Black Desert Mobile ရဲ့ နောက်ဆုံးထွက် Trailer မှာ အလန်းစား Action တွေကိုကြည့်နိုင်ပြီ

Black Desert Mobile ဆိုတာကတော့ PC က MMORPG တစ်ခုဖြစ်တဲ့ Black Desert Online ရဲ့ Mobile Version လို့ပဲပြောရမှာပါ။ သတင်းထွက်နေတာကြာပြီဖြစ်ပြီး Media Showcase လုပ်မယ့်ရက်နီးလာတာနဲ့အတူ Teaser Trailer တွေ တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြသလာပါတယ်။

ပထမဗွီဒီယိုမှာတော့ လောလောဆယ်အထိ ပါဝင်မယ်လို့ Confirm လုပ်ပြီးဖြစ်တဲ့ Warrior ၊ Ranger ၊ Giant ၊ Witch နဲ့ Valkyrie Class တွေရဲ့ ချကွက်တွေကို ပြသထားပါတယ်။ တော်တော်လန်းတယ်ဆိုတာကိုတော့ ဝန်ခံရမှာပဲဖြစ်ပါတယ်။ Flashy ဖြစ်တဲ့ Animation တွေကိုနှစ်သက်သူတွေကတော့ သဘောကျကြမှာသေချာပါတယ်။ Mobile ပေါ်က MMORPG တွေကို သိပ်ဂရုမစိုက်တတ်တဲ့ကျွန်တော်တောင် နည်းနည်းစိတ်ဝင်စားသွားပါတယ်။

ဒုတိယဗွီဒီယိုမှာကျတော့ Character Customization ဘယ်လောက်အထိ လုပ်လို့ရလဲဆိုတာကို ပြထားပါတယ်။ Character Design တွေကလည်း Asian Game တွေထုံးစံအတိုင်း ဖလန်းဖလန်းထနေပါတယ်။ ကိုယ့် Character ကို နာရီနဲ့ချီအချိန်ယူပြီး လုံးဝ Perfect ဖြစ်အောင် ဖန်တီးတတ်တဲ့ ကိုကိုမမတွေကတော့ သဘောတွေ့ကြမှာပါ။

လောလောဆယ်မှာတော့ Black Desert Mobile နဲ့ပတ်သက်တဲ့အချက်အလက်က ဒီလောက်ပဲသိရပါသေးတယ်။ ထွက်ရှိမယ့်ရက်၊ ကစားလို့ရမယ့် Platform ၊ Combat Control System စတဲ့သေးစိတ်အချက်အလက်တွေကိုတော့ လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့မှာပြုလုပ်မယ့် Media Showcase မှာကြေညာမလားဆိုတာကို စောင့်ကြည့်ရမှာပါ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password