ArticleNews

Brawl Stars ရဲ့ global version ထွက်ရှိလာပြီ

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Clash of Clan, Clash Royale, Boom Beach အစရှိတဲ့ဂိမ်းတွေကို ဖန်တီးခဲ့သူ Supercell ကုမ္ပဏီက လာမယ့် ဒီဇင်ဘာလမှာ Global version အနေနဲ့ထုတ်လုပ်မယ့် ဂိမ်းတစ်ခုအကြောင်းကြေညာခဲ့တာတော်တော်များများသိပြီးလောက်မှာပါ။ အဲ့ဒီဂိမ်းနာမည်ဟာ Brawl Stars ဖြစ်ပြီး Supercell ဟာသူ့ကတိအတိုင်း အခုဒီဇင်ဘာလထဲမှာ global version ကို official ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဂိမ်းရဲ့ ဒီဇိုင်း 3D art တွေကို အရင် COC, Clash Royale တုန်းကလိုပဲဖန်တီးထားသလို၊ Hero Character တွေကိုလည်းအရမ်းကြီးကွဲထွက်နေတဲ့ပုံစံမျိုးမပြုလုပ်ထားတဲ့အတွက် ဒီဂိမ်းဟာ Supercell ရဲ့ မူရင်းလက်ရာတွေနဲ့ပဲ ရိုးရိုးရှင်းရှင်းဖန်တီးထားတဲ့ ဂိမ်းတစ်ခုလို့ဆိုရမှာပါ။ ဒီဇိုင်းအနေအထားက ရိုးရာမပျက်သွားပေမယ့် ဂိမ်းရဲ့ logic ကတော့ COC, Clash Royale တို့နဲ့ကွဲထွက်နေပါတယ်။ ဂိမ်းက COC, Clash Royale တို့လို Strategy ဂိမ်းမဟုတ်တော့ပဲ PUBG, Fortnite တို့လိုမျိုး Battle Royale shooter ဘက်မျိုးကိုသွားပါတယ်။ 3D graphics တွေကိုမှာ Third person view ကနေ Battle Royale ပုံစံမျိုးဆော့ကစားရမှာဖြစ်တဲ့အတွက် ထူးခြားမှုကတော့ တစ်ခုထက်ပိုနေမယ်လို့ အာမခံပါတယ်။

3 Vs 3 Multiplayer ကစားရမှာဖြစ်ပြီး တခြားဘက်က ရန်သူ ၃ ဉီးကို ပထဆုံးသတ်နိုင်တဲ့ဘက်ကအနိုင်ရရှိမှာပါ။ တစ်ယောက်တည်း Solo ကစားနိုင်သလို သူငယ်ဂျင်းတွေနဲ့လည်း Duo mode မှာကစားနိုင်ပါတယ်။ Free to play ဖြစ်ပြီး Android, iOS နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Soft launch မှာကတည်းက အောင်မြင်နေတဲ့ Supercell ရဲ့ဂိမ်းတစ်ခုဖြစ်တာကြောင့် အားလုံးနီးပါကြိုက်နှစ်သက်လောက်မှာပါ။

Download link – Android/ iOS

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password