစ်ပြီး Heroes တစ်ယောက် ချင်းစီ တိုင်းက ပုံစံတစ်မျိုးစီနဲ့ ဆွဲဆောင်မှုရှိနေမှာဖြစ်တယ်။ DOUBLE FRUIT, CHERRY LOVE, SOUR YUM, BOOMER’S စတဲ့ ပီကေတွေကို ability အလိုက်ရွေးချယ်ပြီး အသုံးပြုရမှာ ဖြစ်တယ်။ လွယ်ကူပြီး ပေါ့ပေါ့ပါးပါး ရှိတဲ့ game ဖြစ်တဲ့အတွက် အသက်အရွယ်မရွေး ကစားနိုင်ပါတယ်။

City, Restaurant, Gym, School, Pin – up, Olympics စတဲ့ World 6 ခုကို unlock လုပ်ရမှာဖြစ်ပြီး အလန်းစား graphics နဲ့ animations က မိတ်ဆွေကို ဆွဲဆောင် နေမှာဖြစ်တယ်။ တကယ့် ပီကေဝါးတဲ့ အသံကို ထပ်တူကျအောင် ပြုလုပ်ထားလို့ music ပိုင်းမှာလည်း ဟာကွက်မရှိပါဘူး။ ရိုးရှင်းတဲ့ ပုံစံနဲ့ အပြင်အဆင်က တမူထူးခြားပြီး စွဲမက်ဖွယ်ကောင်းနေမှာပါ။

Multiplayer game ဖြစ်လို့ သူငယ်ချင်းအချင်းချင်း ယှဉ်ပြိုင်ကစားပြီး leaderboard မှာနေရာလုလို့ ရပါသေးတယ်။ရယ်စရာကောင်းတဲ့ characters တွေနဲ့ သူတို့ရဲ့ အမူအရာတွေက မိတ်ဆွေကို ပျော်ရွှင်စေမှာပါ။ စိတ်ညစ်နေတဲ့ အချိန်နဲ့ စိတ်လှုပ်ရှားနေတဲ့ အချိန်တွေမှာကစားရင် ပိုပြီးသင့်လျော်ပါတယ်။

Android နှင့် ios နှစ်မျိုးစလုံးနဲ့ free ဆော့ကစားနိုင်ပါတယ်။ Rating ပိုင်းမှာလည်း platform နှစ်ခုလုံးမှာ 4.7 အထိရရှိထားတာဖြစ်လို့ ကစားလို့ကောင်းတဲ့ game တစ်ခုဆိုတာ ထင်ရှားပါတယ်။ စမ်းပြီးကစားကြည့်သင့်တဲ့ game ဖြစ်ပါတယ်။

 

Image Source : Bubblegum Hero

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: