နှစ်ယောက်ကနေ လေးယောက်အထိဆော့ ကစားနိုင်တဲ့ Multiplayer ဂိမ်းလေးဖြစ်တဲ့ Bloop – Tabletop Finger Frenzy!

Multiplayer ဂိမ်းစစ်စစ်ကြီးဖြစ်တာကြောင့် မိတ်ဆွေတစ်ယောက်တည်ရှိတဲ့အချိန်မှာတော့ပျော်ဖို့ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မိတ်ဆွေရဲ့ မောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့အချိန်မှာတော့ တော်တော်ပျော်ဖို့ကောင်းတဲ့ဂိမ်းလေးဖြစ်ပါတယ်။ ၂ ယောက်ကနေ ၄ ယောက်အထိကစားနိုင်တဲ့ဂိမ်းဖြစ်တာကြောင့် ပိုလို့တောင်ပျော်စရာကောင်းဦးမှာပါ။

ဒီဂိမ်းကမိတ်ဆွေလျင်မြန်မှုကိုစမ်းသပ်မယ့် ဂိမ်းဆိုလည်းမမှားပါဘူး။ ဆော့ပုံဆော့နည်းက လွယ်ကူပြီးရိုးရှင်းပါတယ်။ ဂိမ်းထဲမှာ အပြာရောင်၊ ပန်းရောင်၊ အနီရောင်၊ အစိမ်းရောင် စတဲ့အရောင်လေးတွေရှိနေမှာပါ။ အဲ့ဒီအရောင်လေးတွေထဲက မိတ်ဆွေ စိတ်ကြိုက်တစ်ခုကိုရွေးပြီးတာနဲ့ဂိမ်း ကိုစတင်ဆော့ကစားနိုင် မှာဖြစ်ပါတယ်။ မိတ်ဆွေရွေးထားတဲ့အရောင်လေးတွေကို မိတ်ဆွေက လိုက်နှိပ်ရုံပါပဲ။ တစ်ယောက်တည်းဆိုရင်တော့ အရမ်းလွယ်ကူပါတယ်။


Multiplayer ဆော့မယ်ဆိုရင်တော့ လွယ်တော့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ ပြိုင်ဘက် Player လည်း သူရွေးထားတဲ့အရောင်တွေကို လိုက်နှိပ်မှာမို့လို့ ပါ။ 2 Player ဆိုရင်သိပ် မသိသာပေမဲ့ 3 Player, 4 Player ဆော့ရင်တော့ အရမ်းခက်လာတာကိုတွေ့ရမှာပါ။ 4 Player ဆော့ရင်တော့ လက်အချင်းချင်းတိုက်မိပြီး လက်သည်းနဲ့ခြစ်မိရင်တော့ ရန်ထဖြစ်ရမှာပဲဖြစ်ပါတယ်။

ကျွန်တော်တော့အဲ့လို အချိန်အနေကိုကောင်းကောင်းသိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကအဲ့ဒီအခြေအနေကိုကြုံဖူးတာကြောင့်ပါ။ အဲ့ဂိမ်းဆော့ရင်းကျွန်တော့်လက်သည်းနဲ့ ခြစ်မိလို့ ကျွန်တော့်သူငယ်ချင်းကျွန်တော့်ကို ထ ဆဲတဲ့အဖြစ်ပါ။ ရိုးရှင်းပြီး ပျော်ဖို့ကောင်းတဲ့ Mini အမျိုးအစားထဲမှာပါဝင်ပါတယ်။

Free To Play တော့မဟုတ်ပါဘူး။ Playstore မှာ မြန်မာငွေ ၅၄၃၉ကျပ် နဲ့ရယူနိုင်ပါတယ်။ App Store မှာတော့ Dollar 4.99$ နဲ့ရယူနိုင်ပါတယ်။

Mini ဂိမ်းတစ်ခုကို ပိုက်ဆံ ၅၀၀၀ နဲ့ဝယ်ဆော့ရမယ်ဆိုတော့ မတန်ဘူးလို့ မိတ်ဆွေထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ချင်တဲ့နေရာ၊ ခင်မင်ရင်းနှီးအောင်လုပ်ဆောင်ချင်တဲ့နေရာ၊ အားလပ်ချိန်တွေမှာ ရယ်ပြီးပျော်ပါးချင်တဲ့နေရာ၊ စတဲ့နေရာတွေမှာ အရမ်းအသုံးဝင်တဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံ ၅၀၀၀ဆိုပေမဲ့သက်သက်သာသာဝယ်နိုင်တဲ့နည်းလမ်းလေးဖော်ပြပါရစေ။ အဲ့ဒါကတော့ ဆော့မယ့်သူ လေးယောက် မျှပြီးဝယ်ရမယ့်နည်းလမ်းပဲဖြစ်ပါတယ်။ တစ်ယောက်ကို ၁၀၀၀ ကျော်ပဲကုန်ကျမှာပါ။ တစ်ယောက်ကို တစ်ထောင်ရင်းနှီးပြီးလေးယောက် ပျော်ပျော်ပါးပါးဆော့နိုင်တာကြောင့် တွက်ခြေအလွန် ကိုက်မှာပါ။

Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး အပေါင်းအဖော်တွေနဲ့ပျော်ပျော်ပါးပါးဆော့နိုင်တဲ့ဂိမ်းဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.noodlecake.bloop

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password