ArticleNews

Beta version အနေနဲ့ဆော့ကစားနိုင်ပြီဖြစ်တဲ့ Stick Fight: The Game

Stickman ဂိမ်းတွေတော်တော်များများကို ကျွန်တော်တို့ Playon ကမိတ်ဆက်ခဲ့ဖူးတာ အနည်းငယ်ဝါရင့်သွားတဲ့ Playon fan တွေဆိုရင် သိပါလိမ့်မယ်။ ဒီနေ့မှာလည်း Beta version ဆော့ကစားနိုင်ပြီဖြစ်တဲ့ Combat အလန်းစား နဲ့ Multiplayer Stickman ဂိမ်းတစ်ခုအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ ဂိမ်းနာမည်ကတော့ Stick Fight: The Game ပါ။

သူ့ရဲ့ gameplay က ပျော်ပျော်ပါးပါးသူငယ်ချင်းတွေနဲ့ဆော့ကစားနိုင်မယ့် Multiplayer ဂိမ်းပုံစံပါ။ မိတ်ဆွေအပါအဝင် Player ၄ ယောက်က Map တစ်ခုထဲမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သတ်ဖြတ်ရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်တစ်ခွင်လုံးက လက်နက်တွေ၊ ထောက်ချောက်တွေနဲ့ ပြည့်နှက်နေဉီးမှာ ဖြစ်တာကြောင့် သတ်ဖြတ်တဲ့အခါမှာလည်း ခွီစရာဇာတ်လမ်းလေးတွေနဲ့ကြုံတွေ့ရဉီးမှာပါ။ ?).. ဒီဂိမ်းရဲ့အငွေ့အသက်က အနီးစပ်ဆုံးပြောရရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နာမည်ကြီးခဲ့တဲ့ Multiplayer ဂိမ်း BombSquad နဲ့တော်တော်လေးကိုဆင်ပါတယ်။

ပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေနဲ့ နီးစပ်နေသူဆိုရင် Local Multiplayer အချင်းချင်းကစားနိုင်သလို သူငယ်ချင်းတွေနဲ့ဝေးကွာနေတဲ့သူဆိုရင်လည်း Online က player တွေနဲ့ Multiplayer ဆော့ကစားနိုင်ပါတယ်။ Beta version ကိုတော့လက်ရှိ Android တစ်မျိုးတည်းမှာပဲ ဆော့ကစားနိုင်ဉီးမှာဖြစ်ပါတယ်။ Official release အတွက်ကြေညာထားတာမျိုးတော့ မရှိသေးပါဘူး။ ဂိမ်းရဲ့ trailer နဲ့ ခွီရမယ့် gameplay video ကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။ Gameplay video က ၁၅ မိနစ်လောက်ကြာမြင့်ပေမယ့် အစ ၃ မိနစ်လောက်မှာတင် အဖြူကောင်တွေပြောင်နေတာကြောင့် တော်တော်လေးခွီနေရမယ်လို့ အာမခံပါတယ်ခင်ဗျာ။ ?)

Download link – Android

Trailer!

Gameplay!

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password