
ယခုအပတ်မှာအကောင်းဆုံး android ဂိမ်းအဖြစ်ရပ်တည်နေတာကတော့ Reigns : Her Majesty အမည်ရှိတဲ့ဂိမ်းလေးဖြစ်ပါတယ်။
Reigns : Her Majesty
Price : (Android=4,054/IOS=$2.99)
Platform : Android/IOS
မင်းဆွေမင်းမျိုးရဲ့ အကြီးအကဲဖြစ်တဲ့ ဘုရင်မ နေရာက ကစားရမှာဖြစ်ပါတယ်။ တိုင်းပြည်ကြီးတိုးတက်အောင်ဆောင်ရွက် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်မှားတာနဲ့ တိုင်းပြည်ကြီးက ဆုတ်ယုတ်မှာဖြစ်သလို မိတ်ဆွေလည်း game over မှာဖြစ်ပါတယ်။
Amazing Katamari Damacy
Price : Free
Platform : Android/IOS
ဘုရင်တစ်ပါးနေရာကဆော့ကစားရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးကိုကယ်တင်ဖို့နဲ့ သူ့ဘုရင်မရဲ့ အချစ်ကိုပြန်လည်ရရှိဖို့ လမ်းတလျှောက်က Cosmic တွေကိုလိုက်လံစုဆောင်းရမှာပဲဖြစ်ပါတယ်။ Amazing 3D Art တွေကိုခံစားရမယ့်ဂိမ်းလေးလဲဖြစ်ပါတယ်။
Big Shot Boxing
Price : Free
Platform : Android/IOS
Big Shot Boxing ဆိုတဲ့အတိုင်း လက်ဝှေ့ပွဲမှာထိုးသတ်ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ 1 vs 1 ထိုးသတ်ရမှာဖြစ်ပြီးအရင်မှောက်တဲ့ကောင်က အရှုံးဖြစ်ပါတယ်။
Streets of Rage
Price : Free
Platform : Android/IOS
SEGA ကထုတ်ထားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Street fight မြင်ကွင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ Character ၃ ယောက်နေရာကကစားနိုင်မှာဖြစ်ပြီး လမ်းတလျှောက်က gypsy တွေနဲ့တိုက်ခိုက်ရမှာဖြစ်ပါတယ်။
Portal Knight
Price : (Android=8,004/IOS=$4.99)
Platform : Android/IOS
First person point of view ကရော Third person point of view ကရောဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Minecraft လိုနေရာအနှံ့အပြားသွားလာနေရမှာဖြစ်ပါတယ်။ ဒါ့အပြင် လမ်းတလျှောက်မှာရှိနေတဲ့ သားရိုင်းကောင် ရန်သူတွေကိုလည်းသတ်ဖြတ်ရမှာဖြစ်ပါတယ်။
The Uncertain
Price : ($14.99)
Platform : Android/IOS
လူသားမျိုးနွယ်အကြောင်းကို သိချင်နေတဲ့ စက်ရုပ်နေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ Story Mode ပုံစံလေးနဲ့ဆော့ကစားသွားရမှာဖြစ်ပြီး မတူညီတဲ့နေရာတွေကိုသွားလာနေရမှာဖြစ်ပါတယ်။ ဒါ့အပြင် Puzzle လေးတွေကိုလည်းဖြေရှင်းရဉီးမှာဖြစ်ပါတယ်။
Captain Tsubasa : Dream Team
Price : Free
Platform : Android/IOS
ကြိုက်နှစ်သက်ရာဘောလုံးသမားတွေကိုရွေးချယ်နိုင်ပြီး မိမိရဲ့ အိပ်မက်ထဲက အသင်းကြီးကိုတည်ထောင်နိုင်မှာဖြစ်ပါတယ်။ ဘောလုံးသမားတစ်ယောက်ချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေရှိသလို Special Ability တွေလည်းရှိနေတာကိုတွေ့ရမှာပါ။
အခုဖော်ပြခဲ့တာတွေကတော့ ဒီတစ်ပတ်မှာ ဆော့ရအဆင်ပြေတဲ့ Brand New ဂိမ်းလေးတွေပဲဖြစ်ပါတယ်။ မိတ်ဆွေနှစ်သက်တဲ့ဂိမ်း တွေ ပါတယ်ဆိုရင်တော့ Download ဆွဲဆော့ကစားနိုင်ပါတယ်။ ကြိုက်တဲ့ဂိမ်းမပါဘူးဆိုရင်လည်း ရိုက်သတ်လို့မကုန်တဲ့ review တွေနဲ့ပြည့်နှက်နေတဲ့ Playon website တစ်ခုလုံးကိုလည်းမွှေနှောက်နိုင်မှာဖြစ်ပါတယ်။ နောက် article တစ်ခုမှာပြန်ဆုံပါ့မယ်။
Source : Droidgamers