Blizzard က Mobile ဂိမ်းအသစ်ရေးဆွဲနေတာလား

နာမည်ကျော် StarCraft ၊ World of Warcraft နဲ့ Overwatch ဂိမ်းတွေကို ရေးဆွဲထုတ်လုပ်ခဲ့တဲ့ Blizzard Entertainment ဟာ ကမ္ဘာတစ်ဝန်းက Gamer တွေရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းကိုခံရတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Blizzard က တစ်ခုခုလုပ်ပြလိုက်တိုင်း Gaming Community တစ်ခုလုံး လှုပ်လှုပ်ရွှရွှဖြစ်သွားတာ ထုံးစံလိုပါပဲ။ အခုလည်းပဲ ပြီးခဲ့တဲ့ရက်ပိုင်းက Blizzard တင်ခဲ့တဲ့ အလုပ်ခေါ်စာတစ်ခုကြောင့် Gamer တွေအားလုံး သို့လောသို့လော ဖြစ်သွားကြပါတယ်။

အဆိုပါ အလုပ်ခေါ်စာမှာ Blizzard ဟာ သူ့ရဲ့ နာမည်မတပ်ထားတဲ့ Project တစ်ခုအတွက် Unity Mobile Client Engineer အလိုရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။ အဲဒါကြောင့် လူတွေက Blizzard ရဲ့ နာမည်မတပ်ထားတဲ့ အဆိုပါ Project အပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပါတယ်။ Icy Veins Website ကတော့ အဆိုပါ Project ဟာ Android/iOS Platform တွေမှာဆော့ကစားရမယ့် MMO RTS (Massively Multiplayer Online Real-Time Strategy) ဂိမ်းတစ်ခုဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

Gaming Community တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့ Blizzard က အဆိုပါ အလုပ်ခေါ်စာ စာမျက်နှာကို ချက်ချင်းလိုလိုပဲ သူ့ရဲ့ Website ပေါ်ကနေ ဖယ်ရှားလိုက်ပါတယ်။ Leak လုပ်လေ့လုပ်ထမရှိတဲ့ Blizzard အနေနဲ့ အခုအခြေအနေကိုမနှစ်သက်လို့ ပြန်လည်ရုတ်သိမ်းလိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Icy Veins က အဆိုပါ စာမျက်နှာကို အမိအရ သိမ်းဆည်းထားလိုက်နိုင်ပါတယ်။

ထုတ်လိုက်တဲ့ဂိမ်းတိုင်းက အပျံစားတွေပဲဆိုတော့ Blizzard က ဂိမ်းအသစ်ရေးဆွဲနေတယ်ဆိုတာဟာ Hype သင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘာမှတိတိပပ မပြောနိုင်သေးပါဘူး။ ဒါကြောင့် လာမယ့် နိုဝင်ဘာလ ၃-၄ ရက်နေ့တွေမှာကျင်းပမယ့် BlizzCon 2017 မှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ခုခုကြေညာမလားဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Information အသစ်တွေရရှိခဲ့ရင်လဲ ဒီနေရာကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password