Reviews

ဦးနှောက်စားပါတယ်ဆိုတဲ့ဂိမ်းတွေကိုမှ နှစ်သက်သူတွေအတွက် Brain Dots

မင်္ဂလာပါ playon ပရိတ်သတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ဦးနှောက်စားတဲ့ puzzle ဂိမ်းတွေကိုကြိုက်နှစ်သက်တဲ့ puzzle fan တွေအတွက်ဂိမ်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်ခင်ဗျာ။ Brain Dots ဆိုတဲ့ ဒီဂိမ်းလေးဟာ ထွက်ရှိတာကြာပြီဖြစ်ပြီးသူ့မှာပရိတ်သတ် ၃၅ သန်းလည်းရရှိထားပြီးပါပြီ။ ဒါပေမယ့်အရမ်း trending ဖြစ်တဲ့ဂိမ်းအမျိုးအစားမဟုတ်တာကြောင့်သီးခြားတည်ရှိသလိုဖြစ်နေပါတယ်။ ဒါပေမယ့်ဂိမ်းကအတော်လေး addictive ဖြစ်ပြီးဦးနှောက်ကိုကောင်းကောင်းအလုပ်ပေးမယ့်ဂိမ်းပါ။

Gameplay အနေနဲ့တော့ရိုးရှင်းပါတယ်။ အရောင်မတူတဲ့အလုံးလေးနှစ်လုံးရှိမယ်၊ player အနေနဲ့ပေးထားတဲ့ခဲတံကိုသုံးပြီးတော့အဲ့ဒီအလုံးလေးနှစ်ခုကိုထိသွားအောင်လုပ်ပေးရမှာပါ။ အလုံးနှစ်ခုထိသွားရင်အနိုင်ရမှဖြစ်ပြီး အလုံးတစ်ခုခုကဆော့နေတဲ့ screen အပြင်ဘက်ကိုထွက်သွားရင်တော့ရှုံးမှာပါ။ အခုထိတော့နားထောင်ရင်းအရမ်းလွယ်သလိုခံစားရနေတယ်မို့လား ဆန္ဒမစောနဲ့လေဆက်ကြည့်ကြည့်ရအောင်😉)

အလုံးနှစ်ခုကိုရွေ့လျားစေဖို့အတွက် ခဲတံကိုပဲအသုံးပြုရမယ်ဆိုတဲ့အချက်က စစားပါပြီ။ ဂိမ်းတစ်ခုလုံးရဲ့ အဓိက main point ကလည်းဒီကောင်ပါပဲ ခံတံနဲ့ဆွဲလိုက်တဲ့အရာတွေဟာအလေးချိန်ရှိတဲ့သတ္ထုတွေအဖြစ်ပြောင်းသွားပါတယ် ဒါတွေကိုသုံးပြီးအလုံးကိုရွေ့စေရမှာပါ။ အကယ်ရွေ့ tutorial ကိုသာမကြည့်မိဘူးဆိုရင်ဘာလုပ်ရမှန်းမသိပဲကြောင်တောင်တောင်နဲ့ uninstall လုပ်မိမှာပါ😂) Tutorial ပြီးတဲ့အခါမှာတော့ကိုယ့်စိတ်ကူးရှိသလောက်ဖန်တီးလို့ရတာကိုတွေ့ပြီးဂိမ်းကိုအရမ်းတွေကြိုက်သွားမှာနော်😉။ ရိုးရိုးရှင်းရှင်း mission လေးတစ်ခုမှာဖြစ်နိုင်ခြေသန်းပေါင်းများစွာရှိနေတာကဒီဂိမ်းရဲ့ဆွဲဆောင်မှုပါ။

Mission အောင်တာနဲ့အမျှ coin တွေရမှာဖြစ်ပြီး ဘောပင်အသစ်တွေဝယ်လို့ရပါတယ်။ Basic Mission ရာကျော်ပါဝင်ပြီးတော့ online ရော offline ပါကစားနိုင်ပါတယ်။ ပရိတ်သတ် ၃၅ သန်းကိုဆွဲဆောင်ထားနိုင်တဲ့အချက်ကတော့သူ့ရဲ့ online mode ပါပဲ။ Player ဟာ mission တွေကိုကိုယ်တိုင်ထွင်နိုင်သလိုသူများထွင်ထားတဲ့ mission တွေကိုလည်းစိတ်ကြိုက်ဆော့ကစားနိုင်ပါတယ်။ ဒါ့အပြင် trending ဖြစ်နေတဲ့ mission တွေလူကြိုက်များနေတဲ့ဖန်တီးမှုတွေကိုလည်းနေ့စဉ် update ပေးနေမှာပါ။ အခုလက်ရှိမှာ mission ပေါင်း ၃ သန်းကျော်ကို player တွေကဖန်တီးပြီးပြီဆိုတော့ wow😱 စိတ်ကြိုက် challange လုပ်လို့ရပြီပေါ့နော်။

စာရေးသူကတော့ review လုပ်ဖို့စမ်းဆော့ရင်းနဲ့ဖုန်း battery ကုန်တဲ့အထိဆော့ဖြစ်သွားပါတယ်။ အဲ့ဒီတော့ပရိတ်သတ်ကြီးကိုကြိုမှာချင်တာကဒီဂိမ်းဟာအတော်လေး addictive ဖြစ်ပြီးအချိန်ရောဦးနှောက်ကိုပါစားစေမှာနော်😅။ Playstore နဲ့ app market တွေမှာ feed back ကောင်းတွေရရှိထားပြီးတချို့ဆိုရင်ဒီဂိမ်းဟာဖြတ်ထိုးဉာဏ်ကောင်းဖို့အထောက်အကူပြုတယ်လို့ပြောနေကြပါတယ်။ မကောင်းတဲ့အချက်အနေနဲ့တော့ တစ်ခါတစ်ခါ Ad (ကြေညာ) တွေဝင်လာတတ်ပါတယ်။ Ad တွေမကြည့်ချင်ရင်တော့ Dollar ပေးဝယ်ရမှာပါ😁 ။ ကဲ playon ပရိတ်သတ်ကြီးရေ စိတ်ကူးဉာဏ်တွေကွန့်မြူးဖန်တီးချင်ရင်ပဲဖြစ်ဖြစ်အခြားသူတွေရဲ့ဖန်တီးမှုတွေကိုစိန်ခေါ်ချင်ရင်ပဲဖြစ်ဖြစ် Brain Dots ကိုအောက်က link မှာဒေါင်းယူနိုင်ပါပြီခင်ဗျာ။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password