Reviews

အဖြူအမည်းကမ္ဘာထဲက Bendy in Nightmare run

ဒီဂိမ်းလေးကတော့ Bendy and the ink machine ဆိုတဲ့ Mystery PC Game ရဲ့ spin-off ဂိမ်းပဲဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာတော့ Bendy and the ink machine ထဲက ဇာတ်လိုက်ကျော်တွေပဲဖြစ်တဲ့ Bendy, Boris the Wolf နဲ့ Alice Angel တို့ကိုပြန်တွေ့ရမှာပါ။

Bendy in nightmare run ဆိုတဲ့အတိုင်းပဲ အိပ်မက်ဆိုးထဲက သတ္တဝါကောင်ကြီးတွေ နောက်ကလိုက်နေလို့ပြေးနေရတဲ့ပုံမျိုးဆော့ရမှာဖြစ်ပြီး Temple Run တို့ Subway Surfers တို့လိုပုံစံမျိုးနဲ့ခပ်ဆင်ဆင်ပါပဲ။ လမ်းတစ်လျှောက်မှာ Bendy and the ink machine ထဲက နာမည်ကျော် စွတ်ပြုတ်ဘူးတွေကို လိုက်ကောက်ရမှာဖြစ်ပြီး စွတ်ပြုတ်ဘူးအရေအတွက်အလိုက် Skin တွေ၊ အကောင်အသစ်တွေဝယ်နိုင်ပြီး weapon တွေကို upgrade လုပ်နိုင်ပါတယ်။ weapon တွေနဲ့ Med-kit တွေကိုလည်း လမ်းပေါ်မှာခပ်ကျဲကျဲလေးချထားပေးပြီး weapon တွေကိုကောက်ပြီး အနောက်ကလိုက်လာတဲ့အကောင်တွေကို ပစ်လို့ရမှာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ထူးခြားချက်ကတော့ ဒီဇိုင်းပိုင်းပါပဲ။ တခြားဂိမ်းတွေလို အရောင်အသွေးစုံစုံလင်လင်စိုစိုပြည်ပြည်မဟုတ်ပဲ ရှေးခေတ်အဖြူအမည်း ရုပ်ရှင်ဆန်ဆန်လေးဖြစ်နေတဲ့အပြင်ကိုမှ နောက်ခံတီးလုံးကပါ ဒီဇိုင်းနဲ့လိုက်အောင် ရှေးခေတ်ဆန်ဆန်ဖြစ်နေတာမို့ ခံစားချက်အသစ်လေးကိုခံစားရမှာပါ။ ဒါ့အပြင် Character တွေဖြစ်တဲ့ Bendy တို့ Boris တို့ Alice တို့ကိုလည်း အဖြူအမည်း 3D ပုံစံနဲ့ရေးဆွဲထားတာမို့ သူတို့တွေကလည်းတစ်မျိုး ချစ်စရာကောင်းနေပါသေးတယ်။ ဒါကလည်း သူ့ရဲ့ original ဖြစ်တဲ့ Bendy and the ink machine တုန်းကလို ဖန်တီးထားတာဖြစ်ပါတယ်။ ဒီဇိုင်းကာလာအနေအထားအားလုံးက original ဂိမ်းလိုမျိုးလေးဖြစ်နေတာမို့ original ဂိမ်းရဲ့ lore နဲ့တစ်စိတ်တစ်ပိုင်းများပတ်သတ်နေမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ဒီဂိမ်းလေးကိုတော့ August 15 ရက်နေ့မှာ Andriod နဲ့ iOS တို့အတွက် တရားဝင်ဖြန့်ချီပေးခဲ့ပြီး Google play မှာ rating 4.7 နဲ့ App Store မှာတော့ 4.5 စတဲ့ rating ကောင်းတွေလည်းရရှိခဲ့ပါတယ်။ File size အနေနဲ့ကတော့ 178 MB ရှိပြီး Google play store နဲ့ iOS app store မှာ download ရယူနိုင်ပြီဖြစ်ပါတယ်။ တခြား arcade ဂိမ်းတွေထက်စာရင် file size နည်းနည်းကြီးပေမယ့် ချစ်စရာ character လေးတွေနဲ့ ထူးထူးခြားခြား ဒီဇိုင်းလေးတွေနဲ့မို့ ဆော့ကြည့်လို့ နောင်တရမှာတော့ မဟုတ်ဘူးနော်။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: