News

Braveland စီးရီးရဲ့ ထွက်ရှိနေပြီဖြစ်တဲ့ Braveland Heroes

Platform တိုင်းလိုလိုမှာ အောင်မြင်တဲ့ Braveland စီးရီး mobile ပေါ်ရောက်ရှိလို့လာပါပြီ။ Braveland Heroes က Mobile platform ရဲ့ အားသာချက်တွေကိုအပြည့်အဝပေးဖို့ ရည်ရွယ်ထားတဲ့ Chess ပုံစံ ဗျူဟာ ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာ player ကသက်ရှိ မျိုးစုံနဲ့ ဖန်တီး ပြုလုပ်ထားတဲ့ စစ်သားတွေကို စုဆောင်းပြီး တိုက်ပွဲ ဝင်ရမှာပါ။

ဂိမ်းပုံစံလေးက Mobile ဗားရှင်းအတွက် ထုတ်လုပ်ထားတဲ့ ဗျူဟာ ဂိမ်းဖြစ်ပြီး တိုက်ပွဲတွေကို online အနေနဲ့ရော offline အနေနဲ့ပါ နှစ်မျိုး စလုံး အတွက် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက player တွေကို စိန်ခေါ်ပြီး ယှဉ်ပြိုင်ကစားနိုင်သလို player တစ်ယောက်ချင်းစီနဲ့ single player campaign တွေကိုလည်း ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။

ဂိမ်းထဲမှာ ရင်ဆိုင်ရမယ့် အန္တရာယ်ရှိတဲ့ ရန်သူတွေအများကြီး ရှိပါတယ်။ တိုက်ပွဲတွေမှာ အနိုင်ရရင် သင်က အောင်မြင်ကျော်ကြားနာမည်ကြီးတဲ့ ဟီရိုးအဖြစ် ရောက်ရှိလာမှာပါ။ ဂိမ်းရဲ့ ပုံစံလေးကိုတော့ အောက်မှာ ကြည့်သွားနိုင်ပါတယ်နော်။

အကယ်၍ ဒီဂိမ်းရဲ့ ပုံစံလေးတွေ စတိုင်လေးတွေက သင့်ရဲ့ အကြိုက်နဲ့ ကိုက်ညီမှုရှိနေတယ်ဆိုရင်တော့ အခု ချက်ချင်းပဲ ပြေးပြီး download လုပ်ထားလိုက်တော့နော်။ ဒါပေမယ့် Android မှာ beta အဖြစ်ပဲရသေးတာကြောင့် bugs တွေအတွက် အဆင်သင့်ပြင်ထားဖို့တော့ လိုပါတယ်။

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password