Reviews

90 born တွေ အမြဲတမ်း အမှတ်ရနေမယ့် Brick Game

ဒီဂိမ်းလေးကို အခုနောက်ပိုင်း ကလေးတွေ သိချင်မှသိကြမှာပါ။ ဒါပေမယ့် မင်မင်တို့လို 90 born တွေကတော့ကောင်းကောင်းကြီးကို မှတ်မိကြပါတယ်။ ဟိုအရင်တုန်းက အခုလို မိုလ်ဘိုင်းဖုန်းတွေ ကွန်ပျူတာတွေ မပေါ်သေးပါဘူး။ အဲ့အချိန်တုန်းက ဂိမ်းဆော့ချင်ရင် ၄၀၀၊ ၅၀၀ တန် ဂိမ်း လက်ကိုင် ဂိမ်းစက်သေးသေးလေးတွေ ဝယ်ပြီး ဆော့ခဲ့ရတာပါ။ အခုနောက်ပိုင်းမှာတော့ အဲ့ဒီဂိမ်းစက်လေးတွေကို ရှာမတွေ့တော့ပါဘူး။

ပုံစံ မတူလို့လားတော့မသိဘူး။ အဲ့တုန်းက ဂိမ်းစက်လေးတွေလည်း တော်တော်ကို ကစားလို့ကောင်းပါတယ်။ Brightness နည်းလို့ မျက်လုံးတွေ ဘာတွေ ပျက်မှာလည်း မပူရဘူး။ အဲ့ခေတ်တုန်းကတော့ အဲ့ဒီဂိမ်းစက်လေးတစ်ခု ကိုင်နိုင်ရင် အကောင်ပါပဲ။ အခုကစားနေကြတဲ့ ဗီဒီယို ဂိမ်းတွေလောက်ကတော့ အပျော့ပဲ။ တစ်ခါကစားမိရင် တစ်နေကုန် ထကို မထတော့တာ။ အဲ့လောက်ကို
ဆွဲဆောင်မှုအားကောင်းတဲ့ ဂိမ်းလေးတွေပါ။ အခုခေတ်မှာတော့ အဲ့တုန်းက ဂိမ်းစက်လေးတွေ မရှိတော့ပေမယ့် အဲ့ဒီဂိမ်းစက်နဲ့တူတဲ့ ဂိမ်းကိုတော့ မင်မင်ရှာတွေ့ခဲ့ပါတယ်။ အခုနောက်ပိုင်းကလေးတွေအတွက် ဗဟုသုတ ရအောင်ပဲဖြစ်ဖြစ် မင်မင်တို့လို 90 born တွေ ငယ်မူပြန်ချင်ရင်ပဲဖြစ်ဖြစ် ပြန်လို့ရအောင် မိတ်ဆက်ပေးလိုက်ပါတယ်။

Brick Game ထဲမှာ ဟိုးအရင်က ဂိမ်းစက်ပုံစံအတိုင်း ဂိမ်းအမျိုးအစားပေါင်း ၁၈ ခုပါဝင်ပါတယ်။ ဂိမ်းတစ်ခုဒေါင်းလုတ်လုပ်ယူလိုက်ရုံနဲ့ ၁၈ မျိုး ကစားလို့ရတာပေါ့နော်။ အသံနေအသံထားကအစ လုံးဝကို အတိတ်ကာလဆီကို ရောက်သွားသလိုပါပဲ။ ဂိမ်းစက်လေးတွေ ပုံစံအတိုင်း တစ်ထပ်တည်းတူအောင်လုပ်ထားတာပါ။ မှတ်မိသေးတဲ့ သူတွေလည်းရှိနိုင်သလို မေ့နေတဲ့ သူတွေလည်းရှိနိုင်သေးတာမို့ ပါဝင်မယ့် ဂိမ်းအမျိုးအစား ၁၈ မျိုးကို အောက်မှာဖော်ပြပေးထားပါတယ်။

 

 A – Brick Puzzle Classic, Brick Puzzle Classic II, Brick Puzzle Classic III, Brick Puzzle Classic               IV, Brick Puzzle Classic V, Brick Puzzle Classic VI

အတုံးလေးတွေကို နေရာလွတ်မရှိအောင် ဖြည့်ပေးရမယ့်ဂိမ်းပါ။ အဆင့် တတ်လာတာနဲ့အမျှ ကျလာတဲ့
အတုံးတွေက ပိုပိုပြီး မြန်လာမှာဖြစ်ပါတယ်။

 

B – Tank Classic

တင့်ကားဂိမ်းလို့ လူသိများတဲ့ ဂိမ်းပါ။ အဆင့်တတ်လာတာနဲ့အမျှ ရန်သူအရေအတွက်နဲ့ အရှိန်နှုန်းက
ပိုပိုပြီး မြန်လာမှာပါ။

 

C – Racing Classic, Racing Classic II, Racing Classic III

ရန်သူကို ရှောင်ဖို့အတွက် racer ကို ဘယ်နဲ့ညာရွေ့ပေးရမှာပါ။

 

D – Snake Classic, Snake Classic II

ဒါကတော့ လူတိုင်းသိကြတဲ့ မြွေဂိမ်းပါ။ အုတ်နံရံနဲ့ မတိုက်မအောင်ရှောင်းရှားရမှာပါ။ လမ်းမှာတွေ့တဲ့အစာတွေစားပြီးအရွယ်အစားကြီးလာမှာပါ။

 

E – Supplement Shooting Classic

အတုံးတွေ ပြည့်သွားအောင်အပေါ်ကို ပစ်ပေးရမှာပါ။ အတန်းလိုက် ပြည့်သွားရင် အုတ်ပုံက အလိုလို ပြိုကျသွားမှာပါ။

 

F – Shooting Players Classic

အပေါ်က ကျလာတဲ့ အတုံးလေးကို မြေကြီးနဲ့ မထိအောင် ပင့်ပေးရမယ့်ဂိမ်းပါ။ စားပွဲတင်တင်းနစ်ပုံစံနဲ့ နည်းနည်းဆင်ပါတယ်။

 

G – Brick Breaker Classic

အုတ်နံရံကို bouncing ဘောလုံးနဲ့ ပစ်ပြီးခွဲရမယ့်ဂိမ်းပါ။

 

H – Frog Across River Classic

အတားအဆီးတွေကို ရှောင်ရှားဖို့ ခုန်ပျံကျော်လွှားလုပ်ပေးရမယ့်ဂိမ်းပါ။

 

I – Match Three Classic

ပြုတ်ကျတာတဲ့ အုတ်တုံးတွေနဲ့ လိုက်ဖက်ညီအောင် ပုံစံအမျိုးမျိုးရှိတဲ့ အုတ်တုံးတွေကို ပြောင်းပေးရမှာပါ။ အောက်ပါ ကျန်တဲ့ ဂိမ်းလေးတွေပါ။ တစ်မျိုးချင်းစီကို သေချာကစားကြည့်မှ အရသာကိုသိမှာပါ။ (18 in one) ဂိမ်း တစ်မျိုးတည်းနဲ့ အားလုံးကို စုံစုံစိစိကစားနိုင်တာကြောင့် တန်တာတော့တော်တော်တန်ပါတယ်။ 90 born တွေဆို မိတ်ဆက်ပေးနေစရာမလိုအောင် ကောင်းကောင်းကြီးကိုသိကြမှာပါ။

 

J -Ping Pong Classic

 

 

 

 

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: