News

Warner Bros ကို တရားစွဲလိုက်တဲ့ Bethesda

Westworld ကို HBO နဲ့ Waner Bros တို့ ပူးပေါင်း ထုတ်လုပ်ခဲ့တယ်ဆိုတာကို သိပြီးကြမှာပါနော်။ အခုနောက်ထပ် ကုမ္ပဏီ တစ်ခု ထပ်တိုးလာပြန်ပါပြီ။ သူကတော့ Behaviour Interactive ဖြစ်ပါတယ်။ Behaviour Interactive က Westworld နဲ့ ဆင်တယ်လို့ လူပြောများနေတဲ့ Fallout Shelter ကို ဖန်တီးခဲ့တဲ့ Developer Company ဖြစ်ပါတယ်။ Warner Bros က Behaviour Interactive ကို Westworld အတွက် ငှားရမ်းခဲ့တယ်လို့သိရပြီး Behaviour လည်း Westworld မှာ Fallout Shelter နဲ့တူတဲ့ code ကိုအသုံးပြုခဲ့တယ်လို့ ကြားပါတယ်။ အဲ့တာကြောင့် Bethesda က Waner Bros ကို အခုလိုပဲ မူပိုင်ခွင့်နဲ့ပတ်သက်ပြီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ (ဘယ်လိုတောင်ရှုပ်တာလဲ ☹️☹️)

အဲ့တာကြောင့် Westworld က ထွက်ရှိပြီး တစ်ပတ်မပြည့်ခင်မှာပဲ တရားစွဲဆိုခြင်းခံလိုက်ရတဲ့ ဂိမ်းဖြစ်ခဲ့ပါပြီ။ သူက Fallout Shelter ဆီက တူညီတဲ့ဂိမ်းပုံစံ၊ အနုပညာပုံစံ၊ feature တွေနဲ့ အခြား gameplay elements တွေအထိ လုံဝကွက်တိကြီးမဟုတ်တောင် တော်တော်လေးတူညီအောင် ကူးချထားတယ်လို့သိရပါတယ်။ ဒါ့အပြင် ဂိမ်း ကုမ္ပဏီနှစ်ခုစလုံးက Behaviour Interactive ကို ငှားပြီး ဖန်တီးခဲ့တာကြောင့် သာမန်အပေါ်ယံ တူညီတာတင်မကသေးပဲ အတွင်းပိုင်း အပြင်အဆင် code တွေပါ တူနေတယ်လို့ Bethesda က ပြောထားပါတယ်။ Warner က Behaviour ကို Fallout Shelter ကို ဖန်တီးခဲ့တဲ့ developer ဖြစ်တာကြောင့်ရည်ရွယ်ချက်ရှိရှိ ငှားရမ်းခဲ့တယ်လို့လည်း Bethesda ကဆိုထားပါသေးတယ်။

အခုလို မမှန်ကန်တဲ့ ပုံတူကူးချမှု နှင့် Behaviour ကို သုံးခဲ့ခြင်းက ကုန်ချစရိတ်သက်သာခြင်း၊ ဂိမ်းရဲ့ ဈေးကွက် ဝင်ရောက်ချိန်ကိုလျော့ချခြင်း နဲ့ Fallout Shelter နဲ့ တူညီနေတဲ့ Gameplay အတွေ့အကြုံတွေက Westworld Mobile ထံကို ပရိသတ်တွေ တပါးတည်း အချိန်တိုအတွင်း ရောက်ရှိစေမှာ ဖြစ်တယ်လို့ တရားစွဲဆိုချက်ထဲမှာရေးထားပါတယ်။ ဒါ့အပြင် Warner Bros က Behaviour ရဲ့ စွမ်းဆောင်ရည်ကို ကို ပြန်လည် အသုံးပြုဖို့ (ဒါမှမဟုတ်) Bethesda ရဲ့ Computer code, game ဒီဇိုင်း နဲ့ အခြား မူပိုင်ခွင့်တွေကို Westworld ဂိမ်းရဲ့ အုတ်မြစ်အနေနဲ့ ပြန်သုံးခဲ့ ဖို့ လိုလားခဲ့တာဖြစ်တယ် လို့လည်း ရေးထားပါသေးတယ်။ တရားစွဲဆိုမှုက Westworld နဲ့ Fallout Shelter တို့ရဲ့ တူညီချက်အသေးစိတ်ကို စစ်ဆေးဖော်ထုတ်ထားတာဖြစ်ပြီး အားလုံးထဲမှာ အသိသာဆုံးအချက်က Fallout Shelter စတင်ထွက်ရှိခဲ့တုန်းက ရှိခဲ့တဲ့ bugs တွေပါ Westworld မှာ ပါဝင်လာတယ်ဆိုတာပဲဖြစ်ပါတယ်။

Warner ငှားရမ်းထားတဲ့ Behaviour ကလည်း Fallout Shelter ရဲ့ မူရင်းcode ကို ယူသုံးခဲ့တယ်ဆိုတာ သေချာတာကြောင့် Bethesda က “behavior” ထံမှ စာချုပ်ဖျောက်ဖျက်မှု လျော်ကြေးငွေနဲ့ copyright မူပိုင်ခွင့်ကို ရရှိဖို့အတွက်လည်း ကြိုးပမ်းသွားမှဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် Bethesda က အခု Play Store နဲ့ App Store တို့ပေါ် ရောက်ရှိနေတဲ့ Westworld ဂိမ်း ကိုလည်း ဖယ်ရှားပေးစေချင်နေပါတယ်။ အဲ့တာကြောင့် ထွက်ရှိတာ တစ်ပတ်တောင် မပြည့်သေးတဲ့ Westworld လေးရဲ့ အနာဂတ်ကတော့ တကယ့်ကို လှုပ်စိလှုပ်စိဖြစ်နေပါပြီ။ Warner Bros နဲ့ Behaviour တို့ ဘယ်လိုတုံ့ပြန်ကြဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ဖို့လိုပါသေးတယ်။ နောက်လာမယ့် အသစ်အသစ်သော သတင်းတွေကိုလည်း Playon ကနေ တင်ပြပေးသွားဦးမှာဖြစ်လို့ ဖတ်ရှု အားပေးသွားကြဖို့ မမေ့ကြနဲ့ဦးနော်.. 😊😊)

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password