Bro တို့ရဲ့ ခန့်မှန်းနိုင်မှုအတိုင်းအတာကိုစမ်းသပ်ပေးနိုင်မယ့် Block! Hexa Puzzle

Puzzle ဂိမ်းလေးတစ်ခုဖြစ်ကြောင်းဉီးစွာပြောပါရစေ။ စဉ်းစားရတာထက် ခန့်မှန်းရတာပိုများတဲ့ Puzzle ဂိမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ ဂိမ်းဆော့ရမယ့်ပွဲထဲဝင်ပြီဆိုရင် မိတ်ဆွေကိုဖော်ပြပေးထားမှာက နှစ်ခုသာဖြစ်ပါတယ်။ အဲ့ဒါကတော့ မိတ်ဆွေ ထိန်းချုပ်ရမယ့် Puzzle အတုံးလေးတွေနဲ့ အဲ့ဒီ Puzzle အတုံးတွေကို သွားထားရမယ့်နေရာ ဖြစ်ပါတယ်။

ထားရမယ့်နေရာက နေရာလွတ်ဖြစ်နေပြီး လွတ်နေတဲ့နေရာကို ပေးထားတဲ့ Puzzle အတုံးလေးတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်ထားရမှာကမိတ်ဆွေရဲ့တာဝန်ဖြစ်ပါတယ်။ ဂိမ်းတစ်ပွဲမှာ မိတ်ဆွေကို Puzzle အတုံး ၃ခု (သို့) ၃ခု အထက်ပေးထားမှာဖြစ်ပါတယ်။ Puzzle တစ်ခုနဲ့တစ်ခုက အရောင်တူနေမှာမဟုတ်သလို ပုံစံတွေကလည်းတူညီမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ မိတ်ဆွေအာရုံများအောင် အသုံးမလိုတဲ့ Puzzle လေးတွေပါပေးထားမှာဖြစ်လို့ သတိထားဆော့ရမှာဖြစ်ပါတယ်။ အချိန်သတ်မှတ်မှုမရှိတာကြောင့် အရမ်းသံသယကြီးနေပြီး လောနေစရာမလိုဘဲ အေးအေးဆေးဆေးဆော့နိုင်မှာပါ။

ဂိမ်းကရိုးရှင်း နေပေမယ့် ထင်သလောက်တော့ လွယ်ကူနေမှာမဟုတ်ပါဘူး။ ဆော့တာများလာတာနဲ့ စွဲမက်လာမယ့်ဂိမ်းထဲမှာပါဝင်ပါတယ်။ In-game System လေးတစ်ချက်လောက်ပြောပါ့မယ်။

ဒီဂိမ်းမှာ မိတ်ဆွေဆော့နိုင်တဲ့ Level က ၃၀၀ ကျော်လောက်ရှိပါတယ်။ Basic နဲ့ Premium ဆိုပြီးအမျိုးအစား နှစ်မျိုးပိုင်းထားပါတယ်။

  • Basic အမျိုးအစားမှာတော့ Novice, Intermediate, Regular A, Rainbow A, Advanced, Expert, Proficient, Master, Letter, Regular B, Rainbow B, 5 Mania, 6 Mania နဲ့ 7 Mania ဆိုပြီး အမျိုးအစားတွေထပ်မံရှိနေဉီးမှာ ဖြစ်ပါတယ်။
  • Premium ကလည်း Basic နဲ့နည်းတူ Mavin, Specialist, Regular C, Rainbow C, Super, Champion, Hero, Regular D, Rainbow D, 8 Mania, 9 Mania, Hexa-art နဲ့ Hexa-art 2 ဆိုပြီးအမျိုးအစားခွဲထားပါသေးတယ်။

စစချင်းမှာ Basic အခြမ်းကပဲ Unlock ဖြစ်နေမှာပါ။ Level တွေက အလွယဆုံးကနေအခက်ဆုံး အဆင့်ဆင့်စီထားတာဖြစ်တာကြောင့် Premium ဘက်မှာဆော့ရမယ့် Level တွေကခက်နေမှာပါ။ Level တွေကခက်လာမှာဖြစ်လို့ မိတ်ဆွေမစဉ်းစားနိုင်တော့ဘူးဆိုရင် သဲလွန်စ ရယူနိုင်မယ့် Option လည်းရှိပါသေးတယ်။ အဲ့ဒီ Option ကိုအသုံးပြုလိုက်ရင် Puzzle ထားနိုင်တဲ့နေရာတစ်ခုကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အရေအတွက်အကန့်အသတ်နဲ့သုံးရမှာကြောင့် တကယ်လိုအပ်မှသာအသုံးပြုသင့်တဲ့ Option ဖြစ်ပါတယ်။

Free To Play ပါ။ Android  နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Connection မလိုအပ်ဘဲဆော့ကစားနိုင်တဲ့ အပြင် Brain Refresh လုပ်ချင်တဲ့အချိန်တွေမှာအသုံးတည့်တဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Block! Hexa Puzzle 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password