Reviews

Professional Boxer အဖြစ်ရပ်တည်ရမယ့် Big Shot Boxing!

Boxing ထိုးတာကိုနောက်တစ်မျိုး “The Hurt Business” လို့ခေါ်ပါတယ်။ Boxing အားကစားဆိုတာစိတ်ဓာတ်ရော၊ ခန္ဓာကိုယ်ပါ ကြံ့ခိုင်နေမှဆော့နိုင်တဲ့အားကစားတစ်မျိုးဖြစ်တာကြောင့် လွယ်ကူတဲ့အားကစားတော့မဟုတ်ဘူးဗျ။ အဲ့တော့ Boxing အားကစားနဲ့အသက်မွေးနေတဲ့ ကစားသမားတွေကို Respect ပေးရမှာတော့အမှန်ဖြစ်ပါတယ်။

ဒီဂိမ်းမှာတော့ မိတ်ဆွေက Boxing သမားနေရာကကစားရမှာဖြစ်ပါတယ်။ Boxing သမားဖြစ်တာကြောင့် မိတ်ဆွေရဲ့အဓိကတာဝန်ကတော့ ထိုးသတ်နေရမှာဖြစ်ပါတယ်။ လက်တွေ့ဘဝလို စင်မြင့်ပေါ်မှာထိုးသတ်နေရမှာဖြစ်ပြီး ပရိသတ်တွေကတစ်ခဲနက်အားပေးနေမှာဖြစ်ပါတယ်။ လက်တွေ့ဘဝကလို Shawty လေးတွေမပါတာကလွဲရင် ကျန်တာအကုန်တူညီတာကိုတွေ့ရမှာပါ။

1 Vs 1  ထိုးသတ်ရမှာဖြစ်ပြီး မိတ်ဆွေရော၊ မိတ်ဆွေရဲ့ပြိုင်ဘက်ကိုရောသွေးတန်းအပြည့်ပေးထားမှာဖြစ်ပါတယ်။ Round တွေနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ Round ၁ ခုကို စက္ကန့် ၆၀ ပေးထားမှာဖြစ်ပြီး စက္ကန့် ၆၀ အတွင်းမှာ တစ်ယောက်မှမမှောက်သေးဘူးဆိုရင်တော့ Round နောက်တစ်ခုကို ကူးသွားမှာဖြစ်ပါတယ်။ သွေးတန်းကြီးကုန်သွားတာပဲဖြစ်ဖြစ်၊ ချက်ကောင်းကိုထိသွားလို့ပဲဖြစ်ဖြစ် မိတ်ဆွေရဲ့ Character ကမှောက်သွားမှာဖြစ်ပါတယ်။ မှောက်သွားပေမယ့်ပြန်ထနိုင်တဲ့အခွင့်အရေးကရှိပါသေးတယ်။ ဒါပေမယ့် မှောက်တဲ့အကြိမ်များရင်တော့ ပြန်ထဖို့ကလည်းပိုပိုခက်လာမှာဖြစ်ပါတယ်။

ပြိုင်ဘက်ကိုချက်ကောင်းထိပြီး လဲကျစေချင်ရင်တော့ ခေါင်းကိုသာ အသေထိုးပါမိတ်ဆွေ။ ပြိုင်ပွဲမှာမိတ်ဆွေလုပ်နိုင်တဲ့ Option တွေကတော့ ထိုးတာနဲ့ ကာကွယ်တာပဲဖြစ်ပါတယ်။ ဂိမ်းစစဝင်ချင်းမှာ Career နဲ့ Quick Fight ဆိုပြီးမိတ်ဆွေ ဆော့ကစားနိုင်တဲ့ Option နှစ်ခုရှိနေတာကိုတွေ့ရမှာပါ။

  •  Career ကတော့ Boxing အားကစားနဲ့ အသက်မွေးဝှမ်းကြောင်းပြုနိုင်တဲ့ နေရာဖြစ်ပါတယ်။ Francois Sanders, Clubber Payne, Marcel Leonet စတဲ့ Boxer တွေအပြင် Boxer  ပေါင်း ၁၃ ယောက်ထဲက မိတ်ဆွေကြိုက်နှစ်သက်ရာ Boxer ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Boxer တစ်ယောက်ချင်းစီက Health, Power, Chin, Recovery အစရှိတာတွေ ကွာဟနေတာကိုတွေ့ရမှာပါ။ Boxer ရွေးချယ်ပြီးပြီဆိုရင်တော့ စင်ပေါ်တက်ပြီးပြိုင်ပွဲတွေကိုဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။
  • Quick Fight မှာတော့ ကျရာ Boxer ကို control လုပ်ပြီးထိုးရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Boxer က random ဖြစ်နေမှာဖြစ်သလို ပြိုင်ဘက်ရဲ့ Boxer ကလည်း random ဖြစ်နေမှာပါ။ တစ်ပွဲပြီးထိုးရမှာဖြစ်ပြီးအနိုင်ရရှိရင်တော့ဆုငွေရရှိမှာဖြစ်ပါတယ်။

Free to play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်မှာဖြစ်ပြီး Boxing Art ကိုကောင်းကောင်းကြီးခံစားရမယ့်ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Big Shot Boxing 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: