News

ဇွန်လ ၂၀၁၈ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝှမ်း Top 10 စာရင်းထဲမှာ ပါလာတဲ့ Brawl Stars

Sensor Tower ရဲ့ စစ်တမ်းကောက်ယူချက်အရ Supercell ရဲ့ multiplayer mobile arena ဖိုက်တာဂိမ်း Brawl Stars ဟာ ကမ္ဘာ့ဝင်ငွေအများဆုံးဂိမ်း ထိပ်တန်း ၁၀ခု စာရင်းထဲကို ဝင်လာခဲ့တယ်လို့ သိရပါတယ်။
Brawl Stars ဟာ Google Play မှာ နံပါတ် ၈ နေရာ နဲ့ App Store မှာ နံပါတ် ၁၃ နေရာကို ရောက်ရှိခဲ့တုန်းက ကမ္ဘာတစ်ဝှမ်းလုံး အနေနဲ့ ခြုံငုံကြည့်ရင် နံပါတ် ၁၀ မြောက်နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

Brawl Stars ဟာ ဒီဇင်ဘာ၂၀၁၈ ခုနှစ်မှာ ခန့်မှန်းခြေ ဒေါ်လာ သန်း ၁၁၀ ထိ ဂိမ်းတွင်းငွေကြေးသုံးစွဲမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ သူက ဒီဇင်ဘာလက စပြီး global version စထွက်ခဲ့တာပါ။ သူ့ရဲ့ revenue က ၂၀၁၈ ဇွန်လကတည်းက Top 10 စာရင်းထဲဝင်နေတာဆိုတော့ Soft Launch ကတည်းက လူကြိုက်များခဲ့တဲ့ ပုံပါပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဒေါ်လာ ၅၁ သန်းထိ ဝင်ခဲ့ပါတယ်။ ဇန်နဝါရီလတွင်းမှာ Candy Crush Saga , Lineage M နဲ့ Dragon Ball Z Dokkan Battle တို့အားလုံး လည်း overall ranking တွေ တတ်လာခဲ့ပါတယ်။ Top 10 နေရာကို အာရှ publisher တွေမှ လွှမ်းမိုးထားပြီး သူတို့တွေထဲမှာ ဂျပန်၊ တောင်ကိုရီးယား နဲ့ တရုတ်မှ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းဒေါင်းလုတ်ဆွဲသူဦးရေဟာလည်း မြင့်သထက်မြင့်လာပြီး Color Bump 3D က ဇန်နဝါရီလအတွင်းမှာ ပထမနေရာကိုရောက်ရှိနေပါတယ်။ ဇန်နဝါရီလမှာ Brawl Stars ဟာ App Store မှာ နံပါတ်၅နေရာနဲ့ Google Play မှာ နံပါတ် ၆နေရာ အသီးသီး ရရှိထားပြီး overall ranking အနေနဲ့ နံပါတ် ၆နောမြောက်ကို တတ်လာခဲ့ပါတယ်။

Source- https://www.pocketgamer.biz/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password