ArticleNews

‘Heroes of the Storm’ esports အစီအစဉ်ကိုဖျက်သိမ်းလိုက်တဲ့ Blizzard

Blizzard က “Heroes of the Storm” esports event ကို အဆုံးသတ်တော့မယ့် အကြောင်းကို မကြာသေးမီအချိန်က ဖွင့်ချခဲ့ပါတယ်။ Blizzard ဟာ MOBA က developer အချို့ကို အခြား ပရောဂျက်ကို ရွေ့ပြောင်းပြီး သူ့ရဲ့ တရားဝင် “Heroes of the Storm” esports ရဲ့ structure တွေကို လက်စသတ်တော့မှာပါ။ အခုလို ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး Blizzard က developer တွေကို Heroes of the Storm ကနေ အခြား အသင်းဆီ ပို့တာက တကယ့်ကို ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ပြောထားပါတယ်။ ထပ်မံ ပြီး တော့လည်း အခုလို ဆုံးဖြတ်ချက်က ပထမဦးဆုံး အကြိမ်မဟုတ်ကြောင်း၊ Diablo II, World of Warcraft, StarCraft II, Overwatch တို့ကို လည်း အရင်က ခုလို ဆုံးဖြတ်ချခဲ့ကြောင်းကို ပြောခဲ့ပါတယ်။

ခုလို ဆုံးဖြတ်ချက်ချခဲ့ရပေမယ့် Heroes of the Storm က Blizzard World မှာ ဂိမ်းအဖြစ် ဆက်ပြီး တည်ရှိနေမယ်လို့ သိရပါတယ်။သူ့ရဲ့ blog post ထဲမှာတော့ developer အချို့အတွက် free-to-play MOBA ခေါင်းစဉ်မှ အခြား ပရောဂျက်တစ်ခုစီ ပြောင်းလဲတာဟာ ခက်ခဲတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထို့အတူပဲ ယူအက်စ် ရဲ့ အကြီးမားဆုံးသော ကောလိပ် eSports အစီအစဉ်တွေဖြစ်တဲ့ “Heroes of the Dorn” နဲ့”Heroes Global Championship” တို့လည်း ၂၀၁၉ မှာ ရောက်ရှိလာမှာ မဟုတ်တော့ဘူးလို့ ဖော်ပြထားပါတယ်။

“ဒီပရိုဂရမ်တွေအတွက် အဖွဲ့အစည်းက ထားရှိတဲ့ အချစ်က အရမ်းကို နက်ရှိုင်းပါတယ်။ ဒါပေမယ့် ဒါက ကစားသမား တွေနဲ့ပရိသတ်တွေ မှန်းထားတဲ့ စံသတ်မှတ်ချက်ကို မရောက်ရှိနိုင်တာကြောင့် အခုလို လုပ်ရတာကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော်တို့ ခံစားမိပါတယ်။”

လို့ လည်း blog post မှာ ဖော်ပြထားပါတယ်။

HOTS (Heroes of the Srorm) Esports အစီအစဉ် ဖျက်သိမ်းတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့လည်းနောင်လာမယ့် ပွဲစဉ်တွေကို ထပ်ပြီး တွေ့ရတော့မှာ မဟုတ်တော့ပါဘူး။

HOTS က ၂၀၁၅ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ update အသစ် 2.0 ကို ၂၁၁၇ ခုနှစ် April လမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ Blizzard က HOTS ကို update အသစ်တွေ၊ events၊ character တွေနဲ့ ဆက်လက် ထောက်ပံ့သွားဖို့ လုပ်ထားပေမယ့် Esports ဘက်က အင်အား လျော့သွားတာကြောင့် အရင်လိုတော့ အောင်မြင်တော့မှာ မဟုတ်ပါဘူး။ အမာခံ ပရိသတ်တွေနဲ့ ပြိုင်ပွဲ စီးရီးတွေ မရှိတော့ရင် development ပိုင်းကို ဆက်ထိန်ဆက်ထိန်းဖို့ ဆိုတာ မလွယ်တော့ပါဘူး။ တဖြေးဖြေးနဲ့ နာမည် ပျောက်သွားနိုင်ပါတယ်။

Playon ကဘော်ဒါတို့တွေကော… Blizzard ရဲ့ အခု ဆုံးဖြတ်ချက်ကို ဘယ်လိုမြင်ကြလဲ ???

Ref: 1, 2

Tags:

Register New Account
Reset Password