Gameloft Developer Website မှဆော့လို့ကောင်းသော ဂိမ်းအချို့

Gameloft ဆိုတာကတော့ ဂိမ်းတွေကိုဖန်တီးဖြန့်ချီနေတဲ့ company တစ်ခုဖြစ်ပါတယ်။ Gameloft ကဖြန့်ချီလိုက်တဲ့ဂိမ်းတော်တော်များများက Epic လိုဖြစ်နေပြီး Epic မဖြစ်တဲ့ဂိမ်းတွေတော် မFail တာကိုတွေ့ရမှာပါ။ ကျွန်တော်တို့ Playon Website ထဲမှာလည်း Gameloft က ဖြန့်ချီထားတဲ့ဂိမ်းတော်တော်များများကို review အနေနဲ့ရေးသားထားပါတယ်။ Playon Website ကိုလာလည်နေကျ Oldie တွေဆိုသိနေမှာဖြစ်ပေမယ့် အခုလာလည်တဲ့ Newbie လေးတွေအနေနဲ့ကတော့ Website တစ်ခုလုံးကို မွှေကြည့်မှသိပါလိမ့်မယ်။ Bill ကုန်ရကြိုးနပ်မယ်ဆိုတာတော့ရဲရဲကြီးအာမခံပါတယ်။ ကယ်.. အခုဒီ article မှာတော့ Gameloft Developer Website ထဲက ဆော့လို့ကောင်းလှတဲ့ ဂိမ်း ၁၀ ခုကိုဖော်ပြသွားမှာဖြစ်ပါတယ်။

 

Gangstar New Orleans

Price : Free

Platform : Android/IOS

Gangstar အဖွဲ့နဲ့အတူ Mission တွေလုပ်ဆောင်နိုင်သလို မြို့ကြီးကိုပြာကျအောင်လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ Open-word ဂိမ်းလေးဖြစ်ပြီး Graphics ပိုင်းကလည်းတော်တော်ကောင်းပါတယ်။

 

 

N.O.V.A Legacy

Price : Free

Platform : Android

3D sci-fi FPS (Science ficition First Person Shooter) အတွေ့အကြုံကိုရရှိစေမယ့်ဂိမ်းလေးဖြစ်ပါတယ်။ 4 Vs 4 multiplayer လည်းကစားနိုင်ပါတယ်။

 

 

The Amazing Spiderman 2

Price : (Android=9,533/IOS=$6.99)

Platform : Android/IOS

New York မြို့ကြီးမှာရှိတဲ့ ဒုစရိုက်ကောင်တွေကို နှိမ်နှင်းရမှာဖြစ်ပါတယ်။ The Amazing Spiderman, The Amazing Spiderman 2 စတဲ့ movie ၂ ခုက ရန်သူတွေအပြင် အခြားသော Boss ရန်သူတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

 

 

World at Arms

Price : Free

Platform : Android/IOS

ကိုယ်ပိုင်စစ်တပ်ကြီးဆောက်ပြီး ပြိုင်ဘက်နိုင်ငံတွေကိုစစ်တိုက်ရမှာဖြစ်ပါတယ်။ အသစ်အသစ်သောလက်နက်တွေ၊ ဆန်းသစ်တဲ့နည်းပညာတွေ၊ မတူညီတဲ့ formation တွေကိုအသုံးပြုပြီးရန်သူတွေကိုတိုက်ခိုက်ရမှာဖြစ်ပါတယ်။

 

 

Modern Cobat 5

Price : Free

Platform : Android/IOS

Action FPS ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင်အသင်းတည်ထောင်ပြီး Multiplayer Battle တွေမှာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Realistic ဖြစ်တဲ့ Graphic တွေကြောင့် Player တွေအနေနဲ့ဆော့ရတာအဆင်ပြေမှာဖြစ်ပါတယ်။

 

 

Order and Chaos 2 : Redemption

Price : Free

Platform : Android/IOS

MMORPG(Massively Multiplayer Online Roleplaying) ဂိမ်းလေးဖြစ်ပါတယ်။ Open-world ပုံစံမျိုးဖြစ်ပြီး World of Warcraft နဲ့တော်တော်ဆင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။

 

 

Sniper Fury

Price : Free

Platform : Android/IOS

Sniper ကြီးကိုင်ပြီးရန်သူတွေကိုချောင်းပစ်ရမှာဖြစ်ပါတယ်။ Mission ပေါင်း ၁၀၀ ကျော်ကိုဆော့ကစားရမှာဖြစ်ပါတယ်။ Multiplayer လည်းဆော့ကစားနိုင်မှာဖြစ်ပါတယ်။

 

 

Asphalt 8 : Airborn

Price : Free

Platform : Android/IOS

Racing ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ High-performance ကား ၁၅၀ ကျော်ကိုတွေ့ရမှာဖြစ်ပါတယ်။ Garphics ပိုင်းကကောင်းနေတာကြောင့်  ပြောစရာသိပ်မရှိပါဘူး။

 

 

Asphalt Xtreme

Price : Free

Platform : Android/IOS

အားလုံးကိုမေ့ပြီး ကားပြိုင်ဖို့ကိုပဲအာရုံစိုက်လိုက်ပါတယ်။ အတူညီတဲ့ Monster Machines ၅၀ ကျော်ကိုတွေ့ရမှာဖြစ်ပါတယ်။ Multplayer ကစားနိုင်မှာဖြစ်ပြီး Racing တစ်ပွဲမှာ ကား ၈ စီးအထိဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

 

 

 

 

Source : Mobilegameplay

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password