Reviews

ကိုက်ဆွဲချင်စရာကောင်းလောက်အောင်ချစ်ဖို့ကောင်းတဲ့ ဂြိုလ်သားလေးနဲ့ ကစားရမယ့် Bring You Home

Playon ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ချစ်စရာကောင်းတဲ့ ဂြိုလ်သားလေး ပိုလို ပါဝင်တဲ့ Bring You Home အကြောင်းလေး ပြောပြပေးပါမယ်။ Bring You Home ကို Alike Studio မှ ဖန်တီးထားတာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀၁၈ က ထွက်ရှိထားတာပါ။ ထွက်ရှိထားတာမကြာသေးတဲ့ ဂိမ်းလေးဖြစ်တာကြောင့် ဂိမ်းရဲ့ ကာလာအရောင်တွေနဲ့ Graphic Designs တွေက အရမ်းကို ဆွဲဆောင်မှုရှိလွန်းပါတယ်။ ဖန်တီးမှုတွေ အရမ်းမိုက်ပြီး အထဲမှာတွေ့ရမယ့် ဒီဇီုင်းတွေနဲ့ ဇာတ်ကောင်တွေအားလုံးက ချစ်စရာ လေးတွေပါ။

 

ကစားရမည့် ပုံစံ

ကစားရမှာကတော့ ရိုးရိုး ရှင်းရှင်းလေးပါပဲ။ ဂြိုလ်သားလေး ပိုလိုရဲ့ ပြန်ပေးဆွဲ ခံထားရတဲ့ အချစ်တော် pet လေးကို ရန်သူ့လက်ထဲက ပြန်လည် ကယ်တင်ပေးဖို့ puzzles တွေကို ဖြေရှင်းရမှာပါ။ Puzzles တွေက လမ်တစ်လျှောက်လုံးမှာ ရှိနေမှာဖြစ်လို့သေသေချာချာ စဉ်းစားပြီး ဖြေရှင်းပေးသွားဖို့တော့လိုပါတယ်။ Family-friendly puzzle adventure ဂိမ်းအမျိုးအစားဖြစ်လို့ စွန့်စားခန်းဆန်ဆန် အတွေ့အကြုံတွေကိုပါ ရရှိမှာပါ။ ဂိမ်းထဲမှာ ဂြိုလ်သားလေး ပိုလိုကို ထိန်းချုပ်ရမှာမဟုတ်ပဲ level တွေကို ပဲ ထိန်းပေးရမှာဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲ…?

ပိုလိုလေး သွားတဲ့ လမ်းကြောင်းမှာရှိတဲ့ အန္တရာယ်တွေကို နေရာပြောင်းပေးရမှာပါ။ Level တိုင်းရဲ့ အစိတ်အပိုင်း တစ်ခုချင်းဆီကို သင့်လျော်တဲ့ အစိတ်အပိုင်းတွေ အစားထိုးပေး ရမှာဖြစ်ပါတယ်။ ပြောတာ သိပ်ပြီး မရှင်းရင် အောက်မှာပြထားပေးတဲ့ နမူနာ video လေးကို လေ့လာနိုင်ပါတယ်။

တစ်ကြိမ်ကျရှုံးသွားတာနဲ့ level ကို အစကနေပြန်ဆော့ပေးပြီး အနိုင်ရအောင်ပြန်လုပ်ရမှာနော်။ ဆန်းသစ်တဲ့ ပုံစံကြောင့် ရှုံးသွားရင်တောင် ရယ်နေရမှာပါ။ စကြာဝဋ္ဌာ ကြီးတစ်ခုလုံးမှာရှိတဲ့ ကမ္ဘာ တစ်ခုကနေ တစ်ခုကို ခုန်ပျံကျော်လွှားပြီး level တွေအများကြီးကို ဖြတ်သန်းရမှာပါ။ Level တစ်ခုပြီးတိုင်း နောက်level တစ်ခုက ဘာဖြစ်မလဲဆိုတာ လုံးဝကို ကြိုတင်ခန့်မှန်းလို့မရပါဘူး။
ပိုလာလေးနဲ့ သူ့ရဲ့ အချစ်တော် pet လေးရဲ့ အတိတ်ကို ပြန်ပြီး အမှတ်ရစေမယ့် ဓာတ်ပုံလေးတွေကို ရှာဖွေစုဆောင်းပေးရင်း ရယ်ဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ရမှာဖြစ်လို့ ကစားရင်း စိတ်အပန်းဖြေဖို့ကောင်းတဲ့ ဂိမ်းလေးပါ။

iOS အတွက်ပဲ ကစားနိုင်ပါပါတယ်။ စိတ်ဝင်စားရင် App Store မှာ မြန်မာငွေ ၃၉၅၃ ကျပ် ပေးဝယ်ပြီး download လုပ်နိုင်ပါတယ်။ App Store မှာ rating 4.8 ရရှိထားပြီး ဖိုင်အရွယ်အစားက 791.4MB ဖြစ်ပါတယ်။

 

Image Source – Bring You Home

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: