News

‘Black Desert Mobile’ Global Release အတွက် ထွက်ရှိမယ့်ရက်တွေ ကြေညာလိုက်ပြီ

MMORPG နဲ့ မစိမ်းတဲ့သူတွေကတော့ Black Desert Mobile အကြောင်းကို ကြားမိကြလောက်မှာပါ။ ဒါပေမယ့် အခုမှကြားဖူးမယ့်သူတွေအတွက် အနည်းငယ်ရှင်းပြလိုပါတယ်။ ‘Black Desert Mobile’ ဟာ ကိုရီးယား Developer တစ်ဦးဖြစ်တဲ့ Pearl Abyss ရဲ့ နာမည်ကျော် ‘Black Desert Online’ ကို Mobile အသွင်ပြောင်းထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ နှစ်လယ်လောက်ကတည်းက ကြေညာထားခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီလကုန်မှာ ကိုရီးယားနိုင်ငံသီးသန့် Release လုပ်ပေးခဲ့ပါတယ်။ ‘Black Desert Mobile’ ဟာ သူ့ရဲ့ အင်မတန် လှပလွန်းတဲ့ Graphic ကြောင့် Mobile MMORPG ပရိသတ်တွေရဲ့ အထူးတလည် အာရုံစိုက်ခြင်းခံရတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

ကိုရီးယားဘာသာစကားနဲ့ မဆော့ချင်သူတွေက ဘယ်တော့များ Global Version ထွက်မလဲစောင့်မျှော်နေကြတာ လည်ပင်းလည်း တော်တော်ရှည်နေရပါပြီ (ကျွန်တော်အပါအဝင်ပါ)။ ဒါပေမယ့် နောက်ဆုံးတော့ Pearl Abyss က Global Release အတွက် သတ်မှတ်ထားတဲ့ ရက်တွေကို ထုတ်ပြန်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ထိုင်ဝမ်နိုင်ငံမှာ၂၀၁၈ ဇွန်-စက်တင်ဘာ အတွင်း ထုတ်ပေးသွားမှာဖြစ်ပြီးတော့ SEA Region ဟာလည်းပဲ အဆိုပါအချိန်အတွင်း (သို့) အဆိုပါအချိန်နဲ့ကပ်ရပ်မှာပဲ စတင်ဆော့ကစားလို့ရမှာပါ။ မြောက်အမေရိကနဲ့ ဥရောပတို့အတွက်ကတော့ ၂၀၁၉ ဇန်နဝါရီ-မတ် လောက်ကျမှာ ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။

Mobile MMORPG ကောင်းကောင်း ဆော့ချင်တယ်ဆိုတဲ့သူတွေကိုတော့ ဒီဂိမ်းလေးကို နားစွင့်နေကြဖို့ တိုက်တွန်းလိုပါတယ်။ ဘာကြောင့်တိုက်တွန်းရတယ်ဆိုတာကတော့ အောက်မှာပြထားတဲ့ Trailer လေးမှာသာ အဖြေရှာကြည့်လိုက်ပါလို့။

Ref: MMO Culture

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password