ယခုတစ်ပတ်အတွင်း ဆော့သင့်သောဂိမ်းများ!

ဆော့သင့်တဲ့ဂိမ်းတွေရော၊ ကောင်းတဲ့ဂိမ်းလေးတွေရော က အများကြီးရှိပါတယ်။ အဲ့ဒီဂိမ်းတွေအများကြီးထဲကမှ မိတ်ဆွေဆော့ရတာအဆင်ပြေလောက်မယ့် ဂိမ်း ၅ ခု ကို ဒီ article မှာ Highlight လုပ်ပေးသွားမှာဖြစ်ပါတယ်။

Naruto X Boruto Ninja Voltage

ထွက်ရှိတာမကြာသေးတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Anime Series တစ်ခုဖြစ်တဲ့ Naruto ထဲက Character တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Sasuke ကိုသွားခေါ်ရမယ့်အပိုင်းကစတင်ဆော့ကစားရမှာဖြစ်ပါတယ်။ Free To Play ဖြစ်ပြီး Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။

 

 

Pukk

ဉီးခေါင်းပုံဘောလုံးနေရာကဆော့ကစားရမှာဖြစ်ပါတယ်။ နှင်းတောထဲမှာကစားရမှာဖြစ်ပြီးလမ်းတစ်လျှောက်က ရတနာတွေကိုယူဆောင်သွားရမှာဖြစ်ပါတယ်။ အဓိကတာဝန်ကတော့အနောက်က လိုက်နေတဲ့ဝက်ဝံကြီးလက်ထဲမကျရောက်သွားဖို့ပဲဖြစ်ပါတယ်။ Free To Play ပါ။ IOS Platform တစ်မျိုးတည်းမှာသာကစားနိုင်မှာဖြစ်ပါတယ်။

 

 

Dragon Raja

နဂါးကြီးတွေ ဘီလူးကြီးတွေ နဲ့ထိပ်တိုက်ရင်ဆိုင်ရမယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်။ မိတ်ဆွေရဲ့အဓိကတာဝန်က မိမိရဲ့ နယ်မြေကိုသားရိုင်းကောင် တွေရန်မပြုနိုင်အောင်ကာကွယ်ရမှာဖြစ်ပါတယ်။ Action နဲ့ RPG ပေါင်းစပ်ထားတဲ့အပြင် PvP (Player Vs Player) Mode လည်းကစားနိုင်မှာဖြစ်ပါတယ်။ Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။

 

 

Warbot.io

စက်ရုပ်တွေရဲ့တိုက်ပွဲကိုတွေ့မြင်ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ Multiplayer ဆော့ကစားနိုင်တဲ့ဂိမ်းလေးတစ်ခုဖြစ်ပြီး Battle တစ်ခုမှာ Player အယောက် ၁၀၀ အထိပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းဟာအရင်က Browsers နဲ့ Facebook မှာသာဆော့ကစားနိုင်ပြီး အခုတော့ Mobile Platform မှာဆော့ကစားနိုင်ပြီဖြစ်ပါတယ်။ Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။

 

 

Sonic Forces : Speed Battle

Sega Europe ဖန်တီးထားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Sonic ထဲက Character တွေကိုမြင်တွေ့ရမှာဖြစ်ပြီး လမ်းတစ်လျှောက်ကအတားအဆီးတွေကိုရှောင်၊ Power Up ကိုအသုံးပြုပြီး ဆော့ကစားရမှာကြောင့်ရိုးရှင်းတာကိုတွေ့ရမှာပါ။ Online battle-racing mode ပါဝင်တာကြောင့် Global က Player တွေနဲ့ပါဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။ Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။

 

 

 

 

Source : 2P

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password