ArticleNewsReviews

Dark Souls စတိုင် RPG ဂိမ်း Blood Souls

ဘော်ဒါတို့ရေ… ပိတ်ရက်မှာ ဘာဂိမ်းတွေ ကစားရမလဲဆိုပြီး ရွေးရခက်နေလား???

ထွက်လာတဲ့ ဂိမ်းတွေများလွန်းလို့ ဘယ်ဂိမ်းကစားရမှန်း မသိတဲ့ ဘော်ဘော် တို့အတွက် ဂိမ်းလေးတစ်ခုကို အက်မင် ရွေးချယ် ပေးထားပါတယ်။ ဂိမ်းလေးရဲ့ နာမည်ကတော့ Blood Souls ပါ။ ဂိမ်းက နာမည်နဲ့တင် အရမ်းမိုက်နေတယ်ရော်… နာမည်တင် မိုက်တာ မဟုတ်ပါဘူး။ Graphics ကော Audio ပိုင်းရော Gameplay စတိုင်ရော အားလုံး အားလုံး အရမ်းကို မိုက်ပါတယ်။ ကဲကဲ… RPG ပရိသတ်တွေ ဆိုရင် ဆက်ပြီး ဖတ်သွားကြည့်ပေးပါနော်။

Blood Souls Arena က Dark Souls စတိုင် အက်ရှင် RPG ဂိမ်းတစ်ခုဖြစ်ပါတယ်။ Blood Souls နဲ့ Dark Souls ဆိုတော့ နာမည်ကလည်း သိပ်ပြီးမကွာလှပါဘူး။ ဒါပေမယ့် သူတို့ကို ထုတ်လုပ်ဖန်တီးတဲ့ developer နဲ့ platform ကတော့ ကွာခြားပါတယ်။ Dark Souls ကို မိုဘိုင်းလ်မှာ ကစားလို့ မရသေးပါဘူး။ Blood Souls က Dark Souls စတိုင်ဆိုတော့ Dark Soul ကို မိုဘိုင်လ်းမှာ ကစားချင်သူတွေအတွက် ကွက်တိပဲပေါ့နော်။

ဂိမ်းထဲမှာ Player က Skeletons, Demons, Zombies နဲ့ အခြား အကောင်တွေနဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ Class တစ်ခုစီမှာ ကွဲပြားတဲ့ Skill ၂၅ခု ပါဝင်ပြီး သူတို့တွေထဲက ၆ခု ကိုရွေးချယ် ကစားနိုင်ပါတယ်။ ဂိမ်းထဲမှာ မှော်စွမ်းအင်တွေသာမက အခြား အင်အား ပြင်းထန်တဲ့ လက်နက် ကိရိယာတွေကိုပါ တွေ့ရမှာပါ။ ဒီဂိမ်းလေးက သူငယ်ချင်းတွေနဲ့ အတူတူ PvP တိုက်ပွဲတွေ ဆင်နွှဲချင်သူတွေအတွက် တကယ့်ကို အခွင့်ကောင်းဂိမ်းလေးတစ်ခုပါ။

Blood Souls ထဲမှာ ကစားမယ့် ဇာတ်ကောင်ပုံစံကို ကိုယ်တိုင် စိတ်ကြိုက် ပုံဖော်နိုင်ပါတယ်။ ဂိမ်းထဲကို စပြီး ဝင်လိုက်ရင်ပဲ ကြီးမားတဲ့ လက်နက်ကြီးတွေ နဲ့ ရတနာ တွေက သင့်ကို ကြို ဆိုနေတာကို တွေ့ရမှာပါ။ အဲ့တာတင် မကသေးပါဘူး။ ခြောက်ခြားစရာ နေရာတွေကိုလည်းဖြတ်သွားရမှာနော်။ Blood Souls ရဲ့ ကောင်းကွက်တစ်ခု ရှိပါသေးတယ်။ အဲ့တာကတော့ Android ဖုန်းတိုင်းလိုလို နဲ့ ကိုက်ညီမှုရှိတာပါ။ (iOS ကလွဲရင်ပေါ့နော်) လစဉ် update တွေကလည်း သင့်ကို လုံးဝ ရိုးအီသွာစေမှာ မဟုတ်ပါဘူး။

အဲ့တာကြောင့် အကယ်၍ သင်က တိုက်ရ ခိုက်ရတာ ကို ဝါသနာပါရင် ဒီဂိမ်းလေးကို သေချာပေါက်ကစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ နမူနာ ဗီဒီယို လေးကိုတော့ အောက်မှာ ဝင်ကြည့်သွားလို့ရပါတယ်။

APK Pure ရဲ့ ဒေါင်းလုတ် လင့်ခ်လေးကို အောက်မှာ ချပေးထားပါတယ်။

Download link – Android (Playstore, APKpure)

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password