ArticleNews

ဖန်တီးနေဆဲ အနေအထားမှာရှိနေတဲ့ Breaking Bad မိုလ်ဘိုင်း

ဒီတစ်ခေါက်မှာတော့ Walter White fans တွေ လုံးဝကို ဝမ်းသာသွားမယ့် သတင်းကောင်းလေး ပြောဖို့ရှိပါတယ်။ အဲ့တာကတော့ နာမည်ကြီး တီဗီစီးရီး တစ်ခုဖြစ်တဲ့ Breaking Bad ကို ဖန်တီးနေပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။ Walter White fan တွေကတော့ Brealing Bad အကြောင်းကိုသိပေမယ့် မသိသေးတဲ့သူတွေအတွက် နည်းနည်းရှင်းပြပေးပါမယ်နော်။

Walter White က Breaking Bad ထဲမှာပါတဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ Breaking Bad က၂၀၁၃ ကနေ ၂၀၁၈ ခုနှစ်အထိ AMC Network မှာ ပြသခဲ့တဲ့ အရမ်းရမ်းကို အောင်မြင်တဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ အဲ့ထဲမှာ Walter White က ဇာတ်လိုက်ပါ။ သူက အထက်တန်း ကျောင်း တစ်ခုမှာ ဓာတုဗေဒ ဘာသာရပ်ကို သင်ကြားနေတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီးကင်ဆာရောဂါ ကြောင့်စိတ်ကျရောဂါခံစားနေရတဲ့သူဖြစ်ပါတယ်။ လောကကြီးမှာ တစ်ယောက်တည်းပဲ ရှိတော့သလို စိတ်ကျရောဂါအကြီးကြီးခံစားနေရတဲ့ Walter White ဟာ သူ့ရဲ့ကျောင်းဆရာအလုပ်ကနေထွက်ပြီး ကားဝပ်ရှော့မှာ အလုပ်ဝင်ခဲ့ပါတယ်။ ကံကြမ္မာ ရဲ့ ကျီစယ်မှုဒဏ်ကို အလူးအလဲ ခံစားနေရတဲ့ Walter White ရဲ့ ပုံရိပ်ကို ကြည့်ရှုသူ ကိုယ်တိုင် ဝင်ခံစားနေရသယောင်ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်ညွှန်းကလည်း တော်တော့်ကို လေးလေးပင့်ရှိလွန်းလှပါတယ်။ အဲ့တာကြောင့် Breaking Bad က အရမ်းကိုအောင်မြင်နေတဲ့ စီးရီးတစ်ခုဖြစ်နေရတာပါ။

Breaking Bad ဇာတ်လမ်းတွဲကို ပုံဖော်ထားတဲ့ Breaking Bad : Criminal Elements ကို developer Plamee နဲ့ publisher FTX Games တို့ ပူးတွဲ ဖန်တီးကြမှာပါ။ ဇာတ်လမ်းကအရမ်းကိုမိုက်တာဆိုတော့ သူ့ရဲ့ဂိမ်းကလည်း သေချာပေါက် မိုက်နေမှာပါ။အခုအချိန်ထိတော့ ဂိမ်းနဲ့ပတ်သတ်တဲ့ အချက်အလတ်တွေရော screenshot တွေရော မထွက်ရှိသေးတာကြောင့် ဘာကိုမှ သေသေချာချာမပြောနိုင်သေးပါဘူး။ FTX Games ရဲ့ကြေညာချက်အရတော့ ဂိမ်းက အခမဲ့ strategy game တစ်ခု ဖြစ်မယ်လို့ သိရပါတယ်။ Free to download ဆိုတော့ ပျော်ပြီးရင်းပျော်ပေါ့နော်။ ကြော်ငြာ trailer လေးကိုတော့ အောက်မှာ ကြည့်သွားနိုင်ပါတယ်။

ဂိမ်းထဲမှာ လူကြိုက်အများဆုံးဇာတ်ကောင်တွေဖြစ်တဲ့ Walter,Jesse,Gus,နဲ့ Saul တို့ရဲ့ ပုံရိပ်တွေထည့်မယ်လို့ သိရပါတယ်။ နောက်ထပ် အချက်အလက်တွေ သိရရင်လည်း Playon က ဘော်ဒါတို့အတွက် ထပ်မံ မိတ်ဆက်ပေးပါဦးမယ်။ အခုတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေနော်။

Reference- www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password