
World of Warcraft, Overwatch, Diablo, Warcraft နဲ့ Destiny တို့ကို လွှမ်းမိုးသွားတဲ့ ကြေညာချက် တစ်ခုကို Blizzcon က ထုတ်ပြန်လိုက်ပါတယ်။ ပရိသတ် အများအပြား ဟာလည်း Blizzard ကို PC ဗားရှင်းနဲ့ ဆက်စပ်နေတဲ့ Diablo ပရောဂျက်ကိုထုတ်ပြန်ပေးဖို့ အတွက်မျှော်လင့်ထားကြတာပါ။ ပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်း Diablo ဂိမ်းတစ်ခု ကို ကုမ္ပဏီဘက်မှ ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဂိမ်းရဲ့ နာမည်က Diablo Immortal ဖြစ်ပြီး ဂိမ်းအမျိုးအစားကတော့ Massively Multiplayer Online Action-Role-Playing (RPG)ဖြစ်ပါတယ်။
Diablo Immortal ထွက်ရှိမယ့်ရက်ကို အခုထိတော့ သေချာ မသိရှိရသေးပါဘူး။ ဒါပေမယ့် Android နဲ့ iOS နှစ်ခုလုံးပေါ်ကို ရောက်ရှိမယ်ဆိုတာကတော့ သေချာ ပါတယ်။ Blizzard က အရင် ဂိမ်းတွေလို PC ဗားရှင်းနဲ့ မဟုတ်ဘဲ အခုလို မိုဘိုင်းလ် ဗားရှင်းကို ကြေညာလိုက်တဲ့အတွက် gamer တော်တော်များများကတော့ အံ့သြတုန်လှုပ်သွားကြပါတယ်။
အကယ်၍သင်က Diablo fan ဆိုရင် Diablo Immortal က Diablo II : Lords of Destruction နဲ့ Diablo III တို့နှစ်ခုပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုဆိုရတာကို ကြည့်လိုက်တာနဲ့သိမှာပါ။ MMOARPG ဂိမ်းတစ်ခုဖြစ်တာကြောင့် ဂိမ်းကမ္ဘာကြီးထဲမှာ ကိုယ်နဲ့ သိတဲ့ အခြား သူငယ်ချင်း player တွေကိုလည်းတွေ့နိုင်ပါတယ်။ သူတို့ကို အန္တရာယ်များတဲ့ လက်နက်တွေနဲ့ ပြန်လည် တိုက်ခိုက်လို့ ရပါတယ်။
Diablo Immortal မှာ ဇာတ်ကောင် အမျိုးအစား ၆ မျိုးထည့်သွင်းထားတယ်လို့ သိရပြီး သူတို့တွေကတော့ Barbarian, Crusader, Demon Hunter, Monk, Necromancer နဲ့ Wizard တို့ဖြစ်ကြပါတယ်။ ဇာတ်ကောက်တစ်ယောက်ချင်းဆီမှာ စွမ်းအား အသစ်တွေနဲ့ စွမ်းရည် အသစ်တွေ ရှိပါတယ်။ Blizzard ရဲ့ အဆိုအရ အနာဂတ်မှာ အခြား ဇာတ်ကောင်တွေကို လည်း ထပ်ဖြည့်ပေးသွားမယ်လို့ သိရပါတယ်။ သူ့ရဲ့ ပြောကြားချက် အနည်းငယ်ကို အောက်မှာဖော်ပြပေးထားပါတယ်။
“ရှင်သန်ခြင်း နဲ့ မှီတင်းနေထိုင်မှု တွေအပြင် အခြား အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ အတွေ့အကြုံ သစ်တွေ ကို ဖန်တီးရင်းနဲ့ storyline အသစ်တွေ၊ ကစားနိုင်မယ့် ဇာတ်ကောင်အမျိုးအစားတွေ၊ Loot အသစ်တွေ နဲ့ စိတ်ခေါ်မှု အသစ်တွေကို Diablo Immortal ထဲမှာ ပုံမှန်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ သင့်ရဲ့ သူငယ်ချင်း၊ ဘော်ဒါ ဘော်ကျွတ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်လို့လည်းရပါတယ်။”
လို့ Blizzard က ပြောထားပါတယ်။
မိုဘိုင်းလ် အသုံးပြုသူများအနေနဲ့ တိုက်ရိုက် Pre-register လုပ်နိုင် မှာဖြစ်ပြီး အထူး special ဆုလာဒ်များကိုပါ တစ်ခါတည်း ရယူနိုင်မယ်လို့ သိရပါတယ်။
Pre-register link – https://diabloimmortal.com/en-us/
နမူနာ ဗီဒီယိုလေးကို အောက်မှာ ကြည့်လို့ ရပါတယ်။ ဂိမ်းလေးကို စိတ်ဝင်စားရင်တော့ reward တွေရရှိအောင် အခု ပဲ ဖြစ်ဖြစ် pre-register လုပ်ထားလိုက်ပါတော့နော်… ??)