News

နာမည်ကြီး Board Game ‘Terraforming Mars’ – Android နဲ့ iOS ပေါ်ရောက်လာတော့မည်

၂၀၁၆ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ Board Game တစ်ခုဖြစ်တဲ့ Terraforming Mars ဟာ ဒီနောက်ပိုင်းမှာ Board Game Fan တွေကြား တော်တော်ရေပန်းစားလာပါတယ်။ လူကြိုက်များလာတာနဲ့အမျှ နယ်ပယ်ထပ်မံချဲ့ထွင်တဲ့အနေနဲ့ အခြား Platform ပေါ်က Strategy ဂိမ်းချစ်သူတွေကိုပါဦးတည်ပြီး Android, iOS နဲ့ Steam တို့ပေါ်မှာ Digital Game အနေနဲ့ ထုတ်ဝေဖို့စီစဉ်နေပြီဖြစ်ပါတယ်။ Terraforming Mars ရဲ့ Digital Version ကို နာမည်ကြီး Board Game များစွာကို Digitize လုပ်ခဲ့တဲ့ Asmodee Digital ကဖြန့်ချိပေးသွားမှာပဲဖြစ်ပါတယ်။ လုပ်နေကျသူတွေလုပ်တာဆိုတော့ Quality ပိုင်းက စိတ်ချထားလို့ရလောက်ပါတယ်။

Terraforming Mars မှာ ကစားသူတွေက Mars ဂြိုဟ်ကြီးကို လူတွေနေထိုင်လို့ရအောင် ရေ၊ လေ၊ အပင်၊ သက်ရှိတိရစ္ဆာန် စတာတွေကို ဖန်တီးပေးပြီး ဂိမ်းအပြီးမှာ ရမှတ်အများဆုံးရရှိအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ အခုလာမယ့် Digital Release မှာ Single Player Mode ၂ မျိုးပါဝင်မှာဖြစ်ပြီး Board Game ကအတိုင်း တစ်ယောက်တည်းကစားလို့ရသလို AI နဲ့လည်းကစားလို့ရမယ်လို့ဆိုပါတယ်။ ပြီးတော့ Online Multiplayer Mode လည်းပါဝင်မှာဖြစ်သလို အပြင်မှာ သူငယ်ချင်းတွေနဲ့ Device တစ်လုံးတည်းမှာ Pass & Play ပုံစံလည်း ဆော့ကစားလို့ရမှာဖြစ်ပါတယ်။

Steam မှာကတော့ နောက်လ လဆန်းပိုင်းကျရင် Early Access ရမှာဖြစ်ပြီး Android နဲ့ iOS အတွက်ကတော့ နောက်လာမယ့် ၁-၂ လလောက်အတွင်းထွက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

 

terraforming mars

 

terraforming mars

Ref: TA

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: