News

တရားဝင်မထွက်ခင်မှာ Beta အနေနဲ့ ထွက်ရှိလာတဲ့ Blade Runner 2049

ပြီးခဲ့တဲ့နှစ်ကတည်းက The Walking Dead: No Man’s Land ကိုပြုလုပ်တဲ့ Finnish စတူဒီယို Next Games က “Blade Runner 2049” လို့ခေါ်တဲ့ လူအများ နှစ်သက် သဘောကျမယ့် franchise တစ်ခုကို ဖုန်းမျက်နှာပြင် အသေးစားလေးတွေစီကို သယ်ဆောင်လာမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူ့အကြောင်းကို သိနှင့်ပြီးသားသူတွေလည်းရှိသလို မသိရသေးတဲ့သူတွေလည်းရှိကြမှာပါ။ ကြေညာချိန်တုန်းက ဂိမ်းအကြောင်းကို အနည်းငယ်သာ ဖော်ပြထားခဲ့ပေမယ့် အခုလိုရုတ်တရက်ကြီး beta ထုတ်လုက်တော့ လုံးဝကို အံ့အားသင့်စရာကြီးပါ။

Blade Runner 2049 က sci-fi RPG (Role playing game) အမျိုးအစားဖြစ်ပြီး player က blade runner တစ်ယောက်ရဲ့ နေရာကနေ ကစားမယ်ဆိုရင် လူဆိုးတွေကို လိုက်ဖမ်းဖို့အတွက် လိုအပ်တဲ့သက်သေတွေကိုရှာဖွေပေးရမှာပါ။ အကယ်၍ သင်က Blade Runner 2049 ကိုကြည့်ဖူးတဲ့သူဆိုရင်တော့ ဂိမ်းထဲမှာတွေ့ရမယ့် ဇာတ်ကောင်တွေရဲ့မျက်နှာကို ရင်းနှီးနေမှာပါ။ ရုပ်ရှင်ထဲက အကောင်းဆုံး အကြိုက်ဆုံး ဇာတ်ကောင်တွေကို စုဆောင်းပြီး ကစားလို့လည်းရပါတယ်။

ဂိမ်းထဲမှာ multiplayer features အချို့ကိုထည့်သွင်းထားတာကြောင့် အခြား player တွေကလည်း သင့်ရဲ့ မစ်ရှင်တွေပြီးမြောက်အောင် လို့ ကူညီပေးနိုင်ပါတယ်။ Blade Runner 2049 ကို အခမဲ့ download လုပ်ယူနိုင်ပေမယ့် ဂိမ်းထဲမှာ ငွေပေးပြီးဝယ်ယူရမယ့် app – purchase တွေ အများကြီးပါဝင်လာမယ်လို့သိရပါတယ်။ Beta Gameplay ပုံစံလေးကို အောက်မှာကြည့်နိုင်ပါတယ်။

Blade Runner 2049 တရားဝင်ထွက်ရှိလာမယ့် အချိန်ကိုတော့ ရှင်းရှင်းလင်းလင်း မဖော်ပြထားသေးပါဘူး။ Android နဲ့ iOS တစ်ပြိုင်နက်တည်းထုတ်မှာလား၊ မထုတ်ဘူးလား ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ အချို့ Android Phone တွေနဲ့ Beta ဗားရှင်းကို စမ်းပြီးကစားလို့ရနေပါပြီ။ Blade Runner ဇာတ်လမ်းကို ကြိုက်ရင် ဒီဂိမ်းကိုလည်း ကြိုက်မှာသေချာပါတယ်။ အဲ့တော့ အခုပဲ ပြေးပြီး စမ်းကြည့်လိုက်တော့နော်။ Admin ကတော့ သတင်းပေးလိုက်ပြီးပြီး … 😆)

 

Ref: phonearena

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password