ArticleNews

၂၀၁၉ မှာစောင့်ကြည့်ရမယ့် unreleased mobile ဂိမ်းအလန်းစားများ

Playon က ဂိမ်မာတွေအားလုံး Merry Christmas & Happy New Year ပါ! မကြာခင် ၂၀၁၈ ကုန်ပြီး နှစ်သစ် ၂၀၁၉ လည်းရောက်တော့မယ်ဆိုတော့ နှစ်သစ်အတွက် Plan တွေလည်းရေးဆွဲပြီးနေလောက်မှာပါ။ ဟုတ်တယ်ဟုတ်? 😁) ဒီနေ့မှာတော့ ကျွန်တော်တို့ Playon က ၂၀၁၉ မှာထွက်ရှိလာမယ်လို့ မျှော်မှန်းထားနိုင်တဲ့ မိုဘိုင်လ်းဂိမ်းအလန်းအစားတွေကိုရွေးထုတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဂိမ်းအနေအထားကလန်းပြီး ဆော့လို့အဆင်ပြေတဲ့ဂိမ်း ၅ ခုဖော်ပြပေးထားပါတယ်။

1. Elder Scrolls: Blades (Android/ iOS)

သူ့ကိုတော့ Elder Scrolls က E3 press conference မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Role-playing ကိုမှ First-person နေရာကနေကစားရမယ့် ဂိမ်းမျိုးဖြစ်ပါတယ်။ First-person ဂိမ်းဖြစ်တဲ့အတွက် Player ကကိုယ့်ရဲ့လက်နက်နဲ့ ရန်သူသတ္တဝါတွေကိုပဲမြင်ရမှာပါ။ Console ရုပ်ထွက်မျိုးပေးစွမ်းနိုင်မယ်လို့ ဂိမ်းဖန်တီးသူဘက်က အာမခံထားတာဖြစ်သလို VR device နဲ့ တွဲဖက်ဆော့ကစားနိုင်အောင် VR version ကိုထုတ်လုပ်ပေးသွားမယ်လို့သိရပါတယ်။ သူကတော့ Android/ iOS နှစ်မျိုးလုံးဆီကို ၂၀၁၉ အစောပိုင်းလောက်မှာ ရောက်ရှိလာမယ်လို့သိရပါတယ်။ မိတ်ဆက်သွားပုံနဲ့ Gameplay ဗီဒီယိုကိုတော့ အောက်ပါ ဗီဒီယိုဖိုင်ကနေလေ့လာနိုင်ပါတယ်။

လက်ရှိမှာတော့ Pre-register လုပ်ထားနိုင်ပါတယ်။

2. Hamsterdam (Android/ iOS)

ကျွန်တော်တို့ ယဉ်ယဉ်လေးလို့သိထားတဲ့ Hamster လေးကို ကွန်ဖူးပညာရှင်အဖြစ်ဖန်တီးထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ အေးအေးချမ်းချမ်းရှိနေတဲ့ Hamster ရပ်ရွာကို တခြားလူဆိုးကြွက်အကြီးစားတွေကလာရောက်ဖျက်ဆီး၊ သိမ်းပိုက်ထားတဲ့ နောက်ခံဇာတ်လမ်းနဲ့အတူ ရပ်ရွာငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ပေးမယ့် Pimm အမည်ရှိ ကွန်ဖူး Hamster နေရာကနေဆော့ကစားသွားရမှာဖြစ်ပါတယ်။ ဂိမ်းက Story line လေးနဲ့ဖန်တီးထားတဲ့အတွက် ဆော့ရမယ့် Mission တွေကအများအပြားရှိနေမှာဖြစ်သလို ဆော့ရမယ့်ပုံစံကလည်း Mission အလိုက်ကွာခြားသွားမှာပါ။ (ဉပမာ – ဖိုက်တင်ဆန်ဆန် တစ်ခါ Puzzle ဆန်ဆန်တစ်ခါ)

Android နဲ့ iOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး ၂၀၁၉ မတ်လမှထွက်ရှိလာမယ်လို့သိရပါတယ်။ Demo version ကတော့ လက်ရှိမှာဆော့ကစားနိုင်ပါပြီ။ အကောင်ကသေးပေမယ့် ကွန်ဖူးပညာတတ်မြောက်ထားတာမို့ Pimm ရဲ့ Combat တွေကိုတော့အထင်မသေးစေချင်ပါ။ သူ့ထက်ကြီးတဲ့ကောင်တွေကိုဘယ်လိုဝိုက်လဲဆိုတာကို အောက်က Trailer မှာကြည့်ရှု့နိုင်ပါတယ်။

3. H1Z1 (Android/ iOS)

PUBG (သို့) Fortnite နဲ့ ရင်းနှီးပြီးသားဆိုရင် ဘာမှပြောစရာမလိုတော့ပါဘူး။ 😁) ဘာလို့လဲဆိုတော့ H1Z1 က Battle Royale ဂိမ်းအမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ်ကစဆင်းတာ၊ Player အယောက် ၁၅၀ ကြားမှာရှင်သန်အောင်ကြိုးစားရတာ၊ Playzone ထဲသတ်မှတ်ချိန်အတွင်းဝင်ရတာ အစရှိတဲ့ logic အားလုံးက ဟို Battle Royale ဂိမ်းနှစ်ခုနဲ့ ထပ်တူနေလို့ပါ။ သူကလည်း Free to play ဖြစ်ပြီး လက်ရှိမှာ PS4 နဲ့ PC တို့မှာထွက်ရှိပြီးပါပြီ။ ဒါပေမယ့် PUBG, Fortnite တို့လောက်နာမည်မကြီးတဲ့အတွက် မသိတဲ့သူကများပါတယ်။ Mobile version အတွက်ကိုပြီးခဲ့တဲ့ လအနည်းငယ်လောက်ကကြေညာထားတာဖြစ်ပြီး လာမယ့် ၂၀၁၉ အတွင်းရောက်ရှိလာမယ်လို့ မျှော်မှန်းထားလို့ရပါတယ်။

သူ့ရဲ့ ကွဲပြားနေတဲ့လက်နက်၊ Vehicle တွေ၊ Reality အရမ်းဆန်တဲ့ဘက်လည်းမရောက်သလို Animated ဘက်ကိုမသွားတဲ့ Graphics အနေအထားက Player တွေကို စွဲဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။

4. Project Cars Go (Android/ iOS)

ကျွန်တော်တို့ ၂၀၁၈ အလယ်နားလောက်အချိန်က Asphalt 9: Legends ဆိုတဲ့ Racing ဂိမ်းအလန်းစားကြီးကို မြင်ခဲ့ရသလို ၂၀၁၉ ထဲမှာလည်း Project Cars Go ဆိုတဲ့အလန်းစား racing ဂိမ်းတစ်ခုကိုထပ်မံမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ Project Cars Go ဂိမ်းဟာ Xbox one, PS4, PC အစရှိတဲ့ platform တွေလူကြိုက်များဂိမ်းတစ်ခုအဖြစ်ရပ်တည်နေတာဖြစ်ပြီး မကြာခင် mobile ဆီကိုခြေလှမ်းစတင်လာတော့မှာဖြစ်ပါတယ်။

သူ့ရဲ့ အသေးစိတ်ကျတဲ့သဘာဝဆန် Graphics တွေကြောင့် ဂိမ်းအရွယ်အစားက 2GB အထက်လောက်မှာရှိနေမယ်လို့ ကျွန်တော်ပြောရဲပါတယ်။ 😁) Real racing 3 ကိုကျော်တက်မယ့် racing ဂိမ်းများဖြစ်နေမလား ? 😃

5. Odd Mar (iOS/ Android [coming soon])

တစ်ကိုယ်ကောင်းဆန်ပြီး ဒေါသထွက်နေတဲ့ Viking ကြီးနေရာက ကစားရမှာဖြစ်ပါတယ်။ Viking ဆိုတာကတော့ စစ်သည်တော်ကိုဆိုလိုတာပါ၊ How to train your dragon ဆိုတဲ့ animation ကားလေးကိုကြည့်ဖူးမယ်ဆိုရင် Viking တွေရဲ့စရိုက်လက္ခဏာကို တော်တော်လေးသိနေလောက်မှာပါ။ ဒီဂိမ်းကတော့ Oddmar ဆိုတဲ့ Viking နေရာကနေ တောနက်ကြီးထဲမှာ သားရိုင်းသတ္တဝါတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမယ့်ပုံစံမျိုးဆော့ကစားသွားရမှာဖြစ်ပါတယ်။

သူကလက်ရှိမှာ iOS အတွက်ထွက်ရှိပြီးသားဖြစ်ပြီး ဂိမ်းတန်းဖိုးကတော့ $2 ရှိပါတယ်။ Android အတွက်ကိုတော့ လာမယ့် ၂၀၁၉ မှာရောက်ရှိလာမယ်လို့ မျှော်မှန်းထားနိုင်ပြီး လက်ရှိစျေးနှုန်းနဲ့ပဲ ဝယ်ယူဆော့ကစားနိုင်မယ်လို့ထင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ဂိမ်းတွေကတော့ ကျွန်တော်တို့ ၂၀၁၉ မှာစောင့်ကြည့်သင့်တဲ့ဂိမ်းလေးတွေပဲဖြစ်ပါတယ်။ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ဂိမ်းအသစ်ပြောင်းနိုင်ပါပြီ… အယ်လယ်🤣) မိတ်ဆွေတို့ ၂၀၁၉ မှာစောင့်မျှော်နေတဲ့ ဂိမ်းတွေကိုလည်း ကျွန်တော်တို့သိအောင် ကွန်းမန့်လေးမှာမျှဝေခဲ့ဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ 😁

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password