ယခု ၂၀၁၇ ဒီဇင်ဘာလအတွက် ဆော့လို့အဆင်ပြေသော ဂိမ်းများ

ဒီဇင်ဘာလ က ဆောင်းရာသီဖြစ်တာကြောင့် ညဘက်အိပ်ယာပေါ်မှာ ကွေးနေမှာတော့အမှန်ဖြစ်ပါတယ်။ တော်တော်များများက အိပ်ယာထဲမှာကွေးနေပြီး Social Media တွေဖြစ်တဲ့ Facebook, Instagram, Twitter တို့ကိုအစရှိတာတွေကိုသုံးစွဲနေကြတာလည်းဖြစ်ပါတယ်။ Facebook သုံးရတာပျင်းနေပြီ၊ အိပ်လည်းမအိပ်ချင်သေးဘူးဆိုရင်တော့ မိတ်ဆွေရဲ့ အဖော်ကောင်းက ဂိမ်း ပဲဖြစ်ပါတယ်။ အိပ်ယာထဲမှာ ကွေးပြီးဆော့နိုင်တဲ့ Mobile ဂိမ်းလေးတွေကတော့ ဒီဇင်ဘာလ မှာမိတ်ဆွေရဲ့အဖော်ကောင်းတွေပါပဲ။ စကားပုလ္လင်ခံတာများသွားပြီဆိုတော့ ဒီ article ရဲ့လိုရင်းကိုဖော်ပြပါရစေ။ အခု article မှာတော့ ဒီဇင်ဘာလ အတွက်ဆော့လို့ကောင်းတဲ့ ဂိမ်း တွေကို highlight လုပ်ပေးသွားမှာဖြစ်ပါတယ်။

 

Bid Wars

Price : Free

Platform : Android/IOS

Bid လုပ်တဲ့ လောင်းကစား (သို့) စီးပွားရေး ကိုအသုံးချပြီးအမြတ်ရရှိအောင်ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ Bid လုပ်တယ်ဆိုတာကတော့ လိုချင်ရာပစ္စည်းတစ်ခုခုကို ဝယ်ယူရမှာဖြစ်ပါတယ်။ ဝယ်တဲ့အခါမှာ အလွယ်တကူဝယ်နိုင်မှာမဟုတ်ပဲ ပြိုင်ဘက် Bidder တွေကလည်း အဲ့ဒီပစ္စည်းကိုလိုက်ဝယ်မှာဖြစ်ပါတယ်။ အဲ့ဒီပစ္စည်းတစ်ခုအတွက် မိတ်ဆွေနဲ့ ပြိုင်ဘက်က ငွေကြေးကို အပြိုင်အဆိုင်ပေးပြီစိန်ခေါ်ရမှာပါ။ ငွေကြေးအများဆုံးပေးနိုင်တဲ့ Bidder ကသာ အဲ့ပစ္စည်းကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတာက မိတ်ဆွေဝယ်ယူလိုက်တဲ့ပစ္စည်းက ပေးလိုက်တဲ့ ငွေထက်တန်ဖိုးပိုမြင့်နေရမှာပဲဖြစ်ပါတယ်။

 

 

Carcassonne Tiles 7 Tactics

Price : Android= 2,713

Platform : Android

ကိုယ်တိုင်စိတ်တိုင်းကျမြေပုံကြီး ကိုတည်ဆောက်ပြီးဆော့ကစားရမှာဖြစ်ပါတယ်။ Multiplayer ဆော့ကစားနိုင်ပြီး Strategy ဆန်ဆန်ဆော့ကစားရမယ့်ဂိမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။

 

 

Real Kung Fu Ninja Fighter

Price : Free

Platform : Android

Kung Fu ပညာကို တတ်ကျွမ်းထားတဲ့ Ninja တစ်ယောက်နေရာကဆော့ကစားရမှာဖြစ်ပါတယ်။ Stage တွေနဲ့ ကစားသွားရမှာဖြစ်ပြီး Stage တစ်ခုမှာရန်သူတွေက အုပ်လိုက်ကြီးဖြစ်နေမှာပါ။ Kung Fu ပညာရဲ့သဘောတရားအတိုင်း ချီ(အတွင်းအား) ကိုအသုံးပြုပြီး Spell တွေကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

 

Pocket Legends Adventure

Price : Free

Platform : Android/IOS

တိရစ္ဆာန်တွေနေရာကဆော့ကစားရမှာဖြစ်ပြီး epic combat တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Roleplaying ပုံစံမျိုးဆော့ကစားသွားရမှာဖြစ်ပြီး လမ်းတလျှောက်ကရန်သူစစ်သည်တော်တွေကို သတ်ဖြတ်သွားရမှာဖြစ်ပါတယ်။ စစ်သည်တော်တွေအပြင် Boss ရန်သူအကြီးစားတွေနဲ့လည်း ဖိုက်ရဉီးမှာဖြစ်ပါတယ်။

 

 

Sniper Strike

Price : Free

Platform : Android/IOS

မှောင်ခိုဒုစရိုက်သားတွေရဲ့နယ်မြေသွားပြီး အပြစ်မဲ့တဲ့ လူတွေကိုကယ်တင်ရမှာဖြစ်ပါတယ်။ ရန်သူတွေရဲ့နယ်မြေကိုအဖွဲ့လိုက်သွားရောက်ပြီး သေနတ်မျိုးစုံနဲ့သွားရောက်ပစ်သတ်ရမှာဖြစ်ပါတယ်။ FPS shooter ဂိမ်းလည်းဖြစ်ပါတယ်။

 

 

Saiyan Dragon Goku Fighter z

Price : Free

Platform : Android

Saiyan တွေရဲ့တိုက်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ မိတ်ဆွေလည်း Saiyan တစ်ယောက်ဖြစ်နေပြီး ပြိုင်ဘက် Saiyan ကို Strategy အသုံးပြုပြီးတိုက်ခိုက်ရမှာဖြစ်ပါတယ်။ Character ပေါင်း ၆၀ ကျော်ပါဝင်ပါတယ်။

 

 

Jump Drive

Price : Free

Platform : Android

အာကာသကြီးထဲမှာရှိတဲ့ Spaceship တစ်ခုနေရာကဆော့ကစားရမှာဖြစ်ပါတယ်။ အာကာသမှာ ရှိနေတဲ့အရာဝတ္ထုတွေ၊ ထောင်ချောက်တွေနဲ့ မိမိရဲ့ Spaceship ကြီးကိုမတိုက်မိအောင်ရှောင်ပြီးဆော့ကစားရမှာဖြစ်ပါတယ်။

 

Captain Tsubasa : Dream Team

Price : Free

Platform : Android/IOS

ကြိုက်နှစ်သက်ရာဘောလုံးသမားတွေကိုရွေးချယ်နိုင်ပြီး မိမိရဲ့ အိပ်မက်ထဲက အသင်းကြီးကိုတည်ထောင်နိုင်မှာဖြစ်ပါတယ်။ ဘောလုံးသမားတစ်ယောက်ချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေရှိသလို Special Ability တွေလည်းရှိနေတာကိုတွေ့ရမှာပါ။

 

 

The Sims mobile

Price : Free

Platform : Android/IOS

Electronic Art ကိုတွေ့မြင်ရမယ့်ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ Sims ကိုမတူညီတဲ့ Personality တွေဖြစ်အောင်ဖန်တီးပြီး နေရမယ့်အိမ်ကိုလည်းကိုယ်ပိုင် စိတ်ကူးနဲ့အလှဆင်ဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။

 

 

 

 

Source : Filipinotechauthority

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password