ယခု အပတ်အတွက်အကောင်းဆုံး Android နဲ့ IOS ဂိမ်းများ!

ဒီ article မှာတော့ ယခုအပတ်အတွက်အကောင်းဆုံး ဂိမ်းတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ဂိမ်းတွေရဲ့ အမည်၊ စျေးနှုန်း နဲ့ ဆော့နိုင်တဲ့ Platform၊ စတာတွေကို အတိအကျဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။

 

Anthill

ပုရွက်ဆိတ်တွေရဲ့ ဘဝကိုတွေ့မြင်ရမဲ့ ဂိမ်းလေးဖြစ်ပါတယ်။ မိမိရဲ့တောင်ကုန်းလေးကိုအခြားရန်သူပိုးကောင်တွေမတိုက်ခိုက်နိုင်အောင်ကာကွယ်ရမှာပဲဖြစ်ပါတယ်။ IOS Platform တစ်မျိုးတည်းမှာသာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Dollar 0.99 ဖြင့် App Store ပေါ်မှရယူနိုင်မှာဖြစ်ပါတယ်။

 

 

Castles of Mad King Ludwig

Board Game ကို Digital ပုံစံနဲ့တွေ့မြင်ရမဲ့ဂိမ်းလေးဖြစ်ပါတယ်။ ကိုယ်ပိုင် ရဲတိုက်ကြီးတွေတည်ဆောက်ပြီး Game Mode အမျိုးအစားတွေရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်။ IOS Platform တစ်မျိုးတည်းမှာသာကစားနိုင်မှာဖြစ်ပါတယ်။ Dollar 0.99 ဖြင့် App Store ပေါ်မှာရယူနိုင်မှာဖြစ်ပါတယ်။

 

 

Downwell

အမှောင်မည်းဆုံးနဲ့ အနက်နဲဆုံးနေရာတွေကိုဖြတ်သန်းပြီးရတနာတွေကို စုဆောင်းရမဲ့ ဂိမ်းလေးဖြစ်ပါတယ်။ အဲ့ဒီအမှောင်ထုတွေကြားထဲမှာ ထူးခြားတဲ့ အကောင်ကြီးတွေ၊ သရဲ တွေပါရှိနေမှာဖြစ်ပြီး Gunboots ကပဲမိတ်ဆွေကိုကာကွယ်သွားမှာဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Dollar 0.99 (သို့) ပိုပြီးသက်သာတဲ့စျေးနဲ့ ဝယ်ယူဆော့ကစားနိုင်မှာဖြစ်ပါတယ်။

 

 

Dreii

Puzzle ဂိမ်းလေးတစ်ခုဖြစ်ပြီး Tower ကြီးတွေဆောက်တာကို Mission တွေအဖြစ်လုပ်ဆောင်ရမဲ့ ဂိမ်းလေးဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Dollar 2.99 ဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

 

Exiles

Action နဲ့ RPG နှစ်မျိုးပေါင်းစပ်ထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ ထူးဆန်းတဲ့ သတ္တဝါကြီးတွေကို သတ်ဖြတ်ရပြီး မတူညီတဲ့ Mission တွေကိုလုပ်ဆောင်ရမဲ့ ဂိမ်းလေးဖြစ်ပါတယ်။ Android Platform တစ်မျိုးတည်းမှာသာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ 9,475Ks  ဖြင့် Play Store မှရယူနိုင်မှာဖြစ်ပါတယ်။

 

 

Hitman Sniper

Action ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Mission 150 ကျော်ကိုဆော့ကစားရင်းနဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားရမှာဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ App Store ပေါ်ကနေ Dollar 0.99 ဖြင့်ရယူနိုင်မှာဖြစ်ပြီး Play Store ပေါ်ကတော့ 1,412Ks ဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

 

Linia

အရောင်တွေစုံစုံလင်လင်တွေ့ရမဲ့ Puzzle ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ Level 80 ကျော်ကိုဆော့ကစားရမှာဖြစ်ပါတယ်။ Android Platform တစ်မျိုးတည်းမှာသာကစားနိုင်မှာဖြစ်ပါတယ်။ 3,145Ks ဖြင့် Play Store ပေါ်မှဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

 

Magazine Mogul

ကိုယ်ပိုင် Magazine တိုက်ကြီးတည်ထောင်နိုင်မဲ့ ဂိမ်းလေးဖြစ်ပါတယ်။ မှန်ကန်တဲ့ ဝန်ထမ်းကောင်းတွေနဲ့ အလုပ် တွဲလုပ်နိုင်တဲ့ဂိမ်းလဲဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ App Store ပေါ်မှ Dollar 2.99 ဖြင့်ရယူနိုင်မှာဖြစ်ပြီး Play Store ပေါ်မှ 7,166 Ks ဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

 

The Magician’s handbook : Cursed Valley

မိမိလက်ထဲရောက် လာတဲ့ Magicians handbook လေးကို အသုံးပြုပြီးပျောက်ကွယ်နေတဲ့ အရာအဝတ္တုတွေကိုလိုက်လံရှာဖွေရမဲ့ Adventure ဂိမ်းလေးဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Free To Play ပါ။

 

 

Motorsport Manager Mobile

Racing ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ကိုယ်ပိုင်ပြိုင်ကားအသင်းထောင်ပြီး ကားမောင်းသူတွေကိုငှား၊ ကားတွေကိုစိတ်ကြိုက်ပြုပြင်စတဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုလုပ်ဆောင်ရမဲ့ဂိမ်းလေးဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Free To Play ပါ။

 

 

Motorsport Manager Mobile 2

Motorsport Manager Mobile နဲ့ပုံစံဆင်တူပြီး Graphics ပိုင်း၊ ကားအင်ဂျင်ပိုင်း စတာတွေကိုသေချာ update လုပ်ပြီးဖန်တီးထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ App Store ပေါ်မှာ Dollar 1.99 ဖြင့်ရယူနိုင်မှာဖြစ်ပြီး Play Store ပေါ်မှာတော့ 7,131 Ks ဖြင့်ရယူနိုင်မှာဖြစ်ပါတယ်။

 

 

Pocket Stables

မြင်းပြိုင်ရမဲ့ ဂိမ်လေးဖြစ်ပါတယ်။ မိမိရဲ့ မြင်းကိုပိုမို လျင်မြန်အောင်လေ့ကျင့်ပေးပြီးပြိုင်ပွဲမှာအနိုင်ရရှိအောင်လုပ်ဆောင်ရမဲ့ဂိမ်းလည်းဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ App Store ပေါ်မှ Dollar 0.99 ဖြင့်ရယူနိုင်မှာဖြစ်ပြီး Play Store ပေါ်မှာတော့ 7,166Ks ဖြင့်ရယူနိုင်မှာဖြစ်ပါတယ်။

 

 

Returner 77

ဖြေရှင်းရခက်တဲ့ Puzzle ဂိမ်းလေးတစ်ခုဖြစ်ပြီး ရှင်သန်ကျန်ရစ်သူ ၇၇ ယောက်ထဲက တစ်ယောက်အနေနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ IOS Platform တစ်မျိုးတည်းမှာသာဆော့ကစားနိုင်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ Dollar 3.99 ဖြင့် App Store ပေါ်မှရယူနိုင်မှာဖြစ်ပါတယ်။

 

 

Space Plan

Stephen Hawking’s ‘A Brief History of Time’ ကိုနားလည်မှုလွဲရာမှ စတင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Play Store ပေါ်ကနေ 4,053Ks နဲ့ရယူနိုင်မှာဖြစ်ပြီး App Store ပေါ်မှာ Dollar 2.99 ဖြင့်ရယူနိုင်မှာဖြစ်ပါတယ်။

 

 

Solitairica

မတူညီတဲ့သတ္တဝါကြီးတွေကိုတိုက်ခိုက်ရမှာဖြစ်ပြီး မှော်ဆန်ဆန် Spell များစွာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ Card ဂိမ်းအမျိုးအစားလည်းဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ App Store ပေါ်မှ Dollar 1.99 ဖြင့်ရယူနိုင်ပြီး Play Store ကနေတော့ Free Download ဆွဲနိုင်မှာဖြစ်ပါတယ်။

 

 

To The Moon

RPG ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ သိပွံပညာရှင်နှစ်ယောက် အနောက်ကိုလိုက်ပြီး မသေခင်မှာကြားခဲ့တဲ့ လူကြီးတစ်ယောက်ရဲ့နောက်ဆုံး ဆန္ဒကိုဖြည်းဆည်းပေးရမဲ့ဂိမ်းလေးဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Play Store ပေါ်မှ 3,996 Ks ဖြင့်ရယူနိုင်မှာဖြစ်ပြီး App Store ပေါ်မှ Dollar 2.99 ဖြင့်ရယူနိုင်မှာဖြစ်ပါတယ်။

 

 

Venture Town

အိမ်တွေဆောက်၊ စတိုးတွေဆောက်၊ မြင်းတွေဝယ်၊ ကားတွေဝယ်၊ အိမ်မွေးတိရစ္ဆာတွေ မွေးမြူ စတာတွေအစုံလုပ်နိုင်တဲ့ မြို့လေးတည်ထောင်ရမဲ့ဂိမ်းလေးဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ App Store ပေါ်မှာကနေ Dollar 2.99 ဖြင့်ရယူနိုင်မှာဖြစ်ပြီး Play Store ကနေတော့ 7,166Ks နဲ့ Download ရယူနိုင်မှာဖြစ်ပါတယ်။

ဒါတွေကတော့ ဒီတစ်ပတ်အတွင်းမှာ On Fire ဖြစ်နေတဲ့ဂိမ်း ၁၇ ခုပဲဖြစ်ပါတယ်။ ဒီဂိမ်းတစ်ခုချင်းစီကိုအသေးစိတ် Review ရေးဖို့အစီအစဉ်ရှိပါတယ်။ အကယ်၍မိတ်ဆွေက Review တွေဖတ်ပြီးမှဆော့ချင်တယ်ဆိုရင်တော့ Playon ကိုမကြာခဏလာလည်ဖို့တိုက်တွန်းပါရစေ။

 

 

Source :  Pocket Gamer

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password