ArticleNews

BTS WORLD မိုဘိုင်းလ်ဂိမ်းအတွက် ပထမဦးဆုံး Trailer ထွက်ရှိလာ

ဒီတစ်ခေါက်မှာတော့ Kpop fan တွေ အထူးသဖြင့် BTS Army လေးတွေ ကြိုက်နှစ်သတ်ကြမယ့် ဂိမ်းလေးတစ်ခုကို ဖော်ပြဖို့အတွက်ရွေးချယ်ပေးထားပါတယ်။ အက်မင်က Kpop နဲ့ ပတ်သတ်တဲ့ဂိမ်းတွေကို တင်လေ့တင်ထ သိပ်ပြီးမရှိတာကြောင့် Kpop fan တွေအတွက်ပါ မျှတသွားအောင် ဒီဂိမ်းလေးကို ရွေးချယ် တင်ပြပေးလိုက်ရတာပါ။ ဂိမ်းရဲ့နာမည်က BTS World ဖြစ်ပါတယ်။ သူကို အခုအချိန်ထိ ကစားလို့ မရသေးပါဘူး။

မကြာသေးမီကတော့ BTS World ရဲ့ပထမဦးဆုံး နမူနာ ဗီဒီယိုလေး ထွက်လာပါတယ်။ BTS World က တောင်ကိုရီးယားယောကျာ်းလေးအဆိုတော်အဖွဲ့ကို အဓိက feature ယူပြီးဖန်တီးထားတာပါ။ ဂိမ်းထဲမှာဆိုရင် BTS အဖွဲ့ရဲ့ အစောပိုင်း မြင်ကွင်းဖြစ်တဲ့ ၂၀၁၂ တုန်းက ပုံရိပ်တွေကို တွေ့ရမှာဖြစ်ပါတယ်။ BTS World ကို BTS အဖွဲ့နဲ့ Net Marble တို့က ပူးပေါင်း ဖန်တီးထုတ်လုပ်ကြမှာဖြစ်ပါတယ်။ Net Marble ကလည်း နာမည်ကြီး ဂိမ်း company တစ်ခု ဖြစ်တာကြောင့် BTS World ကို သေသေသပ်သပ်လေးတွေ့ရမယ်ဆိုတာ သေချာပါတယ်။ ပထမဦးဆုံး ဗီဒီယိုဖိုင်လေးကို အောက်မှာဖော်ပြပေးထားပါတယ်။

ဂိမ်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာ Gameplay အတိအကျကို မသိရသေးပေမယ့် နမူနာဗီဒီယိုလေးကတော့ စာသားတွေ နောက်ခံ တီးလုံးတွေနဲ့ ပဟေဋ္ဌိဆန်ဆန် လုံးဝကို ဖမ်းစားနေပါတယ်။ Army တွေကတော့ first trailer မှာတင် လုံးဝကို အရည်ပျော်သွားမှာပါ။

BTS World က သေချာပါတယ်။ BTS အဖွဲ့ကို အားပေးတဲ့ ပရိသတ်တွေ လုံးဝကို ကြိုက်နှစ်သတ်မှာပါ။ ကိုယ်ကြိုက်တဲ့ idol တွေကို ဂိမ်းအဖြစ် ပြန်ပြီးတွေ့ရမယ်ဆိုတော့ လုံးဝကို အမေးဇင်းဖြစ်နေမှာပါနော်။ ကဲကဲ …. ထွက်ရှိလာမယ့် ရက်လေးကို အက်မင်နဲ့အတူတူစောင့်မျှော်လိုက်ကြရအောင်နော်…

Source-https://www.bandwagon.asia

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password