ArticleFeatures

ပိတ်ရက်မှာသာသာယာယာဆော့ကစားနိုင်မယ့် FPS ဂိမ်းကောင်းလေးများ

ပိတ်ရက်မှာ ဘယ်မှသွားပဲ အိမ်မှာပဲ နှက်နေမယ်လို့ စဉ်းစားထားတဲ့ ဘဒိုတွေ အခု ဒီဆောင်းပါးထဲရောက်ရှိနေပြီဆိုရင် တစ်ယောက်တည်းမပျင်းရတော့ဘူးလို့မှတ်လိုက်ပါတော့။ ဘာလို့လဲဆိုတာ့ ဒီဆောင်းပါးမှာ အချိန်မရွေး mobile မှာဆော့ကစားနိုင်ပြီး ဆော့ရတာအဆင်ပြေတဲ့ First person shooters (FPS) ဂိမ်းလေးတွေဖော်ပြပေးသွားမှာမလို့ပါ။ FPs ဂိမ်း ၅ ခုကိုရွေးချယ်ထားပြီး download link နဲ့တကွဖော်ပြပေးထားပါတယ်။ အားလုံးက Free to play တွေပါခင်ဗျာ။

Dead Effect 2

Download link – Android

Dead Effect 2 ကတော့ zombie လိုကောင်တွေနဲ့ တိုက်ခိုက်ရမှာဖြစ်ပြီး သွေးထွက်သံယိုတွေပါဝင်နေမှာဖြစ်တာပြီး Horror ဆန်တဲ့ FPS ဂိမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ စိတ်ကြိုက် character ရွေးချယ်၊ လက်နက်တွေကို upgrade မြှင့်နိုင်ပြီး နာရီ ၂၀ ကျော်ဆော့ကစားနိုင်မယ့် mission တွေပါဝင်မှာပဲဖြစ်ပါတယ်။ ဂိမ်း trailer ကိုတော့ အောက်မှာရှိုးလိုက်ပါဉီး။

Guns of Boom

Download link – Android/ iOS

Guns of Boom ကတော့  တော်တော်များများသိကြတဲ့ Multiplayer online FPs ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ Gameplay ကအနီးကပ်ဆုံးပြောရရင် CSGO လိုပါပဲ။ ရဲဘက်နဲ့ သူခိုးဘက်ဆိုပြီးနှစ်ဖွဲ့ကွဲနေမှာဖြစ်ပြီး သတ်မှတ်ချိန်အတွင်းမှာ အကောင်ရေများများသတ်နိုင်ပြီး အမှတ်များများပိုရရှိတဲ့ ဘက်ကအနိုင်ရရှိတဲ့ပုံစံမျိုးပါ။ ဆော့တာကြာပြီး နိုင်တာများမှ rank တက်တဲ့ပုံစံမျိုးဖြစ်တာကြောင့် စကစားမယ့် beginner လေးတွေအတွက်ကတော့ အရမ်းကြီးခက်ခဲမှုမရှိပဲ ပေါ့ပေါ့ပါးပါးလေးပါပဲ။

Critical Ops

Download link – Android, iOS

Critical Ops ကလည်း 3D Online Multiplayer Fps ဂိမ်းတစ်ခုဖြစ်ပါတယ်။ Gameplay ပုံစံက အပေါ်မှာဖော်ပြခဲ့တဲ့ guns of boom နဲ့ဆင်နေတဲ့အတွက်အများကြီးမပြောတော့ပါဘူး။ 3D graphics ဖြစ်တာကြောင့် In-game မှာ မတူညီတဲ့အရသာတစ်ခုကို ခံစားရမှာတော့အမှန်ပါပဲ။

 

Into the Dead 2

Download link – Android/ iOS

Into the Dead 2 ကတော့တကယ်ကို ရေမရောတဲ့ Horror FPS ဂိမ်းစစ်စစ်ပါ။ Zombie တွေပြည့်နက်နေတဲ့ မြို့ကြီးကနေလွတ်အောင်ပြေးရမယ့် ပုံစံမျိုးဆော့ကစားရမှာဖြစ်ပါတယ်။ Zombie တွေကိုလိုက်ရှင်းတာမျိုးမဟုတ်ပဲ Zombie တွေဆီကပြေးရတာမို့ တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ ဆော့ရင်းနဲ့ အသားတွေဆတ်ဆတ်တုန်လာတယ်ဆိုတာဒီလိုဂိမ်းမျိုးကိုပြောတာပါ။ 😂)

 

PUBG Mobile

Download link – Android/ iOS

PUBG ဆိုတာကတော့ လက်ရှိမှာအောင်မြင်နေဆဲဖြစ်တဲ့ Battle Royale FPS ဂိမ်းဖြစ်တာကြောင့် ကျွန်တော်ပြောတာထက်တောင် မိတ်ဆွေတို့ပိုသိနေပြီးသားဖြစ်မှာပါ။ သူလည်း FPS အမျိုးအစားထဲမှာပါဝင်နေတာမို့ ပိတ်ရက်မှာ Chill ဖို့ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်နော်။ ပိတ်ရက်မှာ Chicken dinner စားကြပေါ့ဗျာ 🤣)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password