Android နဲ့ IOS အတွက် Racing ဂိမ်းအလန်းစားလေးများ!

Mobile platform မှာဆော့ရတာအဆင်ပြေတဲ့ Racing ဂိမ်းလေးတွေအများအပြားရှိတာ မိတ်ဆွေသိပြီးလောက်မှာပါ။ ဒီ Article မှာတော့ မိတ်ဆွေဆော့ရတာအဆင်ပြေပြီး Racing Art ကိုကောင်းကောင်းကြီးခံစားနိုင်မယ့် ဂိမ်း ၁၀ မျိုးကို Highlight လုပ်ပေးသွားမှာဖြစ်ပါတယ်။

 

Final Freeway 2R

Price – (Android=1,216/ IOS=$0.99)

Platform – Android/IOS

 

Old school arcade ဂိမ်းပုံစံဖြစ်ပြီး Stage 14 ခုကိုဆော့ကစားရမှာဖြစ်ပါတယ်။ Jess, Rico နဲ့ Kate ဆိုပြီး Character 3 ယောက်နေရာကဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Beginner, Normal, Expert ဆိုပြီးရွေးချယ်စရာ Option 3 ခုရှိနေတာကိုလည်းတွေ့ရမှာပါ။ Pop-rock သံစဉ်တွေကလည်း In-game ထဲမှာပါဝင်တာကြောင့် ခံစားမှုကောင်းကောင်းနဲ့ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

 

Sonic & Sega All-Stars Racing

Price – (Android=5,448/ IOS=$3.99)

Platform – Android/IOS

 

ယေဘုယျအားဖြင့် Sonic Racing ဂိမ်းတွေတော်တော်များများက ကိုယ့်ခြေထောက်ကိုယ်အသုံးပြုပြီး ပြိုင်ပွဲဝင်ကြတာပါ။ ဒီ Sonic & Sega All-Stars Racing ဂိမ်းမှာတော့ Sonic ထဲက Character တွေVehicle တစ်မျိုးမျိုးနဲ့ ပြိုင်ပွဲဝင်နေတာကိုတွေ့ရှိရမှာဖြစ်တာကြောင့် အမြင်ဆန်းနေမယ့်ဂိမ်းလေးတစ်ခုဖြစ်နေမှာပါ။ Character ၁၆ ယောက်ပါဝင်နေပြီး မိတ်ဆွေနှစ်သက်ရာ Character နဲ့ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Car, Monster truck, Bike, Plane စတဲ့ Vehicle မျိုးစုံကို စီးနှင်းပြီးဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။

 

Maximum Car

Price – Free

Platform – Android/IOS

 

Maximum ဆိုတဲ့အတိုင်း မိတ်ဆွေရဲ့ ကားရဲ့အရှိန်ကို အမြဲ Maximum ထားပြီးဆော့ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာရှိနေတဲ့ ပြိုင်ဘက် racing ကားတွေကို ကျော်တက် (သို့) ပြိုလဲအောင်ပြုလုပ်ပြီး ပန်းတိုင် ရောက်အောင်ကြိုးစားရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ကားမှာ HP ရှိနေမှာဖြစ်ပြီး သွားရာလမ်းတစ်လျှောက်က ပစ္စည်းတွေနဲ့တိုက်မိရင် HP လျော့သွားမှာဖြစ်ပါတယ်။ ကားအချင်းချင်းတိုက်မိရင်တော့ RIP ပါပဲ။

 

Gear.Club

Price – Free

Platform – Android/IOS

 

ကား Desgin တွေကိုကိုယ်တိုင်ပြင်ဆင်၊ ကားအစိတ်အပိုင်းတွေဖြစ်တဲ့ Engine, Wheels စတာတွေကိုလည်း ကိုယ်တိုင်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ကားစက်ရုံ လည်းတည်ထောင်နိုင်ဉီးမှာဖြစ်တာကြောင့် လက်တွေ့ဆန်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ ကိုယ်တိုင်အားလုံးပြင်ဆင်ပြီးလို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကားပြိုင်ပွဲမှာဝင်ပြိုင်နိုင်မှာဖြစ်ပါတယ်။ Graphics နဲ့ Sound System တို့ရဲ့ပံ့ပိုးမှုတွေကြောင့် အပြင်မှာတကယ်ကားပြိုင်နေသလို ခံစားမှုပေးမှာလည်းဖြစ်ပါတယ်။

 

Ridge Racer Slipstream

Price – Free

Platform – Android/IOS

 

Global က Player ၈ ယောက်နဲ့အတူ ပြိုင်ဆိုင်နိုင်မယ့် Multiplayer ဂိမ်းလေးဖြစ်ပါတယ်။ Customize လုပ်ပေးထားတဲ့ ကားအစိတ်အပိုင်းများစွာက Design စုံစုံလင်လင် ရှိတာကြောင့် မိတ်ဆွေရဲ့ အိပ်မက်ထဲက ကားအတိုင်းဖြစ်အောင် ဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။ Multiplayer မဆော့ပဲတစ်ယောက်တည်းဆော့မယ်ဆိုရင်တော့ ပြိုင်ပွဲပေါင်း ၁၀၀ ကျော်ကိုဖြတ်သန်းပြီးဆော့ကစားရမှာဖြစ်ပါတယ်။

 

Need for Speed No Limits

Price – Free

Platform – Android/IOS

 

Need for Speed ဆိုတာကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းကတည်းက အမိုက်စားအဖြစ်ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ No Limits ဆိုတဲ့အတိုင်းအကြောက်တရားကိုအနောက်ထားပြီး Speed ကိုအမြင့်ဆုံးတင် ပြီးပြိုင်ဆိုင်ရမှာဖြစ်ပါတယ်။ Mission တွေများစွာဆော့ကစားရမှာဖြစ်ပြီး Mission တစ်ခုနဲ့ တစ်ခုကဆင်တူကြီးတွေဖြစ်နေမှာမဟုတ်တာကြောင့် မပျင်းပဲဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Mobile Platform ဆိုပေမယ့် Graphics ပိုင်းကတခြား Platform တွေနဲ့ အရမ်းကြီးကွာဟနေမှာမဟုတ်တာကိုတွေ့ရမှာပါ။

 

Rush Rally 2

Price – (Android=1,803/IOS=$0.99)

Platform -Android/IOS

 

Facebook (သို့) Googleplay တစ်ခုခုနဲ့ချိတ်ဆက်ပြီး Multiplayer ဆော့နိုင်တဲ့ Racing ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ Multiplayer မှာ Player 6 ယောက်နဲ့အတူတကွကစားနိုင်မှာဖြစ်ပါတယ်။ နှင်းတော၊ တောင်တန်းဒေသ၊ မိုးရွာတဲ့အချိန်၊ ညဘက် စတဲ့မတူညီတဲ့ နေရာဒေသ/အချိန် မှာကစားရမှာဖြစ်တာကြောင့် မတူညီတဲ့ခံစားမှုမျိုးရရှိစေမှာတော့အမှန်ဖြစ်ပါတယ်။ ဒါ့အပြင်မတူညီတဲ့ တိုင်းပြည် ၈ ခုကိုလည်းတွေ့မြင်ရဉီးမှာဖြစ်ပါတယ်။ Stage 70 ကျော်ကိုဖြတ်ပြီးဆော့ကစားသွားရမှာဖြစ်ပါတယ်။

 

Slingshot Racing

Price – (Android=1,352/IOS=$0.99)

Platform – Android/IOS

 

ကြိုးတစ်ခုကိုအသုံးချပြီးပြိုင်ပွဲဝင်ရမှာပဲဖြစ်ပါတယ်။ ပြိုင်ရာလမ်းတစ်လျှောက်ရဲ့ဘေးတွေမှာ မိတ်ဆွေရဲ့ကြိုးချိတ်ဆက်နိုင်တဲ့ ကိရိယာတွေရှိနေမှာပါ။ မိတ်ဆွေကအဲ့ဒီကြိုးကို ဘေးကွေ့တဲ့နေရာပဲဖြစ်ဖြစ်၊ အရှိန်ထည့်တဲ့နေရာမှာပဲဖြစ်ဖြစ်အသုံးပြုရမှာဖြစ်ပါတယ်။ Mutiplayer ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Device တစ်ခုထဲမှာ ၄ ယောက်အထိကစားနိုင်တာကြောင့် မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ ပျော်ပျော်ပါးပါးကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။

 

Reckless Racing 3

Price – (Android=3,290/IOS=$2.99)

Platform – Android/IOS

 

အကွေ့အကောက်များစွာပါဝင်တဲ့လမ်းတစ်လျှောက်မှာပြိုင်ပွဲဝင်ရမယ့် ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ အကွေ့အကောက်များစွာပါဝင်တာကြောင့် ကားရဲ့ အရှိန်ကိုမဟုတ်ပဲ Drift ကိုသာအားထားရမယ့်ဂိမ်းလည်းဖြစ်ပါတယ်။ အရှိန်များရင် ရှုံးဖို့ရာခိုင်နှုန်းကပိုများနေတာကြောင့် တစ်ခြား racing ဂိမ်းတော်တော်များများနဲ့မတူညီပဲကွဲထွက်နေတာကိုတွေ့ရမှာပါ။

 

Horizon Chase – World Tour

Price – Free
Platform – Android/IOS

3D Animation တွေနဲ့ဖန်တီးထားတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ မိတ်ဆွေရဲ့ အဓိက Mission ကတော့ ပန်းတိုင်ကို နံပါတ် ၁ နေရာနဲ့ဝင်အောင်ကြိုးစားရမှာပဲဖြစ်ပါတယ်။ ကားရဲ့အရှိန်ကိုအမြင့်ဆုံးထားပြီး ပြိုင်ရမှာပဲဖြစ်ပါတယ်။ ပြိုင်ဘက်ကားတွေနဲ့တိုက်မိရင် အရှိန်နှေးသွားမှာကြောင့် မတိုက်မိအောင်သတိထားဆော့ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ မတူညီတဲ့နိုင်ငံပေါင်း ၇၂ နိုင်ငံမှာဆော့ကစားရမှာဖြစ်ပါတယ်။

 

 

 

Source : Droidgamers 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password