ဆော့ပြီးရင် မရပ်ချင်တော့အောင် ဆွဲဆောင်ထားမယ့် Blades of Brim

Blades of Brim ဆိုတာကတော့ နာမည်ကျော် Subway Surfers ကိုရေးဆွဲခဲ့တဲ့ developer တွေရဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ သူ့ရဲ့အစ်ကိုဖြစ်တဲ့ Subway Surfers လိုမျိုးပဲ Endless Runner ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ Blades of Brim ဟာဆိုရင် developer တွေရဲ့ winning formula ဖြစ်တဲ့ Subway Surfers ကို အဆင့်မြင့် မွန်းမံထားတာမို့ မကောင်းပါဘူးလို့ပြောရင်တောင် ယုံရခက်စေမှာပါ။

Blades of Brim ဟာဆိုရင် Endless Runner ဂိမ်းဖြစ်တာနဲ့အညီ ကစားသူဟာ လမ်းတစ်လျှောက်မှာရှိတဲ့ အတားအဆီးတွေကို လွတ်အောင်ရှောင်ပြီး အကြွေစေ့တွေကို လိုက်စားရမှာပါ။ Endless Runner ဆိုတဲ့အတိုင်း ဝေးနိုင်သမျှ ဝေးဝေးပြေးပြီး တတ်နိုင်သလောက် ရမှတ်များများရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလောက်အထိကတော့ သူသူငါငါ ဒီ genre ထဲကဂိမ်းတွေအားလုံး အတူတူပါပဲ။ ဒါပေမယ့် Blades of Brim မှာတော့ ထူးထူးခြားခြား mechanic တစ်ခုအပိုပါလာပါတယ်။ အဲဒါကတော့ ပြေးနေရင်း လမ်းတစ်လျှောက်မှာရှိတဲ့ ရန်သူတွေကို မိမိ Hero ကိုင်ဆောင်ထားတဲ့ လက်နက်နဲ့ နှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။

 .         

ရန်သူကို တိုက်ခိုက်ရတာကလည်း ရှုပ်ရှုပ်ထွေးထွေးမဟုတ်ပါဘူး။ Endless Runner ဂိမ်းတွေရဲ့ ထုံးစံအတိုင်း အသုံးပြုနေကျ control တွေကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ ဘယ်ညာကို ပွတ်ဆွဲရင် လက်နက်နဲ့ တိုက်ခိုက်မှာဖြစ်ပြီး ခုန်မယ်ဆိုရင် အပေါ်၊ လျှောထိုးမယ်ဆိုရင် အောက်ကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။ ရန်သူတွေကလည်း အမျိုးမျိုးပါဝင်ဦးမှာပါ။ လေပေါ်ပျံနေတဲ့အကောင်တွေပါဝင်သလို Wizard တွေလည်း ပါဝင်ပါတယ်။ ရန်သူတစ်မျိုးချင်းစီကို ရင်ဆိုင်ရပုံချင်းကလည်း ကွဲပြားသေးတဲ့အတွက် gameplay က အရမ်းပျင်းစရာ မကောင်းတော့ပါဘူး။

ဒါ့အပြင် လမ်းတစ်လျှောက်မှာလည်း Portal တွေထဲ ဝင်ရောက်ပြီး ရတနာသေတ္တာတွေ ရယူနိုင်ဦးမှာပါ။ Portal အတွင်းက zone တွေကလည်း အမျိုးမျိုးရှိသလို Portal ထဲ ဝင်လိုက်ရင် random zone တစ်ခုကို ရောက်သွားမှာ ဖြစ်ပါတယ်။ Zone တွေကလည်း difficulty မတူတဲ့အတွက် gameplay က အရမ်း linear မကျပဲ ဆော့ရတာ စိတ်ဝင်စားဖို့ ကောင်းစေပါတယ်။ ကိုင်ဆောင်ရတဲ့ လက်နက်တွေကလည်း အမျိုးမျိုးပါဝင်ဦးမှာဖြစ်ပြီး စိတ်ဝင်စားဖွယ် Passive နဲ့ Active ability တွေလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် အစွမ်းထက်တဲ့ အကောင်လေးတွေကို ဆင့်ခေါ်ပြီး ရန်သူတွေကို တိုက်ခိုက်ခိုင်းလို့ ရဦးမှာ ဖြစ်ပါတယ်။

ဒီဂိမ်းဆော့ရတာ အားအရဆုံးအပိုင်းကတော့ လေထဲမှာ wall-ride ပြီး combo တွေ ဆက်ရတာကိုပါပဲ။ မိမိ skill ကြမ်းလာပြီဆိုရင်တော့ လေထဲမှာတင် zone တစ်ခုပြီးသွားတဲ့အထိ combo တွေ ဆက်နိုင်ပါတယ်။ Runner ဂိမ်းကို action ထည့်သွင်းပေါင်းစပ်ထားတဲ့ ဒီဂိမ်းဟာ သာမန် runner ဂိမ်းတွေကို ငြီးငွေ့နေသူတွေအတွက် အပြောင်းအလဲအနေနဲ့ကစားဖို့ အထူးသင့်လျှော်ပါတယ်။ ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ Endless Runner ဂိမ်းလေး Blades of Brim ကိုတော့ Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာဖြစ်လို့ ခပ်မြန်မြန်ပဲ စမ်းဆော့ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Image Sources:

https://www.facebook.com/sybogames/

https://itunes.apple.com/us/app/blades-of-brim/id891278325?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password