Superhero Fan တွေဆော့သင့်တဲ့ Marvel Universe ကဂိမ်း ၅ ခု!

ဒီ Article မှာMarvel Universe ကဂိမ်းတွေကို မိတ်ဆက်ပေးမှာ ဖြစ်တာကြောင့် Marvel Fan တွေပိုပြီးကြိုက်ကြမှာဖြစ်ပါတယ်။ Marvel DC မခွဲခြားတဲ့ Superhero Fan တွေလည်းကြိုက်ကြမှာပါ။

 

Marvel Contest of Champions

Price – Free

Platform – Android/IOS

အမိုက်စား Vs-fighting တွေကိုတွေ့မြင်ရမယ့်ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ Marvel Universe က Hero တွေရော၊ Villain တွေပါ ပါဝင်တာကိုတွေ့ရမှာပါ။ Thor Ragnarok (Thor 3) မှာပါဝင်တဲ့ Thor ရဲ့ပုံစံ၊ Homecoming မှာပါဝင်တဲ့ Spidy ရဲ့ Suit စတာတွေပါတွေ့ရမှာကြောင့် Character Development အပိုင်းကိုသေချာဖန်တီးထားတာကိုတွေ့ရမှာပါ။

Marvel Future Fight

Price –  Free

Platform – Android/IOS

Action နဲ့ RPG ပုံစံနှစ်မျိုးကိုရောစပ်ထားတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ The Avengers, Guardians of the Galaxy, Defenders, X-Men စတဲ့အဖွဲ့အစည်းထဲက Hero တွေအပြင် သူတို့ရဲ့ Villain တွေကိုပါဒီဂိမ်းမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ Hero တိုင်းကို Damage ပိုကြမ်းလာအောင် Upgrade လုပ်နိုင်မှာဖြစ်သလို Hero တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ Suit ပေါင်းများစွာကိုလည်း unlock လုပ်နိုင်မှာဖြစ်ပါတယ်။

The Amazing Spider-man 2

Price – (Android=9,545/IOS=$6.99)

Platform – Android/IOS

New York ရဲ့ Hero ကြီးတစ်ယောက်ဖြစ်တဲ့ Spidy နေရာကဆော့ကစားရမှာဖြစ်ပါတယ်။ ဒုစရိုက်သမားတွေကို လိုက်လံနှိမ်နှင်းပြီး New York ကိုအေးချမ်းအောင်ထားရမှာ မိတ်ဆွေတာဝန်သာဖြစ်ပါတယ်။ Venom, Electro စတဲ့ Villain တွေအပါအဝင် Marvel Universe မှာရှိတဲ့ Villain ကြီး ၆ ယောက်ကိုတိုက်ခိုက်ရမှာဖြစ်ပါတယ်။ အဲ့ဒီ ၆ ယောက်ကတော့ Boss Villain အနေနဲ့တည်ရှိနေမှာဖြစ်ပါတယ်။ Graphics ကိုကြည့်ရုံနဲ့ ဝယ်ယူဆော့ကစားလိုစိတ်ဖြစ်ပေါ်လာမှာပြဖြစ်ပါတယ်။

Guardians of the Galaxy TTG

Price – (Android=6,814/IOS=$4.99)

Platform – Android/IOS

Action နဲ့ Adventure ပေါင်းစပ်ထားတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေက Star-lord နေရာကဆော့ကစားရမှာပါ။ Drax the Destroyer, Gamora, Rocket Raccon, Groot အစရှိတဲ့ မိတ်ဆွေရဲ့အဖွဲ့ဝင် Character တွေနဲ့ပေါင်းပြီး Mission တွေကိုအတူတကွလုပ်ဆောင်ရမှာဖြစ်ပါတယ်။ Mission ကတော့ Galaxy ကြီးကိုတိုက်ခိုက်လာတဲ့ရန်သူတွေကိုနှိမ်နှင်းရမှာဖြစ်ပါတယ်။

Marvel Pinball

Price – (Android=1,352/IOS=$0.99)

Platform – Android/IOS

ဒီဂိမ်းမှာ Pinball လေးကိုပြုတ်မကျအောင်ထိန်းပေးရမှာမိတ်ဆွေရဲ့အဓိက Mission ဖြစ်ပါတယ်။ ဆော့ပုံဆော့နည်းကပြောရရင် Pinball Arcade ဂိမ်းနဲ့ တော်တော်ဆင်ပါတယ်။ ဆင်ပေမယ့် မတူညီတာတွေရှိပါတယ်။ အဲ့ဒါကတော့ဒီဂိမ်းက Marvel Pinball ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေ Pinball ကိုထိန်းရမယ့် Background မှာတော့ Marvel ပုံတွေပြည့်နက်နေမှာဖြစ်ပါတယ်။ Spider-man, Wolverine, Iron Man, Blade, Ghost Rider, Moon Knight, Thor, X-men, Fantastic Four, Captain America, World War Hulk, The Infinity Gauntlet, Fear Itself, Civil War အစရှိတဲ့ Comic တွေထဲက Character တွေက Background မှာပြည့်နက်နေမှာဖြစ်ပါတယ်။

 

 

Source : Android Authority

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password