Offline ဆော့လို့ရတဲ့ Mobile ဂိမ်းကောင်းလေးများ

အခုနောက်ပိုင်း Mobile ဂိမ်းတွေရဲ့ တစ်ဝက်ကျော်လောက်က Connection တစ်ခုခုရှိမှသာဆော့ကစားနိုင်တာဖြစ်ပါတယ်။ Offline ဂိမ်းဆိုရင်ဆော့လို့မကောင်းဘူးဆိုပြီး အထင်သေးကြတဲ့လူတချို့လည်းရှိပါတယ်။ ဒီ article မှာတော့ Offline ဂိမ်းတွေထဲကဆော့လို့ကောင်းပြီး အဆင်ပြေပြေဆော့ကစားနိုင်တဲ့ Mobile ဂိမ်း ၁၀ ခုကိုဖော်ပြသွားမှာဖြစ်ပါတယ်။

 

BADLAND

Price : (Android=Free/IOS=$0.99)

Platform : Android/IOS

တောနက်ကြီးထဲမှာသွားလာဆော့ကစားနေရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်အလှအပတွေ၊ အသံတွေက ဒီဂိမ်းရဲ့ဆွဲဆောင်ချက်တစ်ခုလို့ပြောလို့ရပါတယ်။ မတူညီတဲ့ Level ၁၀၀ ကျော်ကိုဆော့ကစားရမှာဖြစ်ပါတယ်။

 

 

Battle Slimes

Price : (Android=Free/IOS=$1.99)

Platform : Android/IOS

ရောင်စုံအကောင်လေးတွေအချင်းချင်း ဘောလုံးလေးတွေပစ်ခတ်ပြီး တိုက်ခိုက်မှုမြင်ကွင်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူလည်း Local Multiplayer ဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။

 

 

Crashlands

Price : (Android=9,468/IOS=$6.99)

Platform : Android/IOS

မတူညီတဲ့နေရာဒေသတွေကိုသွားလာနေရာမှာဖြစ်ပြီး မတူညီတဲ့မျိုးစိတ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ မိမိကိုအန္တရာယ်ပေးလာတဲ့ကောင်တွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။

 

 

Crossy Road

Price : Free

Platform : Android/IOS

တိရစ္ဆာန်တွေနေရာကနေ လမ်းဖြတ်ကူးရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ မိတ်ဆွေရဲ့အဓိကတာဝန်ကတော့လမ်းမှာရှိနေတဲ့ Vehicle တွေနဲ့မတိုက်မိဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။

 

 

Geometry War 3

Price : (Android=13,531/IOS=$9.99)

Platform : Android/IOS

ရန်သူတွေကိုချ၊ ပြန်ခုခံ၊ ပစ္စည်းတွေလိုက်စု စတာတွေကတော့ မိတ်ဆွေရဲ့တာဝန်ဖြစ်ပါတယ်။ 2D နဲ့ 3D ပတ်ဝန်းကျင်တွေမှာဆော့ကစားရမှာဖြစ်ပါတယ်။ Level ပေါင်း ၁၀၀ ကျော်ပါဝင်ပါတယ်။ Bluetooth Controller တွေနဲ့ချိတ်ဆော့နိုင်တဲ့ဂိမ်းလေးလဲဖြစ်ပါတယ်။

 

NBA JAM

Price : (Android=8,039/IOS=$4.99)

Platform : Android/IOS

Basketball ကို 2 Vs 2 ဆော့ကစားရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ အပြင်မှာတကယ်ရှိနေတဲ့လူရုပ်တွေနဲ့ဖန်တီးထားတာကြောင့် တော်တော်ခွီရမယ့်ဂိမ်းလေးလဲဖြစ်ပါတယ်။

 

 

Smash Hit

Price : Free

Platform : Android/IOS

ဘောလုံးတွေနဲ့လမ်းတလျှောက်မှာရှိနေတဲ့ ဖန်တွေကိုခွဲရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ စိတ်ရှုပ်တဲ့အချိန်၊ ဒေါသထွက်နေတဲ့အချိန်မှာဆော့သင့်တဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

 

 

Stupid Zombie 2

Price : Free

Platform : Android/IOS

Game Design က Angry Birds ဂိမ်းတွေနဲ့ဆင်တူဖြစ်နေတာကိုတွေ့ရမှာပါ။ အစိမ်းရောင်ဝက်လေးတွေရဲ့နေရာမှာ Zombie တွေကိုပစ်ခတ်ရမှာဖြစ်ပါတယ်။ အဆောက်အဉီးထဲက Zombie တွေကိုတတ်နိုင်သမျှနည်းသွားအောင်ပစ်ခတ်ရမှာက မိတ်ဆွေရဲ့တာဝန်ဖြစ်ပါတယ်။

 

 

Ticket To Ride

Price : (Android=9,468/IOS=$5.99)

Platform : Android/IOS

Card တွေကိုလိုက်စုဆောင်းပြီးတော့ ရထားတွေ၊ ကားတွေကို အသုံးပြုပြီးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ပြုလုပ်ပေးရမှာကမိတ်ဆွေရဲ့တာဝန်သာဖြစ်ပါတယ်။ မိတ်ဆွေမရောက်ဖူးတဲ့နယ်မြေအသစ်တွေကိုတွေ့ရှိရမယ့်ဂိမ်းလေးလည်းဖြစ်ပါတယ်။

 

 

Worms 4

Price : (Android=7,288/IOS=$4.99)

Platform : Android/IOS

Worms တပ်ဖွဲ့နှစ်ဖွဲ့ရဲ့တိုက်ပွဲကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ လက်နက်အစုံရှိနေမှာဖြစ်ပြီး ပြိုင်ဘက် Worms တွေကိုအသေသတ်နိုင်မှသာ အနိုင်ရရှိမှာဖြစ်ပါတယ်။

 

 

 

Source : Phandroid

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password