ပူဖောင်းလေးတွေပစ်ပြီး Puzzle တွေကိုဖြေရှင်းရမယ့် Bubble shooter – classic bubble shooter game! 

ရောင်စုံပူဖောင်းတွေနဲ့ပြည့်နက်နေတဲ့ကမ္ဘာကြီးမှာဆော့ကစားရမှာဖြစ်ပါတယ်။ မိတ်ဆွေကို ပူဖောင်းတွေထည့်ပြီးပစ်ရမယ့် လောင်ချာ တစ်လက်နဲ့ ရောင်စုံပူဖောင်းအချို့ကိုပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီလောင်ချာကိုအသုံးချပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ရောင်စုံပူဖောင်းတွေကို ပစ်ခတ်ရမှာဖြစ်ပါတယ်။

ပူဖောင်း အရောင်တူအချင်းချင်းကိုပစ်ခတ်နိုင်မှသာ effect ဖြစ်မှာပါ။ ပတ်ဝန်းကျင်မှာရှိနေတဲ့ ပူဖောင်းတွေကိုတစ်လုံးမှမကျန်အောင်ပစ်ခတ်နိုင်မှသာ level တစ်ခုအနိုင်ရရှိမှာဖြစ်ပါတယ်။ အချိန်အကန့်အသတ်မရှိတာကြောင့် အေးဆေးပစ်နိုင်ပါတယ်။ ဒါပေမယ့် Level တစ်ခုမှာမိတ်ဆွေကို ပူဖောင်း ၂၀ လောက်သာပေးထားမှာဖြစ်တာကြောင့် ပစ်ချင်တိုင်းတော့ပစ်လို့မရဘူးဗျ။ ပြီးတော့ အချိန်မပါတာမှန်ပေမယ့် အရမ်းအကြာကြီးတော့ အချိန်ဆွဲနေလို့ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပူဖောင်းတွေက အချိန်ကြာလာတာနဲ့ အမျှတဖြည်းဖြည်း မိတ်ဆွေရဲ့လောင်ချာနားနီးကပ်လာမှာကြောင့်ပါ။

ပူဖောင်း ၂၀ လောက်နဲ့ရှိသမျှဘောလုံးတွေကို အကုန်ပြုတ်ကျအောင်ပစ်နိုင်/မပစ်နိုင် တာကတော့ မိတ်ဆွေရဲ့ Management skill နဲ့ အချိန်အဆတွေအပေါ်မှာပဲမှုတည်နေမှာဖြစ်ပါတယ်။ အနိုင်အရှုံးက ပူဖောင်းတစ်လုံးချင်းစီမှာ မှုတည်နေမှာလည်းဖြစ်ပါတယ်။ ရိုးရှင်းပေမယ့်ဆော့ရတာ မပျင်းသွားမယ့် Arcade ဂိမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။

Island, Forest, Snow Mountain, City အစရှိတဲ့တည်နေရာတွေမှာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ တည်နေရာတစ်ခုချင်းစီမှာ Level တွေအများအပြားပါဝင်ပါတယ်။ Level တစ်ခုချင်းမှာ Star ၃ ခုပါဝင်ပြီး လောင်ချာက မပစ်ပဲ ကျန်ခဲ့တဲ့ပူဖောင်း အရေအတွက်ကိုလိုက်ပြီး Star ရရှိမှုက ကွာဟသွားမှာဖြစ်ပါတယ်။ အချိန်တွေပိုနေတဲ့အခါမှာ ဆော့လို့အဆင်ပြေတဲ့ ဂိမ်းထဲမှာပါ ပါတယ်။

Free to play ပါ။  IOS Platform တစ်မျိုးတည်းမှာသာဆော့ ကစားနိုင်မှာဖြစ်ပါတယ်။ Management နဲ့ အချိန်အဆ စွမ်းရည်ကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Bubble shooter – classic bubble shooter games

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password