ဆိုင်ကယ်မောင်းရတာဝါသနာပါသူ Mobile Player များအတွက် Bike Race!

ဆိုင်ကယ်ကို ပြိုင်ပွဲမှာပြိုင်မောင်းနေရမှာမဟုတ်ပဲ တစ်ယောက်ထဲအေးအေးဆေးဆေး မောင်းနိုင်မဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။ တစ်ယောက်ထဲလျှောက်မောင်းနေရမှာလဲမဟုတ်ပြန်ဘူးဗျ။ သတ်မှတ်ထားတဲ့နေရာကိုသွားရမှာပါ။ သွားတဲ့လမ်းတလျှောက်က ဖြောင့်ဖြုးနေမှာမဟုတ်ပါဘူး။ နေရာလွတ်တွေတို့၊ ကွေ့ကောက်နေတဲ့ လမ်းတို့ရှိနေမှာပါ။ နေရာလွတ်တွေမှာ ပြုတ်မကျအောင်၊ ကွေ့ကောက်နေတဲ့လမ်းတွေမှာ ဆိုင်ကယ်မမှောက်အောင် မိတ်ဆွေကထိန်းပြီးမောင်းရမှာဖြစ်ပါတယ်။ မိတ်ဆွေမထိန်းနိုင်လို့ ဆိုင်ကယ်မှောက်သွားရင်တော့ Game Over မှာဖြစ်ပါတယ်။

 

ကျွန်တော်ပြော ခဲ့တာတွေကိုကြည့်ရင်တော့ လွယ်တယ်လို့ ထင်ရပေမဲ့ တကယ်ဆော့ကြည့်ရင်ခက်ပါတယ်။ Bike Race ဆိုတဲ့ဂိမ်းလေးက Mini Racing ဂိမ်းလေးဖြစ်ပေမဲ့ ခက်တဲ့ ဂိမ်းထဲမှာပါဝင်ပါတယ်။ In-Game System အကြောင်းလေးစတင်ပါရစေ။

 

ဂိမ်းစစချင်းမှာ Single Player, Multiplayer, Duel, Tournevs ဆိုပြီး Option တွေရှိနေမှာပါ။

–  Single Player ထဲဝင်လိုက်ရင် စစချင်းမှာ Chapter တွေအများကြီးတွေ့ရမှာပါ။ Chapter တွေကိုလည်း Normal, Advanced, Special Packs, User Created ဆိုပြီးပိုင်းထားပါသေးတယ်။ Chapter တွေစုစုပေါင်း ၂၅ ခု ပါဝင်ပါတယ်။ Chapter တစ်ခုနဲ့တစ်ခုက ပုံစံအနေအထားတွေတူမှာမဟုတ်သလို နေရာကလည်းတူမှာမဟုတ်ပါဘူး။ Chapter တစ်ခုစီမှာ Level အနေနဲ့ ၈ ခုပါဝင်ပါတယ်။ Level ၁ ခုဆော့ပြီးတိုင်း မိတ်ဆွေရဲ့ဆော့ပုံကိုကြည့်ပြီ Star တွေပေးသွားမှာပါ။ အနည်းဆုံးရရှိမဲ့ Star ကတစ်ခုဖြစ်ပြီး မိတ်ဆွေဆော့တာအရမ်းကောင်းရင် Star 3 ခုအထိရရှိမှာဖြစ်ပါတယ်။

– Multiplayer ကစစချင်းမှာ ဆော့လို့ရမှာမဟုတ်ပါဘူး။ မိတ်ဆွေက Multiplayer Option မှာဝင်ဆော့ချင်ရင်တော့ Single Player မှာ အရင်ဆုံး Star 9 ခုရအောင်အရင်လုပ်ရမှာပဲဖြစ်ပါတယ်။

– Duel Option မှာဆော့ချင်ရင်တော့ Single Player မှာ Star 16 ခုရအောင်အရင်လုပ်ရမှာပါ။

– Tournevs Option ကိုဆော့ချင်ရင်တော့ Single Player မှာ Star 90 ခုနဲ့ Multiplayer မှာ ပွဲ ၅၀ အနိုင်ရရှိပြီးမှ ဆော့နိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေက Tournevs Option ထဲကိုဝင်ဆော့နိုင်ဖို့ဆိုရင် ကြားထဲမှာ Level တွေအများကြီးနဲ့ Chapter အများကြီးကိုဖြတ်သန်းရမှာဖြစ်ပါတယ်။ Mini ဂိမ်းဖြစ်ပေမဲ့ အကြာကြီးဆော့ရမဲ့ဂိမ်းထဲမှာပါဝင်ပါတယ်။ Single Player ကလွဲလို့ကျန်တဲ့ Option တွေကစစချင်းမှာ Lock ဖြစ်နေပြီးဆော့လို့ရမှာမဟုတ်ပါဘူး။  မိတ်ဆွေက Star တွေအများကြီးရအောင်ကြိုးစားဆော့ပြီးကိုယ်တိုင် Unlock လုပ်ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Customize လုပ်ထားတဲ့ ဆိုင်ကယ်တွေရှိတာကိုလည်းတွေ့ရမှာပါ။ တကယ့်ပိုက်ဆံတွေနဲ့ဝယ်ရမှာကများပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး ဆော့လို့ကောင်းတဲ့ Mini Racing ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password