ဂြိုလ်သားတွေကိုတိုက်ခိုက်ရင်းကမ္ဘာကြီးကိုကာကွယ်ရမယ့် BoBoiBoy Galaxy Run : Fight Aliens to Defend Earth!

Boy ဆိုတဲ့အတိုင်းဒီဂိမ်းမှာ မိတ်ဆွေက လူလတ်ပိုင်းတောင်မရောက်သေးတဲ့ ကလေးတွေနေရာက ကစားရမှာဖြစ်ပါတယ်။ ကလေးတွေဆိုပေမယ့် Nature Energy တစ်ယောက်တစ်မျိုးစီပိုင်ဆိုင်ထားတဲ့ကလေးတွေဖြစ်ပါတယ်။ သူတို့နေရာကနေ မိတ်ဆွေကဂြိုလ်သားတွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။

တိုက်ခိုက်တာကသူတို့တာဝန်ဖြစ်ပြီး မိတ်ဆွေရဲ့တာဝန်ကတစ်ခုသာဖြစ်ပါတယ်။ အဲ့ဒါကတော့ သူတို့သွားရာလမ်းတလျှောက်မှာရှိနေတဲ့ ပန်းရောင်အဆိပ်ပင်တွေမထိမိအောင်၊ ချောက်ကမ်းပါးတွေထဲပြုတ်မကျအောင် လုပ်ဆောင်နေရမှာဖြစ်ပါတယ်။လက်တစ်ချောင်းသာအသုံးပြုပြီး လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် လွယ်ကူတဲ့ဂိမ်းလေးတစ်ခုလို့လဲပြောလို့ရပါတယ်။

သူတို့က Endless ပြေးပြီးဂြိုလ်သားတွေကို တိုက်ခိုက်နေမှာကြောင့် သူတို့ အန္တရာယ်ကင်းအောင် Endless လုပ်ဆောင်ပေး နေရမှာကလည်း မိတ်ဆွေတာဝန်ဖြစ်ပါတယ်။ တစ်ခုခုနဲ့ တိုက်မိသွားရင်တော့ Game Over သွားမှာဖြစ်ပြီး Score တစ်ခုသတ်မှတ်ပေးမှာဖြစ်ပါတယ်။ Score အများကြီးရောက်ပြီး New Record ဖြစ်သွားရင် မတူညီတဲ့နေရာမှာဆော့ကစားရမှာဖြစ်ပါတယ်။

BoBoiBoy Fire, BoBoiBoy Lightning, BoBoiBoy Earth, YaYa, Ying နဲ့ Fang ဆိုပြီး Character ၆ ယောက်ကိုတွေ့ရမှာဖြစ်ပါတယ်။ အပေါ်ကပြောခဲ့သလို Character တွေက မတူညီတဲ့ Nature Energy တစ်ယောက်တစ်မျိုးပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ ပိုင်ဆိုင်တဲ့ Nature Energy မတူညီတဲ့အတွက် ချတဲ့ Combat တွေကိုလည်းတစ်ယောက်တစ်မျိုးတွေ့ရမှာပါ။

  •      BoBoiBoy Fire ဆိုရင် ရန်သူတွေကိုမီးနဲ့ပစ်ပြီး သတ်မှာဖြစ်ပါတယ်။
  •    BoBoiBoy Lightning ကတော့ရန်သူတွေကို လျှပ်စီးကြောင်းနဲ့ သတ်မှာဖြစ်ပါတယ်။
  •     BoBoiBoy Earth ကတော့ ရန်သူတွေကို မြေကြီးလက်သီးပြောင်းပြီး တိုက်ခိုက်မှာဖြစ်ပါတယ်။
  •    YaYa ကတော့ ပန်းရောင်ဘောလုံးလေးတွေပစ်ပြီးရန်သူတွေကို သေစေနိုင်မှာဖြစ်ပါတယ်။
  •    Ying ရဲ့ Power ကတော့ မှော်ပညာဆန်နေပြီး ရန်သူတွေကိုထိလိုက်တာနဲ့သတ်နိုင်မှာပါ။
  •    Fang ရဲ့ Power ကလည်း Ying နဲ့ပုံစံတူ မှော်ဆန်ဆန်ဖြစ်ပြီး အမည်းရောင် Energy တစ်မျိုးနဲ့ပစ်ခတ်ပြီးရန်သူတွေကိုသေစေမှာဖြစ်ပါတယ်။

စစချင်းမှာတော့ မိတ်ဆွေဆော့ရမယ့် Character က BoBoiBoy Fire ဖြစ်နေပြီးကျန်တာတွေကတော့ Lock ဖြစ်နေမှာပါ။ BoBoiBoy Fire နေရာကဆော့ပြီး လမ်းတလျှောက်မှာရှိတဲ့ Lightning တွေကိုလိုက်စုပြီး များလာတဲ့အချိန်ကြရင်တော့ ကျန်တဲ့ Character တွေကို Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ Leaderboard တွေလည်းရှိနေတာကြောင့် Score အများဆုံးရအောင်ဆော့ကစားပြီး Leaderboard ထိပ်ရောက်ရှိအောင်လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

Free To Play ဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ ချစ်စရာကောင်းလှတဲ့ Character တွေကိုတွေ့မြင်ရမှာဖြစ်ပြီး မတူညီတဲ့ Nature Energy အမျိုးမျိုးအသုံးပြုပုံတွေကိုတွေ့မြင်ရမှာဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : BoBoiBoy Galaxy Run : Fight Aliens to Defend Earth

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password