ArticleNews

ဖြေရှင်းပြီးသွားပြီဖြစ်တဲ့ Bethesda ရဲ့ Westworld ဂိမ်းအပေါ်တရားစွဲဆိုမှု

ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက Bethesda Softworks က Warner Bros ကို ဂိမ်းကိစ္စနဲ့ပတ်သတ်ပြီး တရားစွဲဆိုခဲ့တာကို သိကြမှာပါနော်။ အဲ့ဒီတရားစွဲဆိုမှုကြီးကတော့ မကြာသေးမီးအချိန်က အဆုံးသတ်သွားခဲ့ပြီလို့ သိရပါတယ်။

တရားစွဲဆိုမှုကို နှစ်ဦးနှစ်ဖက် အခင်အမင်မပျက် ရုပ်သိမ်းခဲ့ကြတာပါ။ ဒီဇင်ဘာလ ၁၂ ရက်တုန်းက ဖက်ဒရယ် တရားရုံးမှာနှစ်ဦးနှစ်ဖက်လျော်ကြေးငွေနဲ့ ပြေလည် ခဲ့ကြတယ်လို့သိရပါတယ်။ Bethesda Softworks ဘက်ကလည်း သူ့ရဲ့ အစွဲအလမ်းတွေကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အဲ့ဒီ အတည်ပြုချက်ဟာ နောက်ထပ်ပြီးတော့ အခုလိုဖြစ်စဉ်ကို ထပ်လုပ်တော့မှာမဟုတ်ဘူးလို့ ဆိုလိုတဲ့သဘောလို့ အက်မင်ကတော့ ထင်မိပါတယ်။

ဇွန်လ ၂၀၁၈ ခုနှစ်တုန်းက Bethesda က Behavious Interactive ကို သူ့ရဲ့မူပိုင်ဂိမ်း Fallout Shelter မှ ကုဒ်တွေကို ယူသုံးတယ်ဆိုတဲ့ copyrighted ဥပဒေနဲ့ တရားစွဲဆိုခဲ့တာပါ။ Westworld ဂိမ်းရဲ့ ပိုင်ရှင်နဲ့ publisher ဖြစ်တဲ့ Warner Bros ကတော့ developer Behavious က Fallout Shelter ရဲ့ ကုဒ်တွေကို ယူမသုံးခဲ့ဘူးလို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ အခု အချိန်မှာတော့ အဲ့ဒီကိစ္စတွေအားလုံးကို နှစ်ဦးနှစ်ဖက် အခင်အမင် မပျက်ပဲ ဖြေရှင်းပြီးသားဖြစ်သွားပါပြီ။

Westworld က free to play မိုလ်ဘိုင်းဂိမ်းတစ်ခုဖြစ်ပြီး iOS App Store မှာရော Android Google Play မှာရော ရောက်ရှိနေတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Ref: Polygon

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password